spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ထီးပေါ်ဆိုကျေးရွာက ဘုရားကျောင်းနဲ့ အသင်းတော်အိမ်ကို စစ်ကောင်စီဖျက်ဆီး၊ ၃ရက်ဆက်တိုက်တိုက်ပွဲဖြစ်

CJ (ကန္တာရဝတီတိုင်း(မ်))

ကရင်နီပြည် ဖရူဆိုမြို့နယ် ထဲက ထီးပေါ်ဆိုကျေးရွာအနီးမှာ စစ်ကြောင်းထိုးရောက်ရှိလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ တို့ ၃ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၁၀ ရက်နေ့ကတည်းက စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယမန်နေ့အထိ တိုက်ပွဲတွေရှိနေခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင်ထီးပေါ်ဆို ကျေးရွာက ခရစ်ယာန် ဘုရားကျောင်းနဲ့ အသင်းအိမ်တွေကို လည်း စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

တိုက်ပွဲအတွင်း နှစ်ဘက်အထိခိုက်စာရင်းကိုတော့ ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

“တိုက်ပွဲတွင် ၃ ရက် ဆက်တိုက် ပြင်းထန်တာကြောင့် စစ်ရှောင်တွေ အရမ်းများတယ်၊ စစ်ကောင်စီဘက်က ညအချိန်မှာ ရွာအတွင်း ရမ်းသမ်းပစ်တယ်။ အဲ့တာကြောင့် အရမ်းကြောက်ရတယ်” လို့ ဒေသခံ ရွာသားတစ်ဦးကပြောပါတယ်။

စစ်ကောင်စီဘက်က တိုက်ပွဲမရှိတဲ့ ညအချိန်တွေမှာ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေကြောင့် အနီးနားက ကျေးရွာတွေအတွင်းမှာ ကျရောက်ပေါက်ကွဲပြီး လူနေအိမ်တွေလည်း ပျက်စီးသွားတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆို- ဖရူဆို လမ်းမကြီးတလျောက်ကို ဒေသခံတွေ အသွားအလာမလုပ်ကြဖို့ KNDFက ဇွန်လ ၁၀ ရက်နေ့က သူတို့ရဲ့ facebook စာမျက်နှာမှာ ရေးသားထားပါတယ်။

spot_img
spot_img