spot_img
Wednesday, June 29, 2022
spot_img

အလင်းရောင်ကိုပိတ်ဆို့ထားတဲ့ တရားခံ

Must read

spot_img

ဂျွန်ဖရီးကိုု

ဖွံဖြိုးတိုုးတက်တဲ့ လူမှုအသိုုင်းအဝန်း တစ်ခုု တည်ဆောက်တဲ့နေရာမှာ အခြေခံကျတဲ့ အရာဟာ ပညာရေး ပဲဖြစ်ပါတယ်။ အာဏာရှင် ပညာရေး ဒါမှမဟုုတ် အလွတ်ကျက်ပညာရေး ကိုု ဆိုုလိုုနေတာတော့ မဟုုတ်ပါ။ မိမိတိုု့ရဲ့ အတွေးအခေါ်၊  အသိအမြင်၊ တီထွင်ဖန်တီးနုိုင်မှု စွမ်းရည် စတဲ့ အရာတွေကိုု ပိုုမိုုကောင်းမွန်လာအောင် သင်ယူ လေ့လာနိုုင်တဲ့ အရည်အသွေးပြည့် ပညာရေးကိုု ဆိုုလိုုခြင်းပါ။

ယခုုအချိန်မှာတော့ မြန်မာနိုုင်ငံအတွင်း နိုုင်ငံရေး ပြုပြင်ပြောင်းလဲမှု များ တဖြည်းဖြည်း ရှိလာသလိုု ဆယ်စုုနှစ်များစွာ နောက်ကျကျန်နေခဲ့ ရတဲ့ ပညာရေးစနစ် ကိုလည်း အပြောင်းအလဲများနဲ့ စတင်ဖို့ ခြေလှမ်းပြင်နေကြပါပြီ။

Right to Education : ပညာသင်ယူဖို့အခွင့်အရေး
မြန်မာနိုုင်ငံမှာ လူမျိုးပေါင်း ၁၅၃ မျိုးခန့် နေထိုုင်ပြီး လူဦးရေ ၅၁ သန်းကျော်ရှိတဲ့အနက် ပညာသင်ယူခွင့် ဆုုံးရှုံးနေတဲ့ ကလေးအရေအတွက် ဟာ ၁ သန်းကျော်ခန့် ရှိနေပါသေးတယ်လိုု့ နိုုင်ငံအတွင်း ပညာရေးဆိုုင်ရာ အကူအညီပေးနေတဲ့ အစိုုးရမဟုုတ် အဖွဲ့အစည်း Unicef ရဲ့ ၂၀၁၅ ခုုနှစ် ပညာရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မတူကွဲပြားတဲ့ ထုုံးတမ်းဓလေ့ ယဉ်ကျေးမှုများကြားမှာ လူနေမှုဘဝ ဖွံ့ ဖြိုးတိုုးတက်ဖိုု့ အတွက် လိုအပ်နေတဲ့ အရာတခုုကတော့ ပညာသင်ယူခွင့်အရေးသည်သာ အဓိက ကျနေလိမ့်မယ်ဆိုတာ သံသယရှိဖို့မလိုပါဘူး။

Ateneo De Davao တက္ကသိုုလ် ရဲ့ဒုုတိယ ပါမောက္ခ ဒေါက်တာ Lourdesita Sobrevega Chan အား ထိုုင်းနိုုင်ငံ၊ မဲ့ဟောင်ဆောင် တွင် ကျင်းပပြုလုုပ်သော ကရင်နီပညာရေး ညီလာခံ တွင်တွေ့ ရစဉ်။
Ateneo De Davao တက္ကသိုုလ် ရဲ့ဒုုတိယ ပါမောက္ခ ဒေါက်တာ Lourdesita Sobrevega Chan အား ထိုုင်းနိုုင်ငံ၊ မဲ့ဟောင်ဆောင် တွင် ကျင်းပပြုလုုပ်သော ကရင်နီပညာရေး ညီလာခံ တွင်တွေ့ ရစဉ်။

“ပညာသင်ယူဖို့အခွင့်အရေး ဆိုတာဟာ မည်သူမဆို အသိအမြင်ဆိုင်ရာ ဖြစ်စေ၊ စိတ်ပိုင်းဆိုုင်ရာဖြစ်စေ၊ အတွေးအခေါ်ပိုင်းဆိုုင်ရာဖြစ်စေ၊ အဲ့ဒါတွေကိုု လွတ်လွတ်လပ်လပ် သင်ယူလေ့လာ နိုင်ဖို့ အခွင့်အလမ်းများ ပေးထားခြင်း လို့ ကျမအနေနဲ့ နားလည်ထားပါတယ်။” လိုု့ Ateneo De Davao တက္ကသိုုလ် ရဲ့ဒုုတိယ ပါမောက္ခ ဒေါက်တာ Lourdesita Sobrevega Chan က ပြောပါတယ်။


Quality education: အရည်အသွေးရှိတဲ့ ပညာရေး

လတ်တလော မြန်မာ့ အခြေခံ ပညာရေး စနစ်ဟာ အလွတ်ကျက် ပညာရေး စနစ်တစ်ခုု ဖြစ်ပြီး ယခုုခေတ်ကာလနဲ့ ကိုုက်ညီမှုမရှိတော့တာကိုု ပညာရှင်များကလည်းသတိမူ လာကြပါတယ်။ ပညာသင်ယူခွင့်ရရှိပေမယ့်လည်း အရည်အသွေးရှိတဲ့           ပညာရေး ဖြစ်ဖိုု့ဆိုုတာက နှစ်ပေါင်း ၆ဝ ကျော် ကျင့်သုုံးလာတဲ့ စနစ် တစ်ခုုကိုု ပြုပြင်ပြောင်းလဲမှုတွေ ပြုလုုပ်ဖို့ ခြေလှမ်းပြင်နေတဲ့ နိုုင်ငံရဲ့ စိန်ခေါ်မှု တစ်ရပ်ဖြစ်နေပါတယ်။

Ateneo De Davao တက္ကသိုုလ် ရဲ့ဒုုတိယ ပါမောက္ခ ဒေါက်တာ Lourdesita Sobrevega Chan အား ထိုုင်းနိုုင်ငံ၊ မဲ့ဟောင်ဆောင် တွင် ကျင်းပပြုလုုပ်သော ကရင်နီပညာရေး ညီလာခံ တွင်တွေ့ ရစဉ်။
Ateneo De Davao တက္ကသိုုလ် ရဲ့ဒုုတိယ ပါမောက္ခ ဒေါက်တာ Lourdesita Sobrevega Chan အား ထိုုင်းနိုုင်ငံ၊ မဲ့ဟောင်ဆောင် တွင် ကျင်းပပြုလုုပ်သော ကရင်နီပညာရေး ညီလာခံ တွင်တွေ့ ရစဉ်။

“ကျမအနေနဲ့ အရည်အသွေးရှိတဲ့ ပညာရေး ဆိုတာကိုပြောရမယ်ဆိုရင်တော့ သင်ကြားနေတဲ့ ဘာသာရပ်တွေဟာ လတ်တလောဖြစ်ပျက်နေတဲ့ အခြေအနေအရပ်ရပ်နဲ့ ကိုုက်ညီမှုလည်း ရှိသလို၊ ဘယ်သူမဆို လွတ်လပ်စွာ သင်ယူလေ့လာခွင့်ရပြီး၊ ကျမတို့ လူသားမျိုးနွယ်စု အတွက် အကျိုးပြုမယ့် ပညာရေး ပဲလို့ယုုံကြည်ထားပါတယ်။” သူမ Doctor Lourdesita Sobrevege Chan ကပဲ ဆက်ပြောပါတယ်။

Federal Education: ဖယ်ဒရယ် ပညာရေး
တဖက်မှာ လည်း ပြည်တွင်းစစ်၊ ပဋိပက္ခတွေကြောင့် အခွင့်အရေးများဆုုံးရှုံး နေရတဲ့ စစ်ဘေးရှောင် တိုုင်းရင်းသား ဒုုက္ခသည်တွေရဲ့ ပညာရေးက လည်း နိုုင်ငံရေး ဂယက်ရိုုက်ခတ်မှုတွေ အကြားမှာ စိန်ခေါ်မှုများ နဲ့ ရင်ဆိုုင်နေရပါတယ်။ ဒုုက္ခသည်တွေကို နေရပ်ဆီ ပြန်ပိုု့ဖို့ နှစ်နိုုင်ငံ တံခါးပိတ် ဆွေးနွေးမှုများ နဲ့ ၎င်းတိုု့ကိုု ပံ့ပိုုုုးပေးနေတဲ့ NGOs, UNHCR တုို့မှ လူသားချင်းစာ နာမှု အထောက် အပံ့လျော့ကျ လာခြင်းများ စတဲ့ အရာတွေကလည်း အဓိက ပါဝင်နေပါတယ်။

ကရင်နီပညာရေးဝန်ကြီး ဦးအောင်ဆန်းမြင့်
ကရင်နီပညာရေးဝန်ကြီး ဦးအောင်ဆန်းမြင့်

ထိုုင်းနိုုင်ငံ၊ မယ်ဟောင်ဆောင်ခရိုုင်အတွင်းမှာ ရှိတဲ့ ကရင်နီ ဒုုက္ခသည်စခန်းရဲ့ကရင်နီပညာရေး တာဝန်ခံ ဆရာမ မော်အဲလိဇဘက် မိမာ က “ပထမ အချက်အနေနဲ့ ကြည့်မယ်ဆိုလိုု့ ရှိရင် ဒီ (မြန်မာ) အစိုုးရဖက်က ရှင်းလင်းတဲ့ မူပေါ်လစီဆိုတာ ဘာမှ မရှိသေးဘူး။ ဒီဒုုက္ခသည် ပညာရေး အတွက် ဖြစ်စေ၊ တခြား အခြေချ ပြန်လည် နေထိုုင်ဖိုု့ အတွက်တောင် ဘာမှ ဆွေးနွေးထားတာမရှိသေး တဲ့အခါကျတော့ ကျမတိုု့ ဘယ်ကနေစပြီး ပြင်ဆင်ရမလဲ ဆိုုတဲ့ အခက်အခဲတွေ အများကြီး ရှိတယ်ပေါ့။”လို့ ဆိုပါတယ်။

ကရင်နီ ပညာရေး တာဝန်ခံ ဆရာမ မော်အဲလိဇဘက် မိမာ အား ကရင်နီ ပညာရေးညီလာခံ တွင်တွေ့ရစဉ်
ကရင်နီ ပညာရေး တာဝန်ခံ ဆရာမ မော်အဲလိဇဘက် မိမာ အား ကရင်နီ ပညာရေးညီလာခံ တွင်တွေ့ရစဉ်

နှစ်ဖက်အစိုုးရရဲ့ ဒုုက္ခသည်အရေးဆွေးနွေးမှုတွေဟာ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက်ကြောင့် ဒုုက္ခသည်ပညာရေးစနစ်ကိုု    ပြင်ဆင်မှုပြုလုုပ်တဲ့ အခါ အဟန့်အတား တစ်ခုုဖြစ်နေပါတယ်။ လတ်တလော ထိုုင်း-မြန်မာ နယ်စပ်မှာ ဒုုက္ခသည်စခန်း ၉ ခုု ရှိပြီး လူဦးရေ ၁၂၀,၀၀ဝ ကျော်ခန့် နေထိုုင်လျက်ရှိနေပါတယ်။

တဆက်တည်းမှာပဲ ၂၁ ရာစုု ပင်လုုံညီလာခံ မှာ တိုုင်းရင်းသားတွေအနေနဲ့ ပညာရေး ကိုု ဖယ်ဒရယ်ပညာရေး အဖြစ်သွားလိုု   ကြောင်း ဆန္ဒပြုဆွေးနွေးမှုများ ရှိခဲ့ပါတယ်။ ပြည်နယ်အတွင်းရှိ လူ့စွမ်းအားအရင်းအမြစ်ဖြစ်စေ၊ ရုုပ်ဝတ္ထုအရင်းအမြစ်ဖြစ်စေ  ပညာရေးအတွက် ပြည်နယ် မှ လွတ်လပ်စွာ မျှဝေ သုုံးစွဲခြင်းလိုု့ ဆိုုနိုုင်ပါတယ်။

“ဖယ်ဒရယ်ပညာရေးလိုု့ ပြောလိုုက်တာနဲ့ အဓိက ကတော့ ကျနော်တိုု့ ပြည်နယ်မှာ ပညာရေးနဲ့ပတ်သက်လိုု့ ကိုုယ်ပိုုင် ပြဌာန်းခွင့်တွေ၊ ကုိုယ်ပိုုင်စီမံခန့် ခွဲခွင့်တွေ ကျနော်တိုု့ တိုုင်းရင်းသားတွေစီတိုုင်းမှာ ရှိရမယ်။” ဟုု ကရင်နီ ပညာရေး ဝန်ကြီး               အောင်ဆန်းမြင့် က ပြောပါတယ်။

ထိုုင်းနိုုင်ငံ မဲ့ဟောင်ဆောင်ခရိုုင်တွင် ပြုလုုပ်သော ကရင်နီပညာရေးညီလာခံ
ထိုုင်းနိုုင်ငံ မဲ့ဟောင်ဆောင်ခရိုုင်တွင် ပြုလုုပ်သော ကရင်နီပညာရေးညီလာခံ

ပညာသင်ယူခွင့်အရေး ဟာ ဒီမိုုကရေစီနိုုင်ငံတိုုင်းရဲ့ အခြေခံ ကျသည့် လူ့အခွင့်အရေး တခုုလည်း ဖြစ်ပါတယ်။ မြန်မာ နိုုင်ငံဟာ အာဏာရှင် အုုပ်ချုပ်တဲ့ စနစ်မှ ပြည်သူအုုပ်ချုပ်တဲ့ ဒီမိုုကရေစီ စနစ်ကိုု ကူးပြောင်းလာတာ ရ နှစ်အတွင်းရောက်ရှိလာပါပြီ။ စစ်မှန်တဲ့ ဒီမိုုကရေစီ နိုုင်ငံအဖြစ်ပြောင်းလဲရာမှာ အဓိက ကျတဲ့ အရည်အချင်း ရှိသော ပညာရေး သင်ယူခွင့် မရှိခဲ့ဘူးဆိုုရင်တော့ တရားမျှတမှုနဲ့ လွတ်လပ်စွာ လုုပ်ပိုုင်ခွင့် ဆိုုတဲ့ အရာတွေ က ဘာအဓိပ္ဗာယ် မှ ရှိတော့မှာ မဟုုတ်ပါ။

- Advertisement -spot_img
- Advertisement -spot_img

Latest article