spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီမော့ဆိုမြို့နယ် ဘုရားဖြူကျေးရွာအုပ်စု တောင်သူတွေ မိုးမကျမှီ လယ်ယာလုပ်ကိုင်ခွင့်ရရှိဖို့ စောင့်ဆိုင်းနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီမော့ဆိုမြို့နယ်၊ ဘုရားဖြူကျေးရွာအုပ်စုရှိ ကွင်းအမှတ်(၆၇) ဦးပိုင်အမှတ် (၁) (ပ.လ.ဖ) စိုက်ကွင်းမှာ အခကြေးငွေနဲ့ တောင်သူတွေက မိုးမကျမှီ လယ်ယာလုပ်ကိုင်ခွင့် ပြန်လည်ရရှိဖို့ စောင့်ဆိုင်းနေကြတယ်လို့ သိရပါတယ်။

အဲဒီ (ပ.လ.ဖ)စိုက်ကွင်းမှာ ၂၀၀၈ခုနှစ်မှာ တောင်သူ သုံးဦးကနေ စငှားလာပြီး ၂၀၁၀ခုနှစ်မှာတော့ ဘုရားဖြူကျေးရွာအုပ်စုကတောင်သူတွေက စိုက်ကွင်းတာဝန်ခံကို အခကြေးငွေနဲ့ ငှားရမ်းစိုက်ပျိုးလာခဲ့ပြီး အခုလို စိုက်ပျိုးချိန်မမှီပါက အခက်အခဲရှိနိုင်တယ်လို့ ဘုရားဖြူကျေးရွာမှာနေထိုင်တဲ့ ဦးကြီးညိုက ပြောဆိုပါတယ်။

“ဒီကျေးရွာက တခြားစိုက်ပျိုးစရာလည်းမရှိဘူးကော လယ်ပဲအားကိုးစရာရှိကော ဒီလယ်မလုပ်ရရင်တော့ ကျန်းမာရေးကော စီးပွားရေးကော ပညာရေးကော အခက်အခဲရှိတာပေါ့” လို့ ဦးကြီးညိုက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်မှာ (ပ.လ.ဖ) စိုက်ကွင်းမှူးက လျှော်ဖြူစိုက်ပျိုးဖို့ ဘုရားဖြူကျေးရွာက တောင်သူတွေ ဌားရမ်းစိုက်ပျိုးတဲ့ လယ်မြေကို အသုံးပြုလိုက်တာဖြစ်ပါတယ်။

တောင်သူတွေ ဌားရမ်းစိုက်ပျိုးတဲ့လယ်မြေဟာ ယခင် မြေလွတ်မြေလပ်မြေရိုင်းဖြစ်ပြီး အဲဒီမြေကို ခုတ်ထွင်ရှင်းလင်းကာ စိုက်ပျိုးမြေအဖြစ်ရရှိနိုင်ဖို့အတွက် လူအင်အား/ငွေအင်အား အမြောက်အများကုန်ကျခံခဲ့ရတာကြောင့် အဲဒီမြေကို လုပ်ပိုင်ခွင့်ပြန်ရဖို့ စောင့်ဆိုင်းနေကြတာပဲဖြစ်ပါတယ်။

လျှော်ဖြူစိုက်ပျိုးတာက ပြည်နယ်စီမံချက်နဲ့ လုပ်တယ်လို့ (ပ.လ.ဖ)စိုက်ကွင်းမှူး ဦးဝင်းညွှန့်ကပြောမယ့်လည်း အစိုးရလယ်မြေဖြစ်တာကြောင့် တောင်သူတွေကို ခေါ်တွေ့စရာမလိုဘူးလို့ ၎င်းကပြောဆိုခဲ့ပြီး အစားထိုးမြေမရှိတာကိုလည်း ပြောဆိုခဲ့တယ်လို့ တောင်သူတွေရှင်းပြပါတယ်။

လယ်မြေဌားရမ်းခပေးဆောင်တာနဲ့ပတ်သက်ပြီးတော့ စိုက်ကွင်းမှူးကို နှစ်စဉ် လယ်ဧကအလိုက် အခပေးဆောင်ပေမယ့်လည်း စိုက်ကွင်းမှူးက အဲ့ဒီအခကြေးငွေကို နိုင်ငံတော်ကိုအခွန်မဆောင်ဘဲ အလွဲသုံးစားလုပ်ခဲ့တာကို လွှတ်တော်ကိုယ်စားလှယ်၊ လွှတ်တော်အဖွဲ့၊ တိုင်စာပစ်စာအဖွဲ့လာရောက်စစ်ဆေးတဲ့အခါမှာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ဘုရားဖြူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝေလင်းမိုးက “သုံးကြိမ်တိတိသူနဲ့ဆွေးနွေးတယ်။ အဆင်မပြေလို့ ကျတော်စာတင်မယ် စာထဲမှာအဓိက ကျတော်ရေးထားတာက ကျတော်တို့တောင်သူတွေက ဒီစိုက်ကွင်းကိုမှီခိုနေရတဲ့တောင်သူတွေ လယ်မရှိတဲ့တောင်သူပေါ့နော အဲတော့ ကျတော်တို့ကိုပြန်လည်စိုက်ပျိုးခွင့်ပေးပါ အဲဒါပဲတင်လိုက်တယ် နောက်မှာတောင်သူတစ်ဦးချင်းနဲ့လက်မှတ်ပါတယ်။ တင်လိုက်တဲ့အချိန်မှာ လွှတ်တော်ကိုယ်စားလှယ်တွေဆို ဒီမှာအမြဲရောက်တယ် လွှတ်တော်အဖွဲ့ဆိုအမြဲရောက်တယ် တောင်သူတွေလည်းပြောပြတယ်” လို့ ရှင်းပြပါတယ်။

စိုက်ကွင်းမှူးကို လွှတ်တော်အဖွဲ့ကမေးကြည်တဲ့အခါမှာ ဌားရမ်းခအနေမျိုးမဟုတ်ဘဲ ရံပုံငွေအနေနဲ့သာ ပေးဆောင်စေပြီး မြောင်း လမ်း ဖောက်လုပ်ပေးတယ်လို့သာပြောဆိုခဲ့ပြီး တောင်သူတွေဌားရမ်းခပြန်တွက်ကြည့်လိုက်တဲ့အချိန်မှာ သိန်းတစ်ထောင်ကျော်ရှိပါတယ်။

ပြည်နယ်ရံပုံငွေထဲလည်းမဝင်သလို နိုင်ငံတော်မှာ တရားဝင်ဖြစ်တာလည်း ၂၂၀ဧကသာရှိပြီး မြေပြင်မှာ တောင်သူ ၁၉၀ကျော်က ဧကပေါင်း ၄၀၀အတွက် အခကြေးငွေပေးဆောင်နေရတာပဲဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်ကို တောင်သူတွေက လွှတ်တော်ကို တိုင်တန်းခဲ့ရာမှတဆင့် အဆင့်ဆင့်ဖော်ထုတ်ခဲ့ပြီး လက်ရှိမှာ စိုက်ကွင်းမှူးက အချုပ်ခန်းကနေ တရားရင်ဆိုင်နေရတယ်လို့ တောင်သူတွေရဲ့ပြောပြချက်အရသိရပါတယ်။

အဲဒီမြေဧက ၄၄၀ဝန်းကျင်ကို ပြည်ထောင်စုက စွန့်လွှတ်မြေအဖြစ်ပြန်လည်စွန့်လွှတ်ပေးဖို့အတွက် စာတင်ထားပြီးဖြစ်သလို ၆လပိုင်းမတိုင်မှီ စိုက်ပျိုးခွင့်ကို မျှော်လင့်နေပြီး အဲနောက်ပိုင်းမှာစိုက်ပျိုးမယ်ဆိုရင် စပါးစိုက်နောက်ကျမှာဖြစ်သလို အထွက်နှုန်းကျဆင်းသွားမှာကို စိုးရိမ်နေကြပါတယ်။

အဲဒီ ဒီမော့ဆိုမြို့နယ် ဘုရားဖြူကျေးရွာအုပ်စုမှာရှိတဲ့ (ပ.လ.ဖ)စိုက်ကွင်းကို နန်းမယ်ခုံ၊ ဘုရားဖြူ၊ အိုကေ၊ ဆီလီးဒုန်းကျေးရွာကတောင်သူ ၁၉၀ကျော်က (ပ.လ.ဖ) စိုက်ကွင်းမှာ အခကြေးငွေနဲ့ ဌားရမ်းလုပ်ကိုင်စားသောက်နေကြပြီး တစ်နှစ်တစ်သီးနှုန်းနဲ့ တရုတ်မွှေး၊ ရွှေရင်အေး၊ ရှမ်းဆန် စတဲ့ဆန်းစပါးကို စိုက်ပျိုးကြပါတယ်။

spot_img
spot_img

Recent posts