spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ထွက်ပြေးတိမ်းရှောင်လာတဲ့ မိုးဗြဲစစ်ရှောင်အတွက် နေရာထိုင်ခင်းနဲ့ စားနပ်ရိက္ခာလိုအပ်နေ

ကန္တာရဝတီတိုင်း(မ်)

မိုးဗြဲမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မိုးဗြဲစစ်ရှောင်တွေအတွက် နေရာထိုင်ခင်း နဲ့ စားနပ်ရိက္ခာလိုအပ်နေတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

“လိုအပ်ချက်တွေပြောရမယ်ဆိုတော့ အများကြီးပေါ့။ ဆန်ဆိုလဲ မယူသွားနိုင်ဘူး။ ဟင်းချက်စရာ ဘာညာပေါ့ အကုန်လုံးပဲ တစ်ခုမှ မယူသွားနိုင်ဘူးလေ” လို့ မိုးဗြဲစစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

မိုးဗြဲစစ်ရှောင်တွေဟာ ဝါရီဆူးပလိုင်နဲ့ လွယ်ရင်း ကျေးရွာကဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ကျေးရွာအနီးအနားမှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်တာတွေ လက်နက်ကြီးကျရောက်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

“ထွက်လာတဲ့အချိန်မှာ လေယာဉ်လာချတာတော့ တိတ်သွားပြီ လေယာဉ်တော့ပြန်သွားပြီ။ ဒါမဲ့ လက်နက်ကြီးသံတော့ကြားတယ်။ “ဒုတ် ဒုတ်” ဆိုပြီး အသံလေးတွေလည်း ကြားတယ်ပေါ့နော။ အဲ့ချိန် လေယာဉ်မလာတော့ ထွက်မယ်ဆိုပြီး ထွက်လာတာပေါ့။ ” လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို ရောက်ရှိလာတဲ့ စစ်ရှောင်တွေဟာ လက်ရှိမှာ ဆွေမျိုးနီးစပ်သူတွေထံ သွားရောက်ခိုလှုံနေထိုင်ကြပြီး တချို့မှာတော့ လယ်တွေထဲ တဲထိုးနေထိုင်ကြတယ်လို့ သိရပါတယ်။

လက်ရှိမှာ မိုးဗြဲစစ်ရှောင် လူဦးရေ ၃၀ ဝန်းကျင်ရှိနေပြီး အဝတ်တစ်ထည်၊ ကိုယ်တစ်ခု နဲ့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာကြောင့် စားနပ်ရိက္ခာ၊ နေရာထိုင်ခင်း၊ အမိုးအကာ လိုအပ်ချက်ရှိနေတယ်လို့ ဆိုပါတယ်။

spot_img
spot_img