spot_img
Saturday, June 10, 2023
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းတွင် စစ်ရှောင်နေသူ အသက် ၄၀ အရွယ် စစ်ရှောင်အမျိုးသားတစ်ဦး ပျောက်ဆုံးနေ

Author

Date

Category

ကေးဒူ ( ကန္တာရဝတီတိုင်း(မ်) )

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း တစ်နေရာမှာ စစ်ဘေးရှောင်နေရတဲ့ အသက် ၄၀ အရွယ် စစ်ရှောင်အမျိုးသား တစ်ဦးပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၆ ရက်နေ့ညက ပျောက်နေတာ ဖြစ်တယ်လို့ အတူစစ်ဘေးရှောင်နေတဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

“ဗုဒ္ဓဟူးနေ့ ၂၆ ရက်နေ့ ည ၈ နာရီလောက်က စပျောက်တာ”လို့ သူနဲ့အတူ စစ်ရှောင်နေတဲ့ နီးစပ်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ပျောက်ဆုံးသူအမျိုးသားဟာ ရောဂါအခံရှိသူဖြစ်ပြီး သောက်နေကျဆေး ပြတ်သွားတာကြောင့် ဆေးမသောက်ရတာလည်း ရှိတယ်လို့ အဆိုပါ အမျိုးသားက ဆက်ပြောပါတယ်။

ပျောက်ဆုံးတဲ့ရက်ကစပြီး ဒီကနေ့ ( ဧပြီလ ၃၀) ရက်နေ့အထိ အထိ ၄ ရက်ဆက်တိုက် လိုက်ရှာနေကြပေမယ့် ခုချိန်ထိ တော့ ရှာမတွေ့သေးဘူးလို့ သိရပါတယ်။

ပျောက်ဆုံးနေသူကို ရှာမတွေ့တာကြောင့် သူတို့ယုံကြည်တဲ့ ကယားရိုးရာအရ ကြက်ရိုးထိုးကြပြီး ကြက်ရိုးရဲ့ အဖြေကတော့ ပျောက်ဆုံးနေသူဟာ တောထဲမှာ မျက်စိလှည် လမ်းမှားပြီး အသက်ရှိနေသေးတယ်လို့ ဆိုတာကြောင့် ဆက်လက်ရှာဖွေသွားကြမယ်လို့ ဆိုကြပါတယ်။

တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာတွေလည်း ရှိနေဆဲဖြစ်တဲ့အတွက် ပျောက်ဆုံးသူရဲ့ လုံခြုံရေးအပြင် လိုက်လံရှာဖွေနေသူများကလည်း သူတို့ရဲ့ လုံခြုံရေးကို စိုးရိမ်ရတယ်လို့ အတူ စစ်ရှောင်နေသူတွေက ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ အမျိုးသားတစ်ဦးအတွက် ကယားရိုးရာ ကြက်ရိုးထိုးပေးနေစဉ်

Recent posts