spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

တံတားပြင်ဖို့ စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်ကိုတိုက်ခိုက်၊ ကား၂စီးနဲ့ ဘက်ဖိုးတစ်စီးဖျက်ဆီးနိုင်ခဲ့

Author

Date

Category

လဲသျို့ (ကန္တာရဝတီတိုင်း(မ်))

တံတားပြုပြင်ဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ဖရူဆိုမြို့နယ် မားခရော်ရှေ့ ကျေးရွာနဲ့ လောကျေခူရွာသစ် ကျေးရွာ အကြားမှာ ကရင်နီဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲတို့က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်းစီတပ်သား ၈ ဦးသေဆုံးကာ အိမ်စီးကားတစ်စီး၊ ဒန်ဘန်ကား တစ်စီးနဲ့ ဘက်ဖိုး တစ်စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ KNDF B-15 က ထုတ်ပြန်ထားပါတယ်။

ယမန်နေ့ ဧပြီလ ၁၂ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ MA2တစ်လက်နဲ့ လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

စစ်ကောင်စီတပ်သားတွေက ဖရူဆိုမြို့ လောကျေခူရွာသစ်ကျေးရွာက နေအိမ်နှစ်လုံးကို မီးရှို့ဖျက်စီးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၁ရက်နေ့မှာလည်း ဖရူဆိုမြို့နယ် ထားလဲကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ခြုံခိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၃ဦးသေဆုံးခဲ့တယ်လို့ KNDF B-15 က ထုတ်ပြန်ထားပါတယ်။

Photo – KNDF B-15
spot_img
spot_img

Recent posts