တွေ့ဆုံဆွေးနွေးမှုပျက်ပြယ်ရတဲ့အပေါ်မှာ ဒေသခံတိုင်းရင်းသားပါတီအမြင်၊ အရပ်ဖက်အဖွဲ့အစည်း၊ လေ့လောစောင့်ကြည့်သူအချို့ရဲ့ အမြင်

0
1382

တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက ဒေါက်တာအောင်မိုးညိုဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဇန်နဝါရီလ ၁၂ရက်နေ့မှာ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီနှင့် တွေ့ဆုံဆွေးနွေးဖို့ နေရာညှိနှိုင်းမှုအဆင်မပြေတဲ့အတွက် တွေ့ဆုံဆွေးနွေးမှုပျက်ပြယ်ခဲ့ရပါတယ်။

တွေ့ဆုံဆွေးနွေးမှုပျက်ပြယ်ရတဲ့အပေါ်မှာ ဒေသခံတိုင်းရင်းသားပါတီအမြင်၊ အရပ်ဖက်အဖွဲ့အစည်း၊ လေ့လောစောင့်ကြည့်သူအချို့ရဲ့ အမြင်သဘောထားကို မေးမြန်းထားပါတယ်။

ဦးသဲရယ် (ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ အတွင်းရေးမှူး)

ဦးသဲရယ် (ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ၊ အတွင်းရေးမှူး)
ကျတော်တို့သုံးသပ်ရသလောက်ဆိုရင်တော့ ကျတော်တို့နဲ့လာတွေ့ဖို့ ဒီခရီးစဉ်ကိုဆောင်ရွက်တာမဟုတ်ဘူးလို့ မြင်တယ်။ သူတို့ပါတီကိစ္စနဲ့လာပြီးတော့ ကျတော်တို့နဲ့တွေ့ဖို့စီစဉ်တာဖြစ်တယ်။ ဆိုတော့ အရင် သူတို့ခရီးစဉ်ကို စတင်ရေးဆွဲပြီးတော့မှ ဒေါက်တာဇော်မြင့်မောင်ပြောပုံအရဆိုရင် တိုင်းရင်းသားပါတီနဲ့တွေ့ဖို့အတွက်က ဦးစားပေးအဆင့်က (၄)၊ (၅)၊ လောက်မှာပဲရှိတာပေါ့နော ကျတော်တို့ကို ဦးစားပေးအဆင့် (၁)နေရာမှာမထားတဲ့အတွက် ဒါတွေလည်း ကျတော်တို့တိုင်းရင်းသားပါတီနဲ့တွေ့မယ်ဆိုတဲ့ဟာလည်း တကယ်ပဲ သူတို့တကယ်ရည်ရွယ်ချက်ရှိရှိနဲ့သွားတာလား ပါတီလုပ်ငန်းကိစ္စနဲ့ပဲလာပြီးတော့မှ အဲလို တစ်ခါတည်းတွေ့သွားမယ်ဆိုတဲ့ပုံစံံမျိုးပဲ လုပ်သွားတာလားဆိုတာလည်း ကျတော်တို့ဖက်က စဉ်းစားစရာဖြစ်တာပေါ့။ ဆိုတော့ ဒီဟာနဲ့ပတ်သက်ပြီးတော့မှ ကျတော်တို့ပါတီဖက်ကနေ ကျတော်တို့ကို တကယ်ပဲ ဒီခရီးစဉ်ကိုဖန်တီးပြီးတော့မှ ဒီကိုလာတွေ့ဖို့မဟုတ်ဘူးဆိုတာပဲ ကျတော်တို့က ယူဆတာပေါ့။

ကိုကျော်ထင်အောင်(လေ့လာစောင့်ကြည့်သူ)

ကိုကျော်ထင်အောင်(လေ့လာစောင့်ကြည့်သူ)
ဇန်နဝါရီ ၄ ရက်နေ့တုန်း မွန်ပြည်နယ်မှာ NLD နဲ့မတွေ့ဆုံဖြစ်တဲ့အခြေအနေအရ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ KySDP ကလည်း NLDရုံးမှာဆိုရင် မတွေ့နိုင်ဘူးလို့ ပြောထားပြီးသားဖြစ်တယ်ပေါ့။ အဲလို ကြိုပြောထားတဲ့အခြေအနေမှာကို ဒါရအောင်လာတဲ့အတွက် တတိယနေရာများတွေ့မလားဆိုသော်လည်း လက်ရှိ ဒေါက်တာအောင်မိုးညိုဦးဆောင်တဲ့ တွေ့ဆုံတဲ့အဖွဲ့ဟာ ကယားပြည်နယ် NLD ရုံးကလွဲပြီး အခြားနေရာမှာမတွေ့ဘူး ဗဟိုဆုံးဖြတ်ချက်ပဲလို့ပြောဆိုခြင်းသည် သူတို့ထုတ်ပြန်ထားတဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် တိုင်းရင်းသားတွေနဲ့တွေ့ဆုံပြီး သဘောထားတွေနားထောင်မယ် ဆွေးနွေးမယ် သဘောထားတွေရယူဆိုတာက ဟန်ပြသာဖြစ်ပြီးတော့မှ တကယ်တမ်းတွေ့ဆုံခြင်းမရှိဘဲနဲ့ သူတို့ရဲ့ပါတီစည်းကမ်းချက်တွေကိုကိုဗစ်စည်းကမ်းအရ Q မဝင်ရဘဲနဲ့ လုပ်ဆောင်ခြင်းအတွက် တိုင်းရင်းသားပါတီတွေကို ခုတုံးလုပ်ပြီးတော့ ပြည်နယ်တွေမှာ ပြည်နယ် NLD အဖွဲ့တွေ အနိုင်ရထားတဲ့ကိုယ်စားလှယ်တွေနဲ့ လှည့်လည်တွေ့ဆုံတဲ့ပုံစံမျိုး ဖြစ်နေတယ်လို့ပဲ ကျတော်တို့အနေနဲ့သုံးသပ်တယ်။ အဲဒါကြောင့်မလို့ပဲ ကယားပြည်နယ်မှာဆိုရင်လည်း NLD ရုံးမှာ တံခါးပိတ်အစည်းအဝေးလုပ်ဆောင်နေမှုသည် တကယ်တမ်းတိုင်းရင်းသားပါတီတွေကိုတွေ့ဆုံဖို့ ခုတုံးလုပ်တာပဲဖြစ်ပြီးတော့ Q မဝင်ဘဲနဲ့ NLD ပါတီကိစ္စဆောင်ရွက်ဖို့အတွက် လာခြင်းသာဖြစ်တယ်လို့ပဲ သုံးသပ်ပါတယ်။

ခွန်းသောမတ်စ်(ကရင်နီပြည်လူငယ်များသမဂ္ဂ၊ တွဲဖက်အတွင်းရေးမှူး-၂)

ခွန်းသောမတ်စ်(ကရင်နီပြည်လူငယ်များသမဂ္ဂ၊ တွဲဖက်အတွင်းရေးမှူး-၂)
ဒီဟာက နဂိုကတည်းက ပြောထားတဲ့ကိစ္စတွေပေါ့လေ။ NLD ကလည်း လွန်သွားတယ်ပေါ့ NLD ကိုယ်စားလှယ်ဖက်ကလွန်သွားတယ်။ အမှန်က တွေ့ဆုံဖို့ဆိုတဲ့သဘောက နှစ်ဦးနှစ်ဖက် ပြဿနာတစ်ခုခုကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို အဓိကတွေ့ဆုံညှိနှိုင်းကြမယ့်ဟာပေါ့။ ဒါပေမယ့် အခုက NLD ပါတီက ကိုယ်စားလှယ်တွေရဲ့သဘောထား NLD တစ်ခုလုံးရဲ့သဘောထားက အထက်စီးကနေပဲလာတာပေါ့။ ဆိုတော့ KySDP ကလည်း ဒီပြည်နယ်မှာ အနိုင်ရတဲ့ တိုင်းရင်းသားပါတီတစ်ခုပဲလေ။ ဆိုတော့ တွေ့ဆုံဆွေးနွေးမယ်ဆိုရင်တောင်မှ အဖြေကထွက်မှာမဟုတ်ဘူး ဒါ ကျတော်တို့ သမဂ္ဂအနေနဲ့သုံးသပ်ထားပြီးသား နောက်ပြီးတော့ အစောတလျင်မတွေ့ဖို့လည်း ထုတ်ထားပြီးသားပေါ့။ ဒီလိုဖြစ်လာမယ်ဆိုတာ ကျတော်တို့အနေနဲ့က အစောကြီးကတည်းကသိထားတယ်ပေါ့။ အဖြေတစ်စုံတစ်ရာထွက်လာမှာမဟုတ်ဘူး။ NLD ရဲ့သဘောထားက ပြည်နယ် NLD ရုံးမှာသာမတွေ့ဘူးဆိုရင် အခြားဘယ်နေရာမှာမှ တွေ့လို့မရဘူးဆိုတာက အထက်က ညွှန်ကြားထားပြီးသားဆိုတော့ ဒီအပေါ်မှာတော့ NLD ရဲ့အလွန်ပဲပေါ့လေ။ NLD ရဲ့အမှားကြောင့်လို့ပဲသုံးသပ်ပါတယ်။

ခွန်းဘီထူး (ကယန်းအမျိုးသားပါတီဥက္ကဌ)

ခွန်းဘီထူး (ကယန်းအမျိုးသားပါတီဥက္ကဌ)
NLD ပါတီက တိုင်းရင်းသားပါတီနဲ့တွေ့ဆုံမယ့်ကိစ္စအားလုံးက ကြိုတင်ပြင်ဆင်မှုသိပ်မရှိဘူးပေါ့နော။ သတင်းတွေတော့ကြားနေတယ် လာမယ်ဆိုတာလည်းသိနေတယ်ပေါ့။ သို့သော် ညှိနှိုင်းဆောင်ရွက်မှုတွေ ကြိုတင်နေရာထိုင်ခင်းတွေနဲ့ပတ်သက်ပြီးတော့မှ ဒါမှမဟုတ် တွေ့ဆုံမယ့်အကြာင်းအရာနဲ့ပတ်သက်ပြီးတော့မှ အကြောင်းကြားတာတွေက တော်တော်လေးကို အားနည်းတယ်လို့ပြောလို့ရမှာပေါ့နော။ အဲဒါကြောင့်မလို့ပဲ နီးကပ်မှ NLD ရုံးမှာတွေ့မယ်ဆိုတဲ့ဟာဖြစ်လာတော့ အခြေအနေအားလုံးကပျက်သွားတာပေါ့နော။ ဆိုလိုချင်တာက မတွေ့ဖြစ်လိုက်ရတဲ့ ရလဒ်ကိုဖြစ်စေတယ်ပေါ့နော။ ဆွေးနွေးပွဲသဘောသဘာဝကလည်း ဒီလိုပါပဲ အရင် ကြိုတင်ညှိနှိုင်းမှုတွေ ကြိုတင်အကြောင်းကြားမှုတွေက အရေးကြီးတယ်လေ အဲလို ဆက်သွယ်တည်ဆောက်မှသာလျှင် အောင်မြင်မှာပေါ့နော။ အဲဒါကြောင့်မလို့ပဲ ပျက်သွားတယ်လို့ပဲပြောရမှာပေါ့နော။ အခုတော့ ရှမ်းပြည်နယ်ဖက်ဆက်သွားမယ်ဆိုတော့ ဘယ်လိုဆက်ဖြစ်မလဲတော့မပြောတတ်ဘူးပေါ့နော။ အခြေအနေကတော့ လောဆယ်တော့ ကယားပြည်နယ်မှာ ကယားဒီမိုကရက်တစ်ပါတီနဲ့မတွေ့ဖြစ်တဲ့အကြောင်းရင်းက အဲဒါပဲလို့ ပြောလို့ရပါတယ်။