တောင်သူပိုင် မြေယာအပေါ် အုတ်တံတိုင်းခတ်မှု သက်ဆိုင်ရာက ညှိနှိုင်းပေးစေလို

ကန္တာရဝတီတိုင်း(မ်)

လွိုင်ကော်မြို့ ၊ မြို့ပြင်နေရာတွင် တပ်မတော်ကနေ ခြံစည်းရိုးများ တည်ဆောက်ရန် လုပ်ဆောင်လာသည့်အပေါ် တောင်သူများက စိုးရိမ်နေသည့်အတွက် သက်ဆိုင်တဲ့ အစိုးရနဲ့ ဌာနဆိုင်ရာတွေကို ညှိနှိုင်းဆောင်ရွက်ပေးစေလိုကြောင်း အမည်မဖော်လိုသူ တောင်သူတစ်ဦးကပြောပါတယ်။

၎င်းက “ရွာသားတွေလဲလိုက်လာပြီးတော့ တားသေးတယ်။ မရဘူး။ လုံခြုံရေးတွေကလည်း အပြည့်ချထားတယ်။ ခဏလေးစောင့်ပါအုံး သက်ဆိုင်ရာထွေအုပ်တို့ကို စောင့်ပါအုံးပြောတာလည်းမရဘူး အုတ်တံတိုင်းချဖို့လုပ်နေတယ်။” ဟု ပြောပါသည်။

၎င်းနေရာကို ၁၉၉၁/၉၂ ခုနှစ်တွင် တပ်မြေအဖြစ်လျာထားခဲ့တာကြောင့် မည်သည့်သီးနှံမှစိုက်ပျိုးခြင်းမရှိခဲ့ပေ။ တပ်ဖက်ကလည်း ၎င်းမြေကို အသုံးပြုခဲ့ခြင်းမရှိတာကြောင့် လှစ်လပ်နေသည့်မြေကို ဒေသခံများကပြန်လည်စွန့်လွတ်ပေးရန် တောင်းဆိုထားသည်။

လွိုင်ကော်မြို့၏ မြောက်ဘက်တွင်ရှိသည့် BE တပ်နှင့် ဆက်သွယ်ရေးတပ်မှ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် လျာထားသည့်မြေယာပေါ်တွင် အလံများလာရောက်စိုက်ထူခဲ့ပြီး ယနေ့နိုဝင်ဘာလ ၂၂ ရက်နေ့တွင် စက်ယန္တယားများဖြင့် ခြံစည်းရိုးများကာရံရန် မြေများကိုလာရောက်တူးဖော်နေကြောင်း ၎င်းကဆိုသည်။

တပ်မတော်ဖက်မှ အခုလို တောင်သူများ၏မြေယာများကို သိမ်းယူထားခြင်းသည် ပြည်သူလူထုများကို နစ်နာစေရန်ပြုလုပ်ခြင်း၊ အဟန့်အတားပြုလုပ်ခြင်း၊ လူမျိုးသုန်းသတ်ဖြတ်မှုလုပ်ရပ်တစ်ခုအနေဖြင့် ဆောင်ရွက်နေသည်ဟု ခံစားနေရကြောင်း ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ကိုတူရယ်က ပြောပါသည်။

“အကောင်အထည်မဖော်တာ ကြာပြီ တပ်ကဘာမှမလုပ်တာကို ပြန်ပေးဖို့တောင်းနေတာကြာပြီ ပြန်မပေးဘူးဖြစ်နေတယ်။ တည်ဆဲဥပဒေတွေကို မလေးစားတာပဲ။ တောင်သူတွေကိုလည်း မလေးစားဘူး။ ပြည်သူပဲနစ်နာတယ်။” ဟု ကိုတူရယ်က ပြောပါသည်။

လက်ရှိတွင် ၎င်းမြေများကို စစ်တပ်မှပြန်လည်စွန့်လွတ်ပေးရန် အတွက် လူ့အခွင့်အရေးကော်မရှင်၊ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရ၊ ပြည်နယ်လွှတ်တော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံစသည်တို့တွင် တိုင်ကြားထားသည်။

၎င်းမြေယာသည် လွိုင်ကော်မြို့နယ် မြေနီကုန်း၊ ထေးပလော်ခူ၊ ကြတ်ခူ၊ ၃ မိုင်လွယ်တမူ၊ ဒေါမူကလားကျေးရွာရှိ ဒေသခံတောင်သူများ၏ ၃၁၆.၂၈ ဧကခန့်ပါရှိသည်ဟု သိရသည်။

Comments

comments

Next Post

လူမှုအကျိုးစီးပွားအနေဖြင့် ကော်ဖီလုပ်ငန်းလာမည့်နှစ် အောင်မြင်လာမည်ဟုဆို

Mon Nov 25 , 2019
ကန္တာရတီတိုင်း(မ်) ကယားပြည်နယ်အတွင်းလူမှုအကျိုးပြုစီးပွား (Social Entrepreneur)အနေနဲ့ လာမည့်နှစ်တွေမှာ ကော်ဖီထုတ်လုပ်တဲ့လုပ်ငန်းအောင်မြင်လာတော့မယ်လို့ ကယားပြည်နယ်ကွန်ပြူတာပညာရှင်အသင်းဥက္ကဌ ဒေါ်ခင်လင်းဦး ပြောပါတယ်။ ဒေါ်ခင်လင်းဦးက “မကြာခင် ၂၁ ရာစုမှာ Born (မွေးဖွား) လာတော့မည့် ဖြစ်လာမည့်အဖွဲ့အစည်းပဲပေါ့နော်။ အဓိကတော့ အခုဖန်တီးထားတဲ့ Genius ကော်ဖီလုပ်ငန်းကိုကြည့်မယ်ဆိုရင် ဒါက Social Entrepreneur ပဲပေ့ါနော်။ အခုနကပြောတဲ့အလုပ်အကိုင် တိုးတက်လာမယ်။ အလုပ်သမားတွေအလုပ်ရမယ်။ Product (ထုတ်ကုန်)တွေ အချိတ်အဆက်တွေ ချိတ်ဆက်မိအောင် သူတို့က ဖန်တီးထားတယ်။” လို့ ပြောပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းမှ Genius ညဏ်ကြီးရှင် ကော်ဖီလုပ်ငန်းကို အခု ကယားပြည်နယ်မှာ တိုးချဲ့ပြီးအလုပ်လုပ်နိုင်ဖို့ ကော်ဖီပင်တွေကို စတင်တိုးချဲ့စိုက်ပျိုးနေပြီဖြစ်တယ်လို့သိရပါတယ်။ ၂၀၁၉ခုနှစ်အတွင်း ကယားပြည်နယ်အတွင်းမှာ ဖရူဆိုမြို့နယ် ဟိုယာ/ဘီယာဒေသမှာ ဧက […]