spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ထိုင်း-ကရင်နီနယ်စပ်မှာ ယမန်နေ့က ပစ်ခတ်မှု ၃နေရာဖြစ်ပွားခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ထိုင်း-ကရင်နီနယ်စပ်တစ်လျှောက် ရှိနေတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်( KA) တို့ ယမန်နေ့ ( ဖေဖော်ဝါရီလ ၈ရက်နေ့)မှာ ပစ်ခတ်မှု ၃နေရာဖြစ်ခဲ့တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP) အတွင်းအရေးမှူး (၂)က ပြောပါတယ်။

( KNPP) အတွင်းအရေးမှူး (၂) ဦးအောင်ဆန်းမြင့်က “ သူတို့ စခန်း နှစ်ခုကြားမှာ ရိက္ခာသယ်လာတာကို KNPP ( ကရင်နီအမျိုးသားတိုးတက်ရေးပါတီ) ကတော့ စနိုက်ပါနဲ့ ပစ်လိုက်တာ စနိုက်ပါနဲ့ ပစ်လိုက်တော့ ရန်သူ နှစ်ယောက်လောက်တော့ ကျသွားတယ်။ အဲ့တာကတော့ ဒီနားက နယ်စပ်မှာပေါ့နော။ နောက်တစ်ခုကတော့ ကျနော်တို့ ဟွေပူးလောင်းဘက်ပေါ့နော။ ဒီခမရ ၅၄ တပ်ထိုင်ကို ၁၁ခွဲလောက်မှာ ကျနော်တို့ ဒါလည်း စနိုက်ပါနဲ့ဘဲ သွားပစ်တာ။ ဆိုတော့ ရန်သူ နှစ်ဦးလောက်ကျတယ်ပေါ့နော။ နောက်တစ်ခုက ကျနော်တို့ စနိုက်ပါ ပါဘဲ။ နောက်တစ်ခုက မတ်စလောင်းတောင် စခန်းတိုင် ခမရ ၅၃ပေါ့။ ဆိုတော့ အဲ့ဒါကတော့ ညနေ ၅နာရီမှာပါ။ စနိုက်ပါနဲ့ ပစ်တော့ သူတို့ ကြည်းအဆင့်ရှိတဲ့ သူတစ်ဦးတော့ ကျသွားတယ်ပေါ့နော။” လို့ ပြောပါတယ်။

ပစ်ခတ်မှုဟာ ၁၀မိနစ်စီခန့်သာ ကြာခဲ့ပြီး တိုက်ပွဲအပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာတွေလည်း ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

“ ရန်သူကတော့ လက်နက်ကြီးတွေနဲ့ ရမ်သမ်းပြီးတော့ ပစ်တာပေါ့နော။ ၁၂၀မမ ၅လုံး ၈၀မမ ၁၀လုံးကျော်ပစ်တယ်။ ၆၀မမ ဘယ်လောက်လဲတော့ မသိတော့ဘူးပေါ့နော။ လက်ကြီးအစုံနဲ့ ပစ်တာပေါ့နော။ ဆိုတော့ ပထမ တစ်နေရာကတော့ ကျနော်တို့ ဒီနယ်စပ်နဲ့ နီးတဲ့ ရမ်ဘိုကုန်းလို့ခေါ်တဲ့ တပ်ခဲကုန်းနားမှာတော့ မနက် ၁၁နာရီအချိန်ပေါ့နော။ “ လို့ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

လက်ရှိ လွိုင်ကော်မြို့ တွင်းမှာလည်း ပြီးခဲ့တဲ့နေ့တွေမှာ ဒေါဥခူနဲ့ မိုင်းလုံးရပ်ကွက် အတွင်း ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်တာတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ရက်နေ့မှာလည်း ထိုင်း-ကရင်နီနယ်စပ်တစ်နေရာမှာ နာရီဝက်ကြာ ကရင်နီတပ်မတော် (KA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးရှိခဲ့တယ်လို့ဆိုပါတယ်။

ဇန်နဝါရီလ ၇ရက်နေ့မှာ ရှားတောမြို့နယ် သံလွင်အရှေ့ဘက်ခြမ်းက နတ်တောင်စခန်းကိုတော့ ကရင်နီတပ်မတော်( KA ) က စခန်းသိမ်းတိုက်ပွဲတစ်ခုပြုလုပ်ခဲ့စဉ် စစ်ကောင်စီက တိုက်လေယာဉ်တွေနဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နယ်စပ်အထိ လေယာဉ်တွေ ဝဲပျံလျက်ရှိခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်း-ကရင်နီနယ်စပ်တစ်လျှောက် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သေဆုံးသူ ၅၀ ဝန်းကျင်ခန့်ရှိတယ်လို့ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

spot_img
spot_img

Recent posts