spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒကစမှ သိမ်းဆည်းထားမြေဧက ၂၀ဝ ကျော် ပြန်စွန့်ရန် ဒေသခံများ ဆန္ဒပြ

Author

Date

Category

စိုးရယ်

တပ်သိမ်းမြေ ပြန်လည်ရရှိရရန်နှင့် အကျင့်ပျက်ဝန်ထမ်းများကို အလိုမရှိကြောင်း လွိုင်ကော်ဒေသခံ ၂၀ဝ ကျော်က ဧပြီလ ၂၃ ရက်နေ့တွင် ဆန္ဒထုတ်ဖေါ်သည်။

ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(လွိုင်ကော်)မှ ၂၀၀ရ ခုနှစ်ကတည်းက သိမ်းယူထားခြင်းအပေါ် ပြန်စွန့်လွှတ်ရန် မထောခူရွာနှင့် ဇရပ်ဖြူရွာသူ/သားတို့စုပေါင်း၍ လူအင်အား ၂၀ဝ ကျော်က လွိုင်ကော်မြို့အတွင်း စီတန်းလမ်းလျှောက်ကာ တောင်းဆိုသည်။

လောပိတကျေးရွာအနီးတွင် ၎င်းတို့၏ မြေကို ဒကစက သိမ်းယူခဲ့ပြီးနောက် စရဖ တပ်မှူး(ငြိမ်း) ဦးထွန်းရွှေ၏ နာမည်ဖြင့် မြေစာရင်း ပုံစံ ရ ထုတ်ပေးခဲ့ခြင်းအပေါ် တောင်သူများက မကျေနပ်ပေ။

အစောပိုင်းကာလ၌ ယင်းမြေယာပြဿနာကို ကယားပြည်နယ်လွှတ်တော်က ကြားနာစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ယင်းနောက် လွှတ်တော်က ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြသည်။

ဝန်ကြီးချုပ်ကမူ လွှတ်တော်မှ တင်ပြလာသော ယင်းကိစ္စအား မှတ်တမ်းတင်ထားကြောင်း ဆန္ဒထုတ်ဖေါ်သူ နော်ဟဲကလိုထူးက ပြောသည်။

သို့သော် မြေယာသိမ်းဆည်းပြီးနောက် ပုံစံ ရ ထုတ်ပေးခဲ့သည့် မြေယာစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၏ ဆုံးဖြတ်ချက်က မှန်ကန်သည်ဟု ဝန်ကြီးချုပ်မှ ၎င်းတို့နှင့် တွေ့ဆုံစဉ် သဘောထားမှတ်ချက်ပေးခဲ့ကြောင်း နော်ဟဲကလိုထူးက ပြောသည်။

“ကိုယ့်ရဲ့မူလလက်ငုတ် အမှန်တကယ်လုပ်လာခဲ့တဲ့နေရာကို တဖက်လူကို တဖက်စောင်းနင်းပြီးတော့ ပေးလိုက်တယ်ဆိုတာ ကျွန်မတို့အနေနဲ့ လက်မခံနိုင်ဘူး။ အဲဒါကိုပြောပြတယ်၊ အဲဒါကို ဝန်ကြီးချုပ်က လက်မခံခဲ့ဘူး။ သူကပြောတာပေါ့နော အစ်မတို့ စာချွန်လွာနဲ့ တက်ချင်တယ်ဆိုလည်း တက်ပေါ့နော်။”ဟု ၎င်းက ပြောသည်။

ဌာနဆိုင်ရာ၏ ဆောင်ရွက်ချက်သည် မူလပိုင်ဆိုင်သူများအပေါ် အလေးမထားခဲ့သည့်အပေါ် “ဦးထွန်းရွှေဟာ မြေဧက ၂၀ဝ ကျော်ရရှိထားတာ လုံးဝမဖြစ်နိုင်ဘူး။ သူ့ရဲ့ ရပိုင်ခွင့်နဲ့ အာဏာကို အသုံးချခဲ့တယ်။”ဟု နော်ဟဲကလိုထူးက ပြောသည်။

အဆိုပါ တပ်သိမ်းမြေပြန်လည်ဖြေရှင်းပေးရေးကို ပြည်နယ်အစိုးရသို့ တင်ပြခဲ့ပြီး ၂ လ တုန့်ပြန်ဖြေရှင်းပေးခြင်း မရှိကြောင်း မြန်မာနိုင်ငံတောင်သူလယ်သမားပြည်သူ့ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဒုဥက္ကဌ ဦးတင်ရွှေက ပြောသည်။

“တရားဝင်စစ်ဆေးဆောင်ရွက်ရမယ်ဆိုတဲ့ အချက်ကို မျက်ကွယ်ပြုပြီး ခပ်တည်တည်နဲ့ ဌာနမှာ မှတ်ပုံတင်ပြီးထားသလိုလိုနဲ့ ဦးပိုင်တွေကို ထည့်သွင်းစစ်ဆေးပြီးတော့ စရဖ ဦးထွန်းရွှေကို အနိုင်ပေးခဲ့တယ်။”ဟု ဦးတင်ရွှေက ဝေဖန်သည်။

spot_img
spot_img

Recent posts