spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ထပ်မံတိုးချဲ့မည့် လွိုင်ကော်စက်မှုဇုန် အပိုု်င်း ၂ ကိုု ဒေသခံတောင်သူများ ကန့်ကွက်

Author

Date

Category

လွိုင်ကော်စက်မှုဇုုန်အဝင် ဆိုုင်းဘုုတ်(ဓါတ်ပုံ-ခူးစိုုးရယ်ဦး၊ကန္တာရဝတီတိုုင်းမ်)

ခူးစိုးရယ်ဦး

ကယားပြည်နယ်လွိုင်ကော်မြို့ နွားလဝိုးကျေးရွာအုပ်စု၊ လင်ဖုံလေးကျေးရွာနှင့် စက်မှု(၁)အကြားတွင် လွိုင်ကော်စက်မှုဇုန်၂ (အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေ)တိုးချဲ့ရပ်ကွက် ထူထောင်ရန်အတွက် ဒေသခံတောင်သူများ ကန့်ကွက်ကြသည်။

“စက်မှုဇုန် ၂ ထူထောင်ရန် ဒေသခံတောင်သူများ၏ သဘောထားဆန္ဒကို မရယူဘဲ၊ မညှိနှိုုင်းဘဲ လုပ်မယ်ဆိုရင် ကျွန်တော်တို့ ပြည်သူတွေ ကန့်ကွက်သွားမှာဘဲ”ဟု တိုင်းရင်းသားလူထု အခြေပြု မိတ်ဖက်အဖွဲ့ (EDPD) ဗဟိုကော်မတီဝင်နှင့် ကယားပြည်နယ် မြေယာအသုံးချမှုအဖွဲ့ဝင် ဦးကိုးရယ်စိုးညွန့်က ပြောသည်။

လူထုသဘောထားမပါရှိဘဲ လုပ်ဆောင်နေခြင်းသည် တောင်သူများအား အကျပ်အတည်းဖြစ်စေကြောင်း ၎င်းက ပြောသည်။

“စက်မှု (၂)လို့ သတ်မှတ်ရလောက်အောင် သူတို့က ကျွန်တော်တို့ တောင်သူလယ်သမားတွေကို ဆန္ဒသဘောထားအရကော၊ ညှိနိုင်းဆွေးနွေးမှုအရကော၊ လျော်ကြေးငွေကိစ္စအရကော ခေါ်ယူညှိနိုင်းခြင်းမရှိဘူး သူတို့က စာထဲမှာပဲ ခေတ်အဆက်ဆက်က စီမံကိန်းတွေကို တစ်ခုပြီးတစ်ခု အကောင်ထည်ဖော်သွားတယ်”ဟု ဦးကိုးရယ်စိုးညွန့်က ဆက်ပြောသည်။

အစိုးရမှ စက်မှုဇုန် အပိုုင်း ၂ ထူထောင်ရန် ပြည်သူလူထုရဲ့ သဘောဆန္ဒကို မရယူ၊ မညှိနှိုင်းဘဲ အကောင်ဖော်ရန် ဆောင်နေခြင်းကြောင့် ဒေသခံတောင်သူများ သက်ဆိုင်ရန်အထက်ကို အကြိမ်ကြိမ်စာတင်ပြခဲ့သော်လည်း တုန့်ပြန်မှုမရှိဟု ဦးကိုးရယ်က ဆိုသည်။

ထိုသို့ ဒေသခံတောင်သူများ အထက်ကို ပူးတွဲတင်ပြသည့် အဖွဲ့အစည်းများက လယ်ယာမြေခွန်ပြေစာရုံး၊ ဒုတိယသမ္မတထံတိုင်ကြားစာ၊ လွှတ်တော်ဥက္ကဌထံတိုင်ကြားစာ၊ ဝန်ကြီးချုပ် ကယားပြည်နယ်တင်ပြစာ၊ ပြည်နယ်အစိုးရ ကော်မတီအဖွဲ့အစည်းစာ၊ စိုက်ပျိုးရေးကွင်းအမှတ်မြေပုံ၊ ဥက္ကဌ-သိမ်းဆည်းမြေများ ပြန်လည်စီစစ်ရေးဗဟိုကော်မတီ(၄) စသည့် အဖွဲ့များဖြစ်သည်။

လွိုင်ကော်စက်မှုဇုုန် အပိုုင်း ၂ အတွက် လျာထားသည့် မြေနေရာသည် တောင်သူများ သီးနှံစိုုက်ပျိုးထားသည်။ (ဓါတ်ပုုံ-ခူးစိုုးရယ်ဦး၊ကန္တာရတီတိုုင်းမ်)

ဒေသခံတောင်သူများ၏ ယာမြေများတရားဝင် ပြန်လည်ရရှိရေးအတွက် ပြည်သူတို့၏ တိုင်ကြားစာကော်မတီမှ ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် လိုအပ်သည့် အထောက်အထား အချက်အလက်များနှင့်တကွ တင်ပြခဲ့သည်ဟု သိရသည်။

၂၀၁ဝ ခုနှစ်တွင် ဒ.က.စမှူး ဒုဗိုလ်မှူးကြီး ဦးညွန့်တင်လက်ထက်တွင် စက်မှုဇုန် အပိုုင်း ၂ အဖြစ် တောင်သူသဘောဆန္ဒမပါဘဲ ၎င်းမြေအား သိမ်းဆည်းရန် စတင်ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

အဆိုပါ သိမ်းဆည်းထားမြေများ တောင်သူများသည် မိမိယာမြေများကိုကို စဉ်ဆက်မပြတ် လုပ်ကိုင်လာလျှက်ရှိပြီး တောင်သူလယ်သမားတို့၏ ရေရှည်အကျိုးစီးပွားကို မြင့်တင်နိုင်ရေးအတွက် ဆက်လက်လုပ်ကိုင်ခဲ့သည်ဟု သိရသည်။

လွိုင်ကော်စက်မှုဇုန် အပိုုင်း၂ အဖြစ် ထူထောင်ရန် လျာထားသော်လည်း  အကောင်အထည် မဖော်သေးဘဲ သတ်မှတ်ထားရုံသာရှိပြီး  ၎င်းအတွက် မြေ ၅၄၈ ဧက လျာထားသည်။ လျာထားမြေအတွင်း ၃ဝ ဧကကိုုလည်း စက်မှုသင်တန်းကျောင်း တည်ဆောက်ရန် သီးသန့် ထပ်မံလျာထားသည်။

စက်မှုဇုုန်ဖွင့်လှစ်ထားသော်လည်း ကယားပြည်နယ်၏ စက်မှုကဏ္ဍများ မေ ျှာ်လင့်ထားသလောက်တိုုးတက်မှု မရှိသေးကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။

လွိုင်ကော်စက်မှုဇုန် ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်မှ စက်မှုရပ်ကွက်မှ စက်မှုဇုန်အဖြစ်သို့ ပြောင်းရခြင်းကို ပြောဆိုထားသည်။ ̏ ရပ်ကွက်ဆိုတာ ရင်းနှီးမြှုပ်နှံမယ့်သူတွေ၊ စက်မှုလုပ်ငန်းဖော်ဆောင်မယ့်သူတွေအတွက် စိတ်ဝင်စားမှုအားနည်းတဲ့ အကြောင်းရင်းတစ်ရပ်အဖြစ် မြင်တွေ့ရပါတယ်၊ ဒါကြောင့် ဒီရပ်ကွက်ကို စက်မှုဇုန်အဖြစ် သတ်မှတ်မှသာလျှင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုးတက်ဝင်ရောက်လာမှာကို တွေ့ရပါတယ် ˝ ဟု ဆိုထားသည်။ ထို့ကြောင့် ရပ်ကွက်မှ ဇုန်အဖြစ်သို့ ပြောင်းလဲ သတ်မှတ်ခဲ့သည်။

ပြီးခဲ့သည့် လတွင် စက်မှုဇုန် ၂ အဖြစ် အစိုးရမှ သတ်မှတ်ထားသည့် မြေယာများကို တိုင်းတာထားပြီးဖြစ်သည်။ တောင်သူများကို အသိမပေးခဲ့၍ ၎င်းမြေယာတိုင်းနေချိန်တွင် တောင်သူအချို့နှင့် ပြဿနာ အငြင်းအပွားဖြစ်ခဲ့သည်ဟုလည်း သိရသည်။

“သဘောတူနိုင်သည့် အတိုင်းအတာ ညှိနှိုင်းပြီး လုပ်မယ်ဆိုရင် ကျွန်တော်တို့ ထူးထူးထွေထွေပြောစရာလည်း မရှိပါဘူး၊ ဒါပေမယ့် သူတို့ မညှိနှိုင်းဘူးဆိုရင်တော့ ကျွန်တော်တို့ လုံးဝလက်မခံနိုင်ဘူး”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခရိုင်အလုပ်အမှုဆောင် ဦးခွန်ကျော်သိန်းက ပြောသည်။

သို့သော် အစိုးရမှထုတ်ပြန်ချက်အရ တောင်သူလယ်သမားများကို နစ်နာမှုမရှိစေအောင် သင့်လျော်သော လျော်ကြေးပေးပါမည်ဟုလည်း ထုတ်ပြန်ထားသည်ဟု ၎င်းက ပြောသည်။

“ကျွန်တော်တို့ တိုုင်းရင်းသားတွေက စာတတ်ပေတတ်တွေက နည်းပါတယ် ။လက်လုပ်မှ ပါးစပ်လုပ်ရတဲ့ကျွန်တော်တို့ဘဝပါ”ဟု ဦးခွန်ကျော်သိန်းက ဆိုသည်။

ယင်းလုပ်ကိုင်သည့် ယာမြေများသည် ဘိုးဘွားစဉ်လာအရ ဇောက်ချလုပ်ကိုင်ခဲ့သည့် ယာမြေများဖြစ်ပြီး စက်မှုဇုန်အဖြစ် သတ်မှတ်ရန် အာဏာပိုင်များက စက်နှင့်လာထိုးချိန်မှ တောင်သူများ သိရှိရသည်ဟု ဆိုသည်။

“သိလိုက်ရတဲ့အချိန်မှာ ဝမ်းနည်းရတာကတစ်ပိုင်း၊ စိတ်ဆင်းရဲရတာကတစ်ပိုင်း နောက်တစ်ခါသိမ်းမှာဆိုတာ ပေါ်လာတာက တစ်ပိုင်း ဒါဆိုရင်ကျွန်တော်တို့ တောင်သူလယ်သမားတွေ လုပ်စားခဲ့တဲ့ယာလေးတွေ တောင်သူတွေရဲ့လုပ်စားကွက်က နည်းနည်းလေးဘဲရှိတယ်˝ ဟု ဦးခွန်ကျော်သိန်းက ဆက်ပြောသည်။

မြေဧက ၈၀ဝ ကျော် ကျယ်ဝန်းသော လွိုင်ကော်စက်မှုဇုန်တွင် စက်ရုံပေါင်း ၈၆ ရုံရှိကြောင်း ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းလေ့လာမှုအစီရင်ခံစာတွင် ဖော်ပြထားသည်။

spot_img
spot_img

Recent posts