ဒုက္ခသည်များအရေး
စစ်ဘေးဒဏ်ကြုံတွေ့ခဲ့ရတဲ့ ရှားတောမြို့နယ်ထဲက ဒေသခံတွေရဲ့ ငြိမ်းချမ်းရေးအမြင်
မော်ဦးမြာ
ကယား(ကရင်နီ)ပြည်နယ်ရဲ့ ရှားတောမြို့နယ်ထဲက ကျေးရွာတွေဟာဆိုရင် ယခင် ဖြတ်လေးဖြတ်စစ်ဘေးဒဏ်ခံရလို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာတွေ ကျေးရွာတွေ တော်တော်များများ ပျက်စီးခံခဲ့ရပါတယ်။ တချို့ဒေသခံတွေအများစုက နယ်စပ် ဒုက္ခသည်စခန်းတွေမှာ စစ်ရှောင်ကြသလို ရှားတော့မြို့ပေါ်က စုစည်းရွာမှာလည်း သွားရောက်ပြေးရှောင်နေထိုင်ခဲ့ကြပါတယ်။ အခုချိန်ထိ ကျေးရွာကို မပြန်နိုင်နိုင်ကြသေးပါဘူး။ တချို့အနည်းအကျဉ်းကတော့ တောင်ယာတွေ ပြန်ခုတ်စားတဲ့သူ ရှိပါတယ်။ အရင်ကဆိုရင် ရှာတောမြို့နယ်ထဲမှာ ကျေးရွာပေါင်း ၂၀၀ ကျော်ထိ ရှိခဲ့ပါတယ်။
အခုဆိုရင်တော့...
မြေယာပြဿနာ
တပ်သိမ်းမြေ ပြန်ပေးသင့်တဲ့ သဘောထားမှတ်ချက် ပြည်ထောင်စုအစိုးရထံတင်ပြထား
နော်ဒွေးအယ်ခူ
ကယားပြည်နယ်အစိုးရအဖွဲ့အနေနဲ့ တပ်ကနေတောင်သူတွေကိုသိမ်းထားတဲ့ မြေပြန်ပေးဖို့ကိစ္စ လုပ်ပိုင်ခွင့်မရှိတဲ့အတွက် ပြည်ထောင်စုအစိုးရထံ ပြန်ပေးသင့်တယ်ဆိုတဲ့ သဘောထားမှတ်ချက်ကိုသာပေးနိုင်တယ်လို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုက ပြောပါတယ်။
ဝန်ကြီးချုပ်က “ပြည်ထောင်စုကို ဒီအပေါ်မှာ စီမံပြီးမှ သူတို့ပေးတဲ့ ကဏ္ဍလေးကျန်နေတယ်။ သူတို့စီစစ်နေတယ် စီစစ်ပြီးမှသူတို့ပေးသင့်ပေးထိုက်တယ်ဆိုရင် သူတို့ပြန်ပေးဖို့ လုပ်မှာပေါ့။ ဒါကို ပြည်နယ်ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ လုပ်ပိုင်ခွင့်မှမရှိတာ”လို့ ပြီးခဲ့တဲ့ ၂၀၁၉ ဒီဇင်ဘာလ ၃၁ရက်နေ့က ပြည်နယ်အစိုးရရုံးမှာ ကန္တာရဝတီတိုင်း(မ်)နှင့် သီးသန့်တွေ့ဆုံမေးမြန်းချိန်မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
တောင်သူမြေသိမ်းခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့...
လူ့အခွင့်အရေး
ငြိမ်းချမ်းရေးက အမျိုးသမီးထုနဲ့သက်ဆိုင်ပါသလား
ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အမျိုးသမီးထုတွေက မရှိမဖြစ် ပါဝင်ဖို့ အရေးကြီးတယ်လို့ ယနေ့ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူတွေက ခံယူထားကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မြို့ နဲ့ အလှမ်းဝေးတဲ့ ကယောဒေသဘက်မှာရှိတဲ့ အမျိုးသမီးထုတွေကို ယနေ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းထားတွေကို ဖော်ပြပေးလိုက်ပါတယ်။
မိုဆိုကျေးရွာအုပ်စု ဒေါကူလယ်ရွာနေ ဒေါ်ခူလာဖေါ
“ကျေးလက်တွေဘက်က ကျမတို့အမျိုးသမီးအပိုင်းတွေမှာ ဘယ်လိုပြောရမလဲ ပါဝင်ခွင့်အားနည်းတယ်ပေါ့။ ကျမတို့လိုချင်တဲ့အရာကိုတွေကို သိပ်ပြီး ဦးစားမပေးခံရဘူး။ အဲလိုမျိုးပေါ့။
ကျမတို့ဟန့်တားထားတယ်ဆိုတာက ခွဲခြားတာတစ်ခုနဲ့ဟန့်တားထားတယ်၊နောက်ပီး...
ဆောင်းပါး
“ကျေးလက်နေ အမျိုးသမီးများရဲ့ တိုးတိတ်ရှိုက်သံများ”
စိုးထိုက်အောင်
ဖရူဆိုမြို့နယ်ရဲ့ အနောက်ဘက်ခြမ်း ဒိုမိုဆောကျေးရွာအုပ်စု ခါးဘယ်ကျေးရွာဟာဆိုရင် ဖရူဆိုမြို့ကနေ ၃ နာရီကျော်ကျော်လောက် ကားစီးသွားရပါတယ်။ ဖရူဆိုကနေ ဟိုယာအထိလမ်းကောင်းပြီး ဟိုယာကနေ ခါးဘယ်အထိကတော့ လမ်းကြမ်းပါတယ်။
ခါးဘယ်ကျေးရွာကတော့ တောင်ကြားထဲမှာရှိပြီး အိမ်ခြေ ၈၀ခန့်ရှိပါတယ်။ အားလုံးက ကယောလူမျိုးစုတွေ နေထိုင်ကြတဲ့ ရွာလေးဖြစ်ပါတယ်။ ရွာသူရွာသားများတွေက အဓိက အားဖြင့်တောင်ယာ စပါးစိုက်ပျိုးခြင်းကိုသာ လုပ်ကိုင်ကြပါတယ်။ တပိုင်တနိုင်အနေနဲ့ ကျွဲ ၊ နွား၊ဝက်တွေကို အိမ်တိုင်းနီးပါး မွေးမြူထားကြပါတယ်။
ရွာမှာ...
ဆောင်းပါး
ကူရာမဲ့နေတဲ့ တောင်သူတွေဘဝ
ကန္တာရဝတီတိုင်း(မ်)
ကလေးတွေနဲ့မိခင်တွေ အမျိုးသမီးတွေအများစုလိုက်စီးလာတဲ့ ထော်လဂျီစက်တစ်စီးဟာဆိုရင် ဒီးမော့ဆိုမြို့နယ် တရားရုံးရှေ့ကို ပုံမှန် တစ်ပတ်တစ်ကြိမ်ရောက်ရှိလာစမြဲပါ။ သူတို့တွေဟာဆိုရင် ဒေါဆိုရှေးကျေးရွာကနေ လာကြတဲ့သူတွေဖြစ်ကြပါတယ်။
ထော်လဂျီစက်ပေါ်မှာဆိုလျှင် အမျိုးသမီးတွေနဲ့ကလေးငယ်တွေအပါအဝင် ဟင်းသီးဟင်းရွက်တွေ၊ ဟင်းခြောက်တွေ၊ထမင်းဗူးတွေက ပုလိုင်းတွေ၊ ခြင်းတောင်းတွေနဲ့အပြည့်တွေ့ရမှာဖြစ်ပါတယ်။
တရားရုံးချိန်းရှိတုန်း သူတို့ရဲ့ အမျိုးသားတွေအတွက် ထောင်ထဲမှာစားစရာတွေသယ်သွားနိုင်ဖို့အရောက်လာပို့ ပေးကြတာဖြစ်ပါတယ်။ တချို့အမျိုးသားတွေကတော့ ဆိုင်ကယ်တွေနဲ့ စားစရာတွေသယ်လာပြီးတော့ သူတို့သားတွေကိုလာပို့ဖို့ ရောက်လာကြပါတယ်။
ဒေါဆိုရှေးတောင်သူတစ်ဦးဖြစ်တဲ့ ဦးလီဖဲက “ကျနော့်သားကို ကျနော်လာကြည့်တာ ဘာမှလည်း မကျွေးနိုင်ဘူး၊ မယူလာနိုင်ဘူး။ ဒါပေမဲ့...
လူ့အခွင့်အရေး
တိုင်းရင်းသားဒေသမှာ တောင်သူလယ်သမားတွေရဲ့ အခွင့်အရေးချိုးဖောက်ခံရမှု ပိုမိုဆိုးဝါးလာနေ
ကန္တာရဝတီတိုင်း(မ်)
လက်ရှိပြည်သူ့အစိုးရလက်ထက်မှာ တိုင်းရင်သားတောင်သူတွေရဲ့ အခွင့်အရေးတွေ အချိုးဖောက်ခံနေရမှု ပိုဆိုးဝါးလာနေပြီး ကယားပြည်နယ်အတွင်း ရွာလုံးကျွတ်နီးပါး တောင်သူတွေ တရားစွဲခံရတဲ့ ကိစ္စဟာ လုံးဝမဖြစ်သင့်ဘူးလို့ ချင်းလယ်သမားများကွန်ယက် (Chin Farmers Network) မှ မမိုးမိုးက ပြောပါတယ်။
" ဒီအစိုးရလက်ထဲမှာ တောင်သူတွေရဲ့အခွင့်အရေးက ဘာတိုးတက်မှုမှမရှိဘူး သူတို့အသစ်ပြင်လိုက်တဲ့ဥပဒေ က တောင်သူတွေအတွက်ပိုဆိုးစေတယ်။ နောက်ပြီးကယားပြည်နယ်မှာ တောင်သူတွေအများကြီးကိုတရားစွဲတာက လုံးဝ မဖြစ်သင့်ဘူး"လို့ မမိုးမိုးကပြောပါတယ်။
ကယားပြည်နယ်မှာမြန်မာ့တပ်မတော်မှ ဒီဇင်ဘာလ ၁၃...