spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို ယနေ့မနက်ပိုင်း လက်နက်ကြီးအချက်ရေ မြောက်များစွာပစ်ခတ်ခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းတစ်နေရာကို ယနေ့(မေလ ၂ရက်) မနက်ပိုင်း ၇နာရီကျော်အချိန်မှာ လက်နက်ကြီးအချက်ရေ မြောက်များစွာပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

“အနီးအနားတစ်ဝိုက်မှာလူထုတွေ သွားလာတဲ့နေရာပဲပေါ့ လက်နက်ကြီးပစ်တာက။ လူထုတွေ စစ်ရှောင်ရှိတဲ့နေရာပဲ။ ထိခိုက်မှု များများစားစားတော့မရှိဘူး။ ထိခိုက်မိတဲ့သူလည်းမရှိဘူးပေါ့။ လက်နက်ကြီးက အလုံး ၂၀ ဝန်းကျင်လောက်ပစ်သွားတယ်။ တိုက်ပွဲတော့မဖြစ်ဘူး။ သူတို့(စစ်ကောင်စီ) ဆက်တိုက်ပစ်တယ်ပေါ့နော ၇နာရီဝန်းကျင်ကနေ ၁ နာရီ ၈နာရီနီးပါးလောက် ပစ်သွားတယ်။ သူတို့(စစ်ကောင်စီ) မပစ်ခင်မှာ ကင်းထောင်ဒရုန်းဝဲတယ် အကြာကြီးဝဲပြီးတော့ ပစ်တယ်။ တစ်ခါတစ်လေ ၇မိနစ်ခြားတစ်ခါပစ်တယ် တစ်ခါတစ်လေ ၄မိနစ်ခြားတစ်ခါပစ်တယ် အဲ့မျိုးပေါ့နော။ တစ်လုံးချင်းပစ်တာလည်းရှိတယ် နှစ်လုံးဆက်တိုက်ပစ်တာလည်းရှိတယ်။” လို့ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက ဒေသခံတစ်ဦးက ပြောပါတယ်။

လူထုသွားလာတဲ့အချိန် လက်နက်ကြီးကျရောက်တာကြောင့် စိုးရိမ်ထိတ်လန့်မှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၉ရက်နေ့ မနက်ပိုင်းမှာလည်း ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်း လူထုရှိရာနေရာကို လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှု လုပ်ဆောင်ခဲ့တဲ့အတွက် ဒေသခံနေအိမ်၊ ဆိုင်ခန်းတွေ မီးလောင်ပျက်စီးသွားခဲ့ပါတယ်။

ဒီးမော့ဆိုမြို့နယ်အတွင်းနဲ့ ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံ မြို့နယ်အတွင်းမှာ ဒီကနေ့ အချိန်ထိ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ပွားလျက်ရှိနေပြီး KA၊ KNDF၊ PDF ပူးပေါင်းတပ်ကနေ လက်နက်ခဲယမ်းသိမ်းဆည်းရမိသလို စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုလည်း ရှိနေပါတယ်။

spot_img
spot_img

Recent posts