spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ထိုင်းနှင့်ကယားနယ်စပ်ဂိတ်တွေမှာ နေရပ်ပြန်လာသူတွေကို အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းပြီးကြပ်မတ်လျက်ရှိ

Author

Date

Category

စိုးထိုက်အောင်

ကယား(ကရင်နီ)ပြည်နယ်မှာ ရှိနေတဲ့ နယ်စပ်ဂိတ်တွေမှ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်တဲ့အနေနဲ့ နယ်စပ်ကနေ နေရပ်ပြန်လာသူတွေကို သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကနေပြီး ပူးပေါင်းဆောင်ရွက်နေတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)မှ ရှားတောမြို့နယ် ဆက်ဆံရေးရုံး တာဝန်ခံ ဦးဘိုးရယ်က ပြောပါတယ်။

“ ဒီ Covid နဲ့ပတ်သတ်လို့ကျတော်ကို နယ်စပ်က ပြန်ဝင်လာတဲ့ လူပုဂ္ဂိုလ်ကို သတင်းပေး၊ သတင်းယူ တာဝန်ပေးတယ်။ လောလောဆယ်မှာကတော့ ၂၉ ဦးပေ့ါ ကျတော်ပို့ထားပြီးသားဖြစ်တယ်။ အခုကတော့ အစိုးရလဲ ထုတ်ပြန်ပြီ၊ ထိုင်းကလဲ ထုတ်ပြန်ပြီ။ နောက်ပိုင်းမှာ ခိုးဝင် ဆိုတဲ့ ပုံစံနဲ့အရေးယူ တော့မဲ့အခြေအနေမှာ ဖြစ်တော့ ဒီ Covid နဲ့ပတ်သတ်လို့ကျတော်တို့ဆက်ဆံရေးရုံးအနေနဲ့ကတော့ လူဝင်လူထွက် သတင်းစုဆောင်းပေးဖို့ ဒီတာဝန်တော့ လုပ်ထားပါတယ်။ နောက်ပြီးတော့ ကျတော်တို့ကိုပံ့ပိုးမဲ့ ဒီအကာအကွယ်တွေကျတော့ ကျတော်တို့ အစိုးရက ထောက်ပံ့ပေးတာ တစ်ချို့ရှိတယ်။ အဲ့ဒါတွေ ကျတော်တို့အသုံးပြုနေတာပေါ့။”

လက်ရှိမှာ ထိုင်းနိုင်ငံနဲ့ ထိစပ်နေတဲ့ မြို့နယ်တွေက ဝင်ပေါက်တွေမှာ Covid ကာကွယ် စစ်ဆေးရေး ဂိတ်တွေထားပြီး စစ်ဆေးနေကြပါတယ်။

ရှားတောမြို့နယ်အတွင်းမှာဆိုရင် စစ်ဆေးရေးဂိတ် BP (9)၊ ဘောလခဲခရိုင် ရွာသစ်မြို့မှာ BP (10)၊ မယ်စဲ့မြို့နယ်မှာ BP (13-14) ဂိတ်တွေဖြစ်ပါတယ်။

ဘောလခဲခရိုင် ရွာသစ်မြို့မှာရှိတဲ့ စစ်ဆေးရေးဂိတ်မှာဆိုရင် ယခုလအတွင်း ဂိတ်ကိုဖြတ်ပြီး ထိုင်းကနေ ဝင်ရောက်လာတဲ့ လူမရှိဘူးလို့ ရွာသစ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလူဇော်သန့် ကပြောပါတယ်။

“ ထိုင်းကတော့ အဝင်မရှိဘူးဗျာ့ ကျတော်တို့သိပ့်မဝင်ဘူးဗျာ့ အဲ့ဒီဟာက ထိုင်းကဝင်လို့ရှိရင် ကျတော်တို့ဆီမှာ Quarantine ထားတယ်၊ ကျတော်တို့ Quarantine နေရာတွေလည်းစီစဉ်ထားတယ်။”

Covid စပြီးဖြစ်ပွားတဲ့ အချိန်ကနေခုချိန်အထိ ရွာသစ်ဂိတ်ပေါက်ကနေ ဝင်ရောက်လာတဲ့ လူဦးရေက ၁၇-၁၈ ဦးပဲ ရှိနေသေးတယ်လို့ရွာသစ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလူဇော်သန့်ကပြောပါတယ်။

“ ကျတော်သေချာတော့ မသိဘူး၊ ဒါပေမဲ့ ၁၇ယောက်လား ၁၈ယောက်လားမသည်းကွဲလို့ အဲ့လိုဘဲ ၂၀တောင်မကျော်ဘူး။” လို့ပြောပါတယ်။

ရွာသစ်ဂိတ်ပေါက်ကို ဝင်လာတဲ့ လူဦးရေ ၁၇-၁၈ ဦးမှာ အဓိကဝင်လာတဲ့လူတွေက ကယားပြည်အတွင်းက လူတွေဖြစ်ပြီး ပြည်ပကနေဝင်လာတဲ့ နိုင်ငံခြားသား ၃ယောက်တို့ဝင်ရောက်လာတယ်လို့သိရပါတယ်။

“ မယ်စဲ့ဘက်မှာကျတော့ အဲ့လို မျိုးအသံတော့ကြားတယ်ဗျာ့ သူတို့ခိုးဝင်တာတွေရှိတယ်တဲ့။ ကျတော်တို့ဆီကျတော့ တော်ရုံတန်ရုံခိုးဝင်ဖို့က မလွယ်လောက်ဘူး။ ဘာလို့ဆိုတော်တော်လေးကို လမ်းလျှောက်ရမှာ၊ ကားနဲ့တောင် ၄နာရီလောက်ဆိုတော့ ပြီးရင်လဲ ကြားထဲမှာလည်း ရွာတွေရှိသေးတယ်ဗျာ့။”

ထိုင်းဘက်ကနေပြီးတော့ ရှားတောဘက်က စစ်ရေးရေး ဂိတ်ကနေ ကယားပြည်နယ်ထဲကို ဝင်ရောက်လာမယ်ဆိုရင် ကားသမားတွေ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နဲ့ ချိတ်ဆက်ထားပြီးတော့ ဝင်ရောက်လာမည့်လူတွေကို သွားကြိုတဲ့ ပုံစံမျိုးကို ကျင့်သုံးနေတယ်လို့ ရှားတောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင် က ပြောပါတယ်။

“ စစ်ဆေးရေးကတော့ ကျတော်တို့ပုံမှန်အတိုင်းဘဲပေါ့နော် ဒီရှားတောမြို့ကနေ အဲ့ဘက်သွားရင် စစ်တယ်ပေါ့ ၊ ဒါပေမဲ့ တစ်ခုရှိတာကတော့ ဂိတ်မှာစစ်တာကတော့ ဒီရှားတောမြို့နယ် ဖြတ်သွားဖြတ်လာဘဲရှိတယ် ဒါပေမဲ့ တစ်ခုရှိတာက ထိုင်းက လာလို့ရှိရင် ကျတော်တို့က ကားသမားတို့၊ ပြီးရင် ဒီ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီတို့နဲ့ ချိတ်တက်ထားပြီး သူတို့ဘက်ကနေ လာမယ်လို့ သတင်းကြားတာနဲ့ ကျတော်တို့က ချိတ်ဆက်ပြီးသွားကြိုတဲ့ ပုံစံမျိုးကျင့်သုံးနေတာပေါ့နော်။” လို့ဦးရန်နိုင်မောင် ကပြောပါတယ်။

နယ်စပ်ဂိတ်တွေကနေ သတ်မှတ်ထားတဲ့ နေရာကနေ ဝင်မလာပဲနဲ့ တခြား တခြားလမ်းကနေ ပြန်လာတဲ့သူတွေလည်းအများကြီးရှိနိုင်တယ်လို့ လူထုကျန်းမာရေး နှင့်ဖွံ့ဖြိုးရေးကွန်ယက် ( Civil Health and Development Network – CHDN) မှ MCH မိခင်နှင့်ကလေးကျန်းမာရေး coordinator ဦးအီဇကို က ပြောပါတယ်။

“အခုကတော့ ဘယ်သူကိုမှတော့ စိတ်ချလို့တော့ မရဘူးပေါနော် ဘာဖြစ်လို့လဲဆိုရင် ကျနော်တို့ သတ်မှတ်ထားတဲ့ အစိုးရပဲဖြစ်ဖြစ် လက်နက်ကိုင်အဖွဲ့ကပဲဖြစ်ဖြစ် သတ်မှတ်ထားတဲ့ Quarantine Center ကို မဝင်လာပဲနဲ့ နယ်စပ်ဖြတ်လမ်းကနေ ဖြတ်ကျော်လာပြီးတော့ ဝင်လာတဲ့သူတွေက အများကြီးရှိတယ်လေး အဲ့ဒီလူတွေကလည်း ကျနော်တို့ စစ်ဆေးချက်ဘာမှမလုပ်နိုင်တဲ့ခါကျတော့ အန္တာရာယ်တော့များတယ်ပေါ စိန်ခေါ်မှုတစ်ခုပေါ။”

ထိုင်းနိုင်ငံမှ ရှားတောမြို့နယ် စစ်ဆေးရေးဂိတ်ကိုဝင်ရောက်လာသူ ဇူလိုင်လအတွင်း ယနေ့အချိန်ထိ (၁၂) ဦးအထိရှိပြီး ဖရူဆိုမြို့နယ်မှ(၁၁) ဦးနှင့် ရှားတောမြို့နယ်မှ (၁) ဦး ရှိပြီး၊ ၂၀၂၀ မေလ ၂ရက်နေ့မှ ဇူလိုင်လ ၂ရက်နေ့အထိ ကယားပြည်နယ်အတွင်းကို မြဝတီဂိတ်မှ ဝင်ရောက်လာသူ (၂၃၁) ရှိတယ်လို့ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၏ လူမှုကွန်ယက် စာမျက်နာအရ သိရပါတယ်။

spot_img
spot_img

Recent posts