spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ်မှာ ဒေသခံတွေ ထပ်မံ စစ်ရှောင်နေရ

တိုက်ပွဲကြောင့် စစ်ရှောင်နေကြတဲ့ ဒီးမောဆို ပြည်သူများ (ဓါတ်ပုံ – CJ)

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့ပေါ်မှာ စက်တင်ဘာလ ၈ရက်နေ့ ဒီနေ့မနက်မှာ ၄၂၇တပ်က စစ်ကြောင်းထွက်တဲ့အတွက် ဒေသခံတွေ တိမ်းရှောင်နေကြတယ်လို့ စစ်ရှောင်ကူညီနေသူ တစ်ဦးက ပြောပါတယ်။

“ အခုလောလောဆယ် သိရသလောက်ကတော့ ထီးဆိုဖျဘက်မှာ ၄၂၇ တပ်က စစ်ကောင်စီတွေပေါ့နော။ အဲ့ဒီ စစ်ကြောင်းထွက်တယ်လို့ ကြားထားတယ်။ ပြည်သူတွေက သိထားတော့ အခုကတည်းက ကြိုရှောင်ထားကြတာပေါ့။ အဲ့လိုမျိုး အခြေအနေရှိတယ်။ အခုလက်ရှိအခြေအနေအထိက ပြေးနေတုန်းပဲပေါ့နော။ မနေ့ညက အဓိက မြို့ပေါ်ကနေ ပြေးလာတဲ့လူတွေ အခုချိန်ထိပြေးနေတုန်း။ နောက်ပြီးတော့ ကားတွေဆိုင်ကယ်တွေ အဲ့ဒီလမ်းမကြီးတစ်လျှောက်မှာ သွားနေတုန်းပဲ။ “

မနေ့(စက်တင်ဘာ ၇ရက်)က ဒီးမော့ဆို ရဲစခန်းမှာ စစ်ကောင်စီနဲ့ ကရင်နီအမျိုးသားတပ်မတော် (KA) ၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ၊ PDFတို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ကျေးရွာ(၁၀)ရွာက ဒေသခံ ၃ထောင်ကျော် တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင် နေကြရပါတယ်။

မနေ့ည(စက်တင်ဘာ ၇ရက်)က ညအချိန်မှာ ထွက်ပြေးတိမ်းရှောင်သူတွေရှိနေပြီး ဒေါပေါ်ကူးကျေးရွာမှာ ထွက်ပြေးတိမ်းရှောင်ရင်း ကားနဲ့ ဆိုင်ကယ်ချိတ်မိပြီး အသက်၈နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရပါတယ်။

စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် စံပြ၆မိုင်မှာ နေအိမ်အချို့မီးလောင်သွားပြီး ဒေါစဲကျေးရွာက နေအိမ် ၄လုံးလက်နက်ကြီးစင်သွားပါတယ်။

spot_img
spot_img