Land Confiscation & Farming
လွိုင်ကော်မြို့နယ် မြေနီကုန်းကျေးရွာမှ တောင်သူတစ်ဦးကို ယနေ့နံနက်ပိုင်းတွင် ရဲစခန်းမှ ဖမ်းဆီးခေါ်ဆောင်သွား
ကန္တာရဝတီတိုင်း(မ်)
လွိုင်ကော်မြို့နယ် မြေနီကုန်းကျေးရွာနေ တောင်သူ ဦးဦးရယ်အား ယနေ့ လွိုင်ကော်မြို့မရဲစခန်းမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံလိုက်ရသည်ဟု ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ ကိုတူရယ်ကပြောပါသည်။
" ဒီနေ့ပဲ သူ့ကလေးကျောင်းသွားပို့တဲ့အချိန်က သူ့ကိုတခါတည်း ဖမ်းခေါ်သွားတာပါ။" ဟု ကိုတူရယ်က ပြောပါသည်။
ဦးဦးရယ်သည် မြေနီကုန်းကျေးရွာနေ တောင်သူတစ်ဦးဖြစ်ပြီး ၎င်း၏ ဘိုးဘွာစဉ်ဆက်လုပ်ကိုင်စားလာသည့် တောင်ယာမြေဧက ၂ဝခန့်ကို သိမ်းဆည်းထားခြင်းခံရသည့် တောင်သူတစ်ဦးဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လအတွင်းတွင် လွိုင်ကော်မြို့နယ်အတွင်းရှိတောင်သူများ၏ စိုက်ပျိုးမြေများပေါ်တွင် ခြေမြန်တပ်ရင်း (ခ.မ.ရ.၂၅၀) နှင့် အမြောက်တပ်...
Land Confiscation & Farming
စစ်တပ်မှ တပ်သိမ်းမြေနေရာတွင် အုတ်တံတိုင်းခတ်ရန် တိုင်များစိုက်ထူနေမှုကို တောင်သူများက ဖယ်ရှား
နော်ဒွေးအယ်ခူ
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါမူကလားကျေးရွာမှ တောင်သူများစိုက်ပျိုးရာ
တောင်ယာမြေကို အမတ ၃၅၆ နှင့် ခမရ ၂၅ဝ တပ်တို့မှ တပ်သိမ်းမြေအဖြစ် သတ်မှတ်ထားပြီး
အုတ်တံတိုင်းခတ်ရန် တိုင်များ စိုက်ထူထားခြင်းကို ဒေသခံတောင်သူများက ဇွန်လ
၂၁ရက်နေ့ နံနက်ပိုင်းတွင် ဖယ်ရှားဖျက်ဆီးလိုက်ကြောင်း သိရသည်။
“သူတို့ကလည်း ငါတို့မှန်လို့ငါတို့လုပ်တယ် မင်းတို့လည်း
မင်းတို့မှန်တာလုပ် ဆိုတော့လည်း တောင်သူတွေကလည်း ဒေါသတွေဖြစ်လာတယ်ပေါ့။ ဒီလိုမှ
မကာကွယ်လည်း နည်းလမ်းမရှိတော့ဘူး။ အစိုးရကလည်း ပါဝင်ပြီးတော့
ကြားဝင်စေ့စပ်ပေးတာမျိုးလည်း မရှိလို့လေ။ အဲဒါကြောင့်တောင်သူတွေလည်း
ဒီလိုအင်နဲ့အားနဲ့ အားလုံး...
Land Confiscation & Farming
ငွေတောင်ရွာဟောင်း စစ်တပ်က ခြံစည်းရိုးခတ်ထားသည့်ကိစ္စ ဖြုတ်ပေးရန် ဒေသခံများတောင်းဆို
ကိုရယ်
ခလရ (၁၀၂)တပ်ရင်းက အသုံးမပြုပဲ သိမ်းဆည်းထားသည့် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ငွေတောင်ရွာဟောင်းကို စစ်တပ်က ခြံစည်းရိုးခတ်ထားလိုက်သည့်ကိစ္စကို ဖြုတ်သိမ်းပေးရန် ဒေသခံများက ပြည်နယ်အစိုးရအဖွဲ့ ထံ တောင်းဆိုတင်ပြထားသည်ဟု သိရသည်။
“ခြံစည်းရိုးခတ်တာတို့ တော့ တင်ပြတာပဲလေး။ သူတို့ရဲ့ သူတို့ဟာနဲ့သူတို့ သီးသန့်ဆောင်ရွက်နေတာပဲလေး။ ဒါပေမယ့်ဒါကိုတော့ ခရိုင်ကနေတော့ ခေတ္တရပ်ဆိုင်းပေးဖို့ အဲလောက်ပါပဲ။” ငွေတောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းချိုက ပြောပါသည်။
ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့...
Land Confiscation & Farming
ဒေသခံများကန့်ကွက်သည့် မြေလွတ်မြေလပ်လုပ်ပိုင်ခွင့်ကိစ္စ သီးခြားစစ်ဆေးသွားမည်ဟုဆို
ကန္တာရဝတီတိုင်း(မ်)
ဒေသခံများကန့်ကွက်သည့် ဖရူဆိုမြို့နယ်အတွင်းရှိ မြေလွတ်မြေလပ်လုပ်ပိုင်ခွင့် လျှောက်ထားသည့် ကိစ္စနှင့် ပတ်သက်ပြီး အထက်သို့ဆက်လက် တင်ပြသွားမည်ဖြစ်ပြီး သီးခြားစစ်ဆေးသွားမည်ဖြစ်ကြောင်း ဖရူဆိုမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်မှူး ဦးရဲထွန်းဦးက ပြောပါသည်။
“ကန့်ကွက်စာကို တရားဝင်တင်တော့လက်ခံတယ်။ အခုလည်းလက်ခံထားတယ်။ ကျနော်တို့က မြို့နယ်အဆင့် ဖြစ်တဲ့အတွက်ကြောင့် ကန့်ကွက်လွှာရှိတဲ့အတွက်ကြောင့် အထက်ကို လမ်းညွန်မှု ခံယူမှာပဲကျနော်တို့က။ ခရိုင်ကနေ ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း...
Land Confiscation & Farming
တပ်ရင်းအနီး တောင်သူတွေ ထွန်ယက်စိုက်ပျိုးပါက စစ်တပ်မှ တရားစွဲမည်ဟု ဆို
ကန္တာရဝတီတိုင်း(မ်)တပ်ရင်းအနီးရှိတောင်ယာမြေနေရာမှာတောင်သူတွေ ထွန်ယက်စိုက်ပျိုးလုပ်ကိုင်မည်ဆိုပါက စစ်တပ်ကတရားစွဲဆိုမည်ဟု ခြိမ်းခြောက်ခံနေရကြောင်း လွိုင်ကော်မြို့နယ် ဒေါမူကလားကျေးရွာမှ တောင်သူတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၁ရရက်တုန်းက တောင်သူတွေ ထွန်ယက်စိုက်ပျိုးနေတာကို ခလရ(၂၅၀) တပ်ရင်းက အာဏာပိုင်တွေက စစ်ဝတ်စုံဝတ်ဆင်လာပြီး ဆက်မလုပ်ကြဖို့ လာရောက်တားဆီးတာတွေ ရှိခဲ့ပါတယ်။
ဒေါမူကလားတောင်သူတစ်ဦးဖြစ်တဲ့ ဦးရှားရယ်က “တောင်ယာမိုးလည်းကျခါစပြီဆိုတော့ တောင်ယာရှင်းတုန်း ထယ်တုန်းထွန်တုန်းလုပ်တုန်းပဲ ရှိသေးတယ် သူတို့ ၂၅ဝတပ်ပဲ ဖြစ်ဖြစ်၊ အမြှောက်တပ်ပဲ ဖြစ်ဖြစ် သူတို့ တပ်ဧရိယာဆိုပြီးမှ...
Land Confiscation & Farming
ရွှေ့ပြောင်းတောင်ယာလျော့ကျစေရန် ကုန်းမြင့်လယ်ယာမြေများ ဖော်ထုတ်လုပ်ဆောင်
မူဂျာမီလှိုင်
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်မှု လျော့ကျလာစေရန်အတွက် ကုန်းမြင့်လယ်ယာဖော်ထုတ်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်နေကြောင်း သိရသည်။
" သဘာဝတောတောင်ရေမြေတွေမပျက်စီးအောင် တောင်ကတုံးမှာ တောင်ယာမီးရှို့မှုတွေမရှိအောင် ရွှေ့ပြောင်းတောင်ယာစနစ်တွေပပျောက်အောင် အစ်မတို့က ကွန်တိုလိုင်းတွေဖော်ပြီးစိုက်ပျိုးတာတို့ ကုန်းမြင့်လယ်ယာဖော်တာတို့ ဒါမျိုးတွေကို ဆောင်ရွက်ပေးတာပေါ့" ဟု ဖယ်ခုံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းထက်ကဆိုသည်။
သစ်တော၊ သစ်ပင်များမပြုန်းတီးမပျက်စီးရန် တောင်ကတုံးဒေသများတွင်လည်း နှစ်ရှည်ပင်များစိုက်ပျိုးနိုင်ရန်အတွက်လည်း တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ပြီး အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ဆောင်ရွက်ပေးနေကြောင်းသိရသည်။
ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအုပ်စုရှိ ကျေးရွာများသည် ရွှေ့ပြောင်းတောင်ယာများကို...