spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

“တောင်သူလယ်သမားတွေအတွက် နိုင်ငံတော်အစိုးရအနေနဲ့ အစီအစဉ်ရေးဆွဲချမှတ်ပြီး ဖြေရှင်းသင့်ပြီ။”

Author

Date

Category

ဥပဒေအိမ် ဥပဒေပညာရပ်ဆိုင်ရာအသင်းမှ ဒါရိုက်တာ ကျော်ဝဏ္ဏအောင်

ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်အတွင်း စစ်တပ်က တောင်သူတွေအပေါ်မှာ တရားစွဲဆိုထားတဲ့အပေါ် ဥပဒေအိမ် ဥပဒေပညာရပ်ဆိုင်ရာအသင်းမှ ဒါရိုက်တာ ကျော်ဝဏ္ဏအောင်နှင့် မေးမြန်းချက်များကို ကောက်နုတ်တင်ပြထားပါတယ်။

မေး ။ ။ ကယားပြည်နယ်အတွင်းမှာ လက်ရှိ အစိုးရစစ်တပ်ကနေ တောင်သူတွေအပေါ် တရားစွဲဆိုထားတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ လက်ရှိ မြန်မာ့တပ်မတော် အနေနဲ့ပေါ့ ဒေါဆိုရှေး တောင်သူတွေနဲ့ဒေါမူကလား၊ ၃မိုင်ပကြဲးစံပြကတောင်သူတွေ၊ ဒီမြေနီကုန်းကတောင်သူတွေ တရားဆွဲဆိုချက်အပေါ်မှာကျနော်ရဲ ့ထင်မြင်ယူဆချက်ပေါ့နော်။ ဘာလဲဆိုတော့ နံပတ်တစ်ကတော့ ရွာတွေကတောင်သူတွေ ဘယ်တောင်သူဖြစ်ဖြစ်ပေါ့ သူတို့က အဲ့ဒီမြေမှာလုပ်ကိုင်စားသောက်လာတာ နှစ်ပေါင်း၅၀ကျော်ပြီ။ ဘာကြောင့်လဲဆိုတော့ သူတို့အခုလုပ်စားနေတာသူတို့ရွာဟောင်းတွေပဲ ဖြစ်တယ်။ တိုင်းရင်းသားရိုးရာအရသူတို့က နှစ်ပေါင်း ၅၀ လုပ်ကိုင်စားသောက်လာတဲ့လူတွေပဲ ဖြစ်တယ်။ တစ်ဖက်မှာတပ်မတော်ကလဲမြေသိမ်းထားတယ်။ မြေသိမ်းဆည်းထားပြီးတော့ ဒါ ဥပဒေနဲ့အညီသူပိုင်ဆိုင်ထားတယ် ဆြပြီးပြောလာတယ်။အဲ့ဒီကျနော်တို့ ဒီဓလေ့ထုံးစံနဲ့ ပြဌာန်းထားတဲ့ဥပဒေအရမြေယာပိုင်ရှင် လို့ပြောတဲ့ မြန်မာတပ်မတော်နဲ့က ထိပ်တိုက်တွေ့တဲ့အနေအထားမျိုးဖြစ်လာတယ်။ ဘာကြောင့်ဖြစ်လာလဲဆိုတာ ပြန်စဉ်းစားကြည့်ရင်တော့ တောင်သူတွေကလဲး နှစ်ပေါင်း၅၀ ကျော် စဉ်ဆက်မပြတ် လုပ်ကိုင်စားသောက်လာတဲ့မြေဖြစ်တယ်။ဖြစ်တဲ့ အတွက် ဒီမြေဟာဘိုးဘွားအစဉ်အဆက် ငါတို့ရထားတဲ့မြေပဲဆိုတဲ့ယုံကြည်မှုနဲသူတို့လဲအဲ့လိုပဲနားလည်ထားတယ်။ အဲ့လိုနားလည်ထားပြီးတော့ သူတို့က ဆက်တိုက်စိုက်ပျိုးလာတယ်။ တစ်ဖက်မှာလဲတပ်မတော်ကမဟုတ်ဘူးဒါတပ်မတော်ပိုင် ဖြစ်တယ် နိုင်ငံတော်အစိုရကနေပေးအပ်ထားတဲ့မြေဖြစ်တယ် ဆိုတာမျိုးပေါ့ အဲ့လိုမျိုးလေးတွေ ထိပ်တိုက်တွေ့တော့တာပဲပေါ့။

မေး ။ ။ ဒီလိုထိပ်တိုက်ရင်ဆိုင်နေရတဲ့ ပြဿနာကမျိုးတွေက ဒီနှစ်မှစဖြစ်လာတာလား။ ဘယ်လိုမျိုးလဲ။
ဖြေ ။ ။ ဒီနှစ်မှ ဖြစ်လာဆိုမဟုတ်ဘူးအရင်နှစ်တွေမှာလဲ ဖြစ်ဖူးပါတယ်။ ဒါပေမဲ့ပြန်ပြေလည် သွားတာမျိုးလေးတွေရှိတယ်ပေါ့။ ဒါပေမဲ့ ဒီနှစ်မှပဲပိုြပြီးတော့အခြေနေဆိုးသွားတဲ့အနေအထားကြည့်တာတော့ ကျနော်တို့ ဒီနှစ်မိုးဦးရာသီမှာစဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့။

မေး ။ ။ တောင်သူတွေကို ဒီလိုတရားစွဲတော့ တောင်သူတွေဘက်ကကော ဘာတွေဆက်ပြီး အကျိုးဆက်တွေဖြစ်လာခဲ့ရလဲ။
ဖြေ။ ။ သူတို့လဲဒီပေါ်မှာပဲ စားဝတ်နေရေး၊ လူမှုစီးပွားကိစ္စတွေဖြေရှင်းနေရတာ သူတို့ကလေးတွေကျောင်းထားဖို့ ၊ သူတို့ကျန်းမာရေး၊သူတို့ရဲ ့ပညာရေးအကုန်လုံးကိုဒီပေါ်ပဲမှီတင်းပြီးတော့ ဖြေရှင်းနေရတာ ဖြစ်တယ်။ တစ်နည်းအားဖြင့်ပြောလို့ရတာဒီမြေဟာသူတို့ရဲ ့အသက်ပဲ။
အသက်ရှင်ရပ်တည်မှုနဲ့တိုက်ရိုက်ဆက်စပ်တယ် ဒီမြေဟာ ။ဖြစ်တဲ့အခါမှာတော့ သူတို့ကလဲစိုက်တယ်၊ တပ်ကလဲတားတယ်။ တပ်မတော်အနေနဲ့လဲတစ်ခြားကိစ္စတွေ သုံးဖို့လိုတယ် စသဖြင့်ပေါ့နော်။

မေး ။ ။ သက်ဆိုင်ရာတွေကကော ညှိနှိုင်းပေးမှုတွေလုပ်ပေးလား။ အခုချိန်ထိ ဘယ်လိုအခြေအနေထိရောက်နေပြီလဲ။
ဖြေ။ ။ ဒီကြားမှာပြေလည်မှုတွေ မရရှိကြဘူူး ။ ကျနော်ကြည့်တာတော့ သက်ဆိုင်ရာထွေအုပ်ကညှိ့နှိုင်းပေးတာတော့ ရှိတယ်။ သို့ပေမဲ့ပြေလည်မှုတွေမရရှိကြဘူးဆက်ဖြစ်တာပဲ။ ဒီလူတွေကလဲစိုက်ရမှ၊ ဒီလူတွေကလဲကာရမှ သူ့ဟာသူကာမယ် အပိုင်ရဖို့ တစ်နည်းအားဖြစ့်တပ်မတော်ကိုပြောတာ။ တစ်ဘက်မှာတောင်သူကလဲသူတို့စိုက်ပျိုးရမှ သူတို့အသက်ရှင်သန်ရပ်တည်မှုအတွက် အဆင်ပြေမယ်။ဒါကြောင့်ပြသနာကနောက်ဆုံးတရားဆွဲဆိုတဲ့အထိ ဖြစ်ကုန်တယ်ပေါ့နော်။

မေး ။ ။ တရားစွဲဆိုထောင်ချလိုက်တိုင်း ပြဿနာက ပြေလည်သွားနိုင်လား။ ဘာဆက်ဖြစ်လာနိုင်မလဲ။
ဖြေ ။ ။ တရားဆွဲဆိုတိုင်း။ထောင်ထဲထည့်လိုက်တိုင်းဒီပြသနာပြေလည်သွားပြီလားပေါ့။ပြီးတော့ တစ်ဦးတစ်ယောက်ကိုတရားဆွဲဆိုပြီးတော့ တစ်ဦးတစ်ယောက်ပဲဒုက္ခရောက်တဲ့ကိစ္စမဟုတ်ဘူးပေါ့။ အခုဆိုဒေါဆိုရှေး ဆိုတစ်ရွာလုံးနီးပါးဖြစ်တယ်။ တစ်ချို့ဆိုရင် သူကိုယ်တိုင်လဲစွဲခံရတယ် သူ့ခင်ပွန်းနဲ့သားသမီးတွေလဲစွဲခံရတဲ့ အိမ်တွေရှိတယ်။ အခုဆိုသူတို့စိုက်ခဲ့တဲ့တောင်ယာတွေ၊သီးနှံတွေရိတ်သိမ်းချိန်ရောက်ပြီ။ သူတို့ကောင်းကောင်းမရိတ်နိုင်ဘူး။

မေး ။ ။ အစုစစ်တပ်က တရားစွဲထားတဲ့ပုဒ်မတွေက တကယ်လို့ ပစ်ဒဏ်ချမှတ်တာခံရရင်ဘယ်လောက်ထိ ချနိုင်လဲ။ အခုတောင်သူတွေအဲဒီအတွက် ဘာတွေကြုံတွေ့ရင်ဆိုင်နေရလဲ။
ဖြေ။ ။ ပြည်သူပိုင် ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေ ၆/၁ အရ ထောင်၇နှစ်အထိချလို့ရတယ်။ ပြစ်ဒဏ်အရဆိုရင် သူတို့ကိုအာမခံပေးလို့မရဘူး ။ ထောင်ချုပ်နဲ့တရားရင်ဆိုင်နေရတယ်။ တစ်ဘက်မှာလဲသူတို့စွဲခံထားရတဲ့ ရာဇသတ်ကြီးပုဒ်မ ၄၄၇ အရဆိုရင်လဲသူတွေတွေ အပတ်တိုင်းရုံးချိန်းသွားနေရတယ်ဆိုတော့ သူတို့ဒီသီးနှံတွေကိုသေချာမပြုစုအားဘူး ၊ မစောင့်ရှောက်အားဘူးဆိုရင် သီးနှံ အထွက်နှုန်းကျမယ် ဆိုရင်တော့ သူတို့တွေ ဒုက္ခရောက်မယ်ပေါ့။

မေး။ ။ ဒါဆိုရင် ဘယ်သူ့တွေမှာ တာဝန်တွေပိုရှိလာလဲ။
ဖြေ။ ။ ကျနော်တို့နိုင်ငံသားတွေပဲ ဖြစ်တယ်။ တောင်သူလယ်သမားတွေ ဒုက္ခရောက်ရင် ကျနော်တို့နိုင်ငံဒုက္ခရောက်တာနဲ့အတူတူပဲ ဖြစ်တယ်။ ကိုယ့်နိုင်ငံတိုးတတ်အောင် ကျနော်တို့က နှစ်ဦး နှစ်ဘက် ညှိ့နှိုင်းပြီးတော့ အဆင်ပြေအောင် လုပ်ဆောင်ရမဲ့ဟာတွေ ဖြစ်လာတယ်။ အမြင်မတူတာတွေ ရှိမယ်၊ ခံယူချက်ချင်းမတူညီတာတွေရှိမယ်။ ငါနဲ့အမြင်မတူလို့တော့ ငါ့ရန်သူငါနဲ့မဆိုင်ဘူးဆြပြီးတော့ လုပ်လို့တော့ မရဘူး၊ အဲ့ဒါကြောင့် ကျနော်တို့ဘယ်လိုဖြေရှင်းမလဲပေါ့။တစ်နည်းအားဖြင့် တပ်မတော်နဲ့တောင်သူကြားမှာမြေယာကိစ္စတွေဖြစ်နေတော့ အစိုးရတစ်ရပ်အနေနဲ့ရောဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ။ ဒါကိုတော့ ကောင်းကောင်းလေးစဉ်းစားသင့်တယ်လို့ ယူဆတယ်ပေါ့။

မေး ။ ။ တိုင်းရင်းသားအခွင့်အရေးကာကွယ်စောင့်ရှောက်တဲ့ ဥပဒေတွေလည်းရှိြပြီးပဲ ဒါတွေကကော ဘယ်လောက်အထိ အကာကွယ်ပေးနိုင်မလဲ။
ဖြေ။ ။ ရွာသားတွေ အနေနဲ့သူတို့တိုင်းရင်းသားထုံးတမ်းအစဉ်အလာအရ ဘိုးဘွားအစဉ်အဆက်ယုံယုံကြည်ကြည်နဲ့ လုပ်ကိုင် စားသောက်လာရတဲ့မြေဖြစ်တယ်။ တိုင်းရင်းသားလူမျိုးအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးနဲ့အကျိုးစီးပွားမြင့်တင်ရေးဥပဒေဆိုတာရှိတယ်။ သို့ပေမဲ့ဒါကိုထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်နိုင်သလားဆိုတဲ့ မေးခွန်းထုတ်စရာတွေ ရှိလာတယ်ပေါ့။ဆိုတော့ လက်ရှိအနေအထားအရဆိုရင် မကာကွယ်နိုင်ဘူးလို့ပြောလို့ရတယ်ပေါ့။ ဥပဒေမှာအားနည်းချက်တွေ အများကြီးရှိတယ်ပေါ့နော်။

မေး ။ ။ ဥပဒေမှာ အားနည်းချက်တွေရှိတယ်ဆိုတော့ ဥပဒေပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကကော် ဘာတွေလုပ်သင့်လဲ။
ဖြေ။ ။ တိုင်းရင်းသားရိုးရာဓလေ့အစဉ်အလာကိုဥပဒေရေးဆွဲတဲ့လူတွေကဘယ်လိုနားလည်လဲတော့ မသိဘူးပေါ့နော်။ တစ်နည်းအားဖြင့် လွှတ်တော်ကိုယ်စလှယ်တွေပေါ့။ ဘယ်လိုဖြေရှင်းပေးမလဲပေါ့ ဆိုတဲ့ဟာမျိုး၊ ဒါမှ မဟုတ်ရင် ကာကွယ်တဲ့ ဥပဒေတစ်ရပ် လိုကိုလိုအပ်နေပီဆိုတာရောယူဆကြရဲ ့လားပေါ့နော် အဲ့ဒါလဲ မေးခွန်းထုတ်စရာဖြစ်လာတယ်ပေါ့နော်။

မေး။ ။ ပြည်ထောင်စုအစိုးရအနေနဲ့ကကော တောင်သူတွေအပေါ် ဘယ်လိုနည်းနဲ့ ဖြေရှင်းပေးနိုင်မယ်လို့ ယူဆပါသလဲ။
ဖြေ။ ။ ကျနော်တို့ဒီအမှုမှာ ပြန်သုံးသပ်ကြည့်လိုက်မယ် ဆိုရင်တော့ တပ်မတော်ကလဲအစိုးရထဲမှာဆိုရင် ဥပမာ နိုင်ငံတော် အစိုးရထဲမှာဆိုရင် ပြည်ထောင်စုတစ်ရပ်အနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဝန်ကြီးတွေပါမယ်၊ ပြည်ထဲရေးဝန်ကြီးဌာနတွေပါမယ်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနတွေပါမယ်။ တစ်နည်းအားဖြင့် သူတို့ကလဲအစိုးရအဖွဲ့ဝင်တွေဖြစ်တယ် ဆိုတာပြောပြချင်တာပါ။ ပြီးတော့ နောက်တစ်ခုကလဲ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီမှာလဲတပ်မတော်ကိုယ်တိုင်က စပါတယ်ပေါ့။ ဘာကြောင့်ပြောလဲဆို နိုင်ငံတော်ဦးဆောင်နေတဲ့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီထဲမှာလဲမြန်မာ့ တပ်မတော်ဆိုတာပါပါတယ်ပေါ့။ ကျနော်ဘာကြောင့် အဲ့လိုပြောချင်လဲဆိုတော့ ဒီတောင်သူတွေ ဒုက္ခရောက်လို့နောက်ဆုံးပြန်ပြီးဖြေရှင်းပေးရမှာ နိုင်ငံတော်ရဲ့တာဝန်ပါပဲ။ နောက်ဆုံးကိုကိုယ်တိုင်ပြန်ပြီးဖြေရှင်းရတဲ့အလုပ်ပဲပေါ့နော်။ အဲ့လိုဆိုရင် အစထဲကပြေပြေလည်လည်၊ညှိ ညှိနှိုင်းနှိုင်းဖြေရှင်းသွားမယ်ဆိုရင် ဒီလိုပြသနာတွေ တက်စရာအကြောင်းမရှိဘူးလို့ပြောလို့ရတယ်ပေါ့။ ပြောချင်တာက မြန်မာ့တပ်မတော်အနေနဲ့ ဒါအစိုးရနဲ့ပဲဆိုင်တယ်၊ငါတို့နဲ့မဆိုင်ဘူးဆိုတာမျိုးနေလို့မရဘူးလို့ပြောပြတာပါ။

မေး။ ။ ဒီမေးခွန်းတွေအပေါ်မှာ ဘာတွေထပ်ပြီး ပြောကြားလိုသလဲ။
ဖြေ။ ။ တောင်သူလယ်သမားတွေအတွက် အသက်ရှင်နေထိုင်ရပ်တည်ဖို့အတွက် ဘယ်လိုဖြေရှင်းပေးမလဲဆိုတာ နိုင်ငံတော်အစိုးရအနေနဲ့ဒါကိုကောင်းကောင်းလေးအစီအစဉ်ရေးဆွဲချမှတ်ပြီးဖြေရှင်းသင့်ပီလို့ ကျနော်အကြံပြုတိုက်တွန်းလိုတယ်ပေါ့နော်။

spot_img
spot_img

Recent posts