spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုမှာ ကင်းလှည့်နေတဲ့ စစ်ကားကို ဒီးမော့ဆို PDF က တိုက်ခိုက်ပြီး စစ်သား ၆ ဦးသေဆုံး

ဓာတ်ပုံ -ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် Facebook Page

ကန္တာရဝတီတိုင်း ( မ် )

ယမန်နေ့ ( ဇွန်လ ၅ရက် ) နေ့က ဒီးမော့ဆိုမြို့နယ် မြို့မရပ်ကွက်မှာ ကင်းလှည့်နေတဲ့ စစ်ကားကို တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦး သေဆုံးသွားခဲ့တယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် ( DMO- PDF )က ထုတ်ပြန်ထားပါတယ်။

ဒီးမော့ဆို PDF နဲ့ အလယ်ပိုင်းတိုင်း ၁၁၀၂ တပ်ရင်းတို့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ မနေ့က နေ့လည် ၁ နာရီကနေ ၂နာရီအထိ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

“ သူတို့က ကင်းလှည့်နေတယ်။ နောက် ကျနော်တို့ဘက်က ဗျူဟာ ၃ ကင်းထောက်လှမ်းနေတာတွေရှိတယ်လေ။ အဲ့တာကို သူတို့က မြင်သွားတော့ သူတို့ ကားပြန်လှည့်လိုက်တာ။ ပြန်လှည့်နေတဲ့အချိန်မှာ ကျနော်တို့က သူတို့ကို အရင်ပစ်တယ်ပေါ့နော။ သူတို့က အဲ့မှာ လေးငါး ခြောက်ယောက်လောက်ကျတယ် ပြောတယ်။ အဲ့တာပြီးတော့ သူတို့ သေနတ်တွေ ရမ်သမ်းပစ်ပြီးတော့ ပြန်သွားတာ။ “ လို့ ဒီးမော့ဆို PDF တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

တိုက်ပွဲအတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖက်က အထိအခိုက်မရှိခဲ့ပေမယ့် စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတာတွေ ရှိခဲ့တဲ့အတွက် ဒေသခံနေအိမ်တချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“ သူတို့လူကျသွားလို့ သူတို့ပြန်လှည့်တဲ့အချိန်မှာ လက်နက်နဲ့ ရမ်းသမ်းပစ်တယ် တစ်ချက်။ ပြီးတော့ သူတို့ အလောင်းတွေ ကာကောက်တဲ့အချိန်မှာ သူတို့ လက်နက်ကြီးတွေနဲ့ ရမ်းထုတာ တစ်ချက်။ အဲ့တစ်ချက်ပဲရှိတယ်။ ကျနော်တို့လူတော့ ဘာမှ ထိခိုက်တာ မရှိဘူး။ ဘယ်နှအိမ်လဲဆိုတော့ သုံးလေးလုံးလောက်ရှိတယ်။ သူတို့ လာကောက်နေတဲ့ အချိန်မှာ သူတို့ ၇၉ တွေနဲ့ RPG တွေနဲ့ ရမ်းလျှောက်ထုပြီးတော့မှ သူတို့လာကောက်သွားတယ်။ “ ဒီးမော့ဆို PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းမှာ ကရင်နီပြည်တိုက်ပွဲအတွင်း စစ်ကောင်စီ ၁၀၇ ဦးကျဆုံးခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

spot_img
spot_img