spot_img
Sunday, January 29, 2023
spot_img

ဒီးမော့ဆိုအခြေစိုက် ခလရ ၁၀၂တပ်မှ တပ်သားတစ်ဦး CDM ပြုလုပ်

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း( မ် )

ကရင်နီပြည် ဒီးမော့ဆို အခြေစိုက် ခလရ ၁၀၂ တပ်မှ တပ်သား မောင်ဇင်မျိုးထက်ဟာ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် ( KNDF-B 10 ) ထံ CDM ဝင်ရောက် ပြုလုပ်လာခဲ့ပါတယ်။
စစ်အာဏာရှင်စနစ်ကို မကြိုက်တဲ့အတွက် တပ်ထဲကနေ ခြေဦးတည်ရာကို ထွက်ပြေးလာခဲ့တာဖြစ်တယ်လို့ မောင်ဇင်မျိုးထက်က ပြောပါတယ်။

“ကျနော် CDM မလုပ်ခင်မှာပေါ့။ ဒီတပ် ပတ်လည်မှာ မိုင်းတွေ အများကြီးပဲ သူတို့ပြောတယ်။ မိုင်းတွေ အများကြီး ဆိုတော့လည်း ကျနော် ဒီစစ်ကျွန်ဘဝထဲမှာ ကျနော် မနေနိုင်ဘူးပေါ့။ ကျနော် CDM ဝင်မယ်ပါ့။ ဒီရှေ့တန်းမှာ မိုင်းနင်းလည်း ကိုယ့်ကံပဲဆိုပြီး ကျနော် ထွက်လာတာ။” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်သားအဖြစ် တစ်နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သူဟာ မကွေးတိုင်းဒေသကြီးကဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ဆန့်ကျင်ဆန္ဒပြတဲ့သပိတ်တုန်းက စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရပြီး စစ်တပ်သားအဖြစ် ဝင်ခိုင်းခဲ့တာလို့ ဆိုပါတယ်။

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့မှာ ဖွင့်လှစ်တဲ့ စစ်သင်တန်း ( ၆ )လ ကို တက်ရောက်ခဲ့ရပြီး သင်တန်းအပြီး စစ်ကောင်စီတပ်မ ( ၆၆ ) လက်အောက်ခံ ခမရ ( ၅ ) အင်းမ တပ်မှာ တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၂၂ခုနှစ် နိုဝင်ဘာလမှာ ကရင်နီပြည် ဒီးမော့ဆိုအခြေစိုက် ခလရ ၁၀၂တပ်ကို ရောက်ရှိခဲ့တာလို့ ဆိုပါတယ်။

ခလရ ၁၀၂တပ်တွင်းမှာ ကင်းစောင့်တာတွေပြုလုပ်ခဲ့ရပေမယ့် မြေပြင်တိုက်ပွဲတွေတော့ သွားရတာမျိုး မရှိဘူးလို့ ဆိုပါတယ်။ အခုလိုနှစ်ကုန်ခါနီး စစ်ရေးအခြေအနေ ပိုတင်းမာလာတွေ ရှိနေတာကြောင့် စစ်ကောင်စီတပ်သားကနေ CDM ဝင်ရောက်လာသူတွေကို သံသယ ဖြစ်ဖွယ်ရှိပေမယ့် လူ့အခွင့်အရေးအနေနဲ့ အကောင်းဆုံးနားလည် လက်ခံကြိုဆိုပေးတယ်လို့ KNDF B-10 တပ်ရင်းမှူး ဦးမီရယ်က ပြောပါတယ်။

“ကျနော်တို့ ဒီကိစ္စကို CDM ဝင်လာတဲ့လူတွေက ပထမ အနေနဲ့ သူတို့ဝင်လာတာကတော့ ကျနော်တို့စိတ်ထဲမှာကတော့ သံသယ တော့ဖြစ်တာပေါ့နော်။ ဒီအခြေအနေ နှစ်ကုန်ခါနီးပြီဆိုတော့ ကျနော်တို့လည်း တွေးစရာတွေ သံသယ ဖြစ်တာတော့ ဖြစ်တာပေါ့။ ဒါပေမယ့် သူတို့ကိုတော့ ပထမဆုံး နွေးနွေးထွေးထွေး နဲ့ ဆက်ဆံတယ်။ ပြောဆိုတယ်။သူတို့စိတ်ကုန်ပြီ ဆိုကတည်းက ကျနော်တို့လည်း သူတို့ကို အရမ်းလျှောက်လုပ်လို့လည်း မရဘူးပေါ့နော်။ သူ့ ကဏ္ဍက စိတ်ကုန်ပြီဆိုတော့လည်း ကျနော်တို့လည်း လူ့ရဲ့ အခွင့်အရေးအနေနဲ့ နားလည်ထားပေးတယ်ပေါ့နော်။ နောက်ပြီးတော့ သူတို့ ရှေ့ဆက်ပြီးတော့မှ ကိုယ့်ယုံကြည်မှုကို တည်ဆောက်ဖို့တော့ သူတို့မှာ လိုအပ်တာပေါ့နော်။ ဒီဟာတွေက။ စစ်ကောင်စီနဲ့ ပက်သက်ပြီးတော့မှ ကျနော်တို့လည်း အခုထိမတည်မငြိမ်ဖြစ်တဲ့ ကာလမှာ ဒီနှစ်ကုန်ခါစတော့ ပိုပြီးတော့မှ ဆိုးလာမယ့် အနေအထားမှာ ရှိတာပေါ့နော်။အဲ့တာကြောင့်လည်း ကျနော်တို့က အစစအရာရာ မှာတော့သတိနဲ့ ဝိရိယ နဲ့တော့ အမြဲတမ်း မြေပြင်မှာကော ပြောဆိုဆက်ဆံတဲ့ နေရာမှာကော ကျနော်တို့ KNDF ကတော့ အဲဒီလိုမျိုးပဲ အကောင်းဆုံးပဲ ရပ်တည်ပြီးတော့မှ လက်ခံထားပေးတာပေါ့နော်။” KNDF B-10 တပ်ရင်းမှူး ဦးမီရယ်က ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် အခုအချိန်အထိ KNDF B-10 ထံ CDM ဝင်ရောက်ခိုလှုံ လာတဲ့ စစ်ကောင်စီတပ်သား ၁၀ဦးကျော် ရှိပြီဖြစ်ပါတယ်။ CDM တပ်သား မောင်ဇင်မျိုးထက်ကတော့ ပြည့်သူ့ရင်ခွင်ထဲကို ဝင်ရောက်လာပြီး ပြည်သူနဲ့ အတူ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ပြီး အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ ပြောပါတယ်။

လွိုင်ကော် အခြေစိုက်တပ် ဆေးတပ် (တဆရ) တပ်မှ တပ်သား မောင်ငြိမ်းချမ်း(ခ) ဖိုးလပြည့်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်နေ့မှာ CDM ပြုလုပ်ခဲ့တယ်လို့ ကရင်နီဒီမိုကရက်တစ်တပ်ဦး (KDF)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ခလရ ၁၀၂တပ်ကနေ CDMပြုလုပ်လာတဲ့ တပ်သား မောင်ဇင်မျိုးထက်
spot_imgspot_imgspot_imgspot_img

More from the blog

တိုက်ပွဲကြောင့် ထပ်ဆင့်ပြောင်းရွှေ့ရတဲ့ IDPs များ စားနပ်ရိက္ခာ အခက်အခဲ တွေနဲ့ ကြုံတွေ့နေရ

ကန္တာရဝတီ တိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ ဇန်နဝါရီလ ၂၂ ရက်နေ့စ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ရှောင်စခန်းအတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲ ထိခိုက်မှုတွေကြောင့် IDPs စစ်ရှောင်စခန်း (၃)ခု ထပ်မံပြောင်းရွေ့ခဲ့ကြရပါတယ်။ ဇန်နဝါရီလ ၂၃ ရက်နေ့လောက်က...

ကရင်နီပြည်မှာ ပြုလုပ်မယ့် စစ်ကောင်စီရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုတွေ ဆန့်ကျင်သွားမည်

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည်မှာ ၂၀၂၃ခုနှစ်အတွင်း စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲကို ပြုလုပ်ခွင့်ပေးမှာမဟုတ်ပဲ ဆန့်ကျင်သွားမယ်လို့ တော်လှန်ရေးအင်အားစုကနေ ဒီကနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ပူးတွဲ သဘောထား ထုတ်ပြန်ထားပါတယ်။ တော်လှန်ရေးအင်အားစုတွေဖြစ်ကြတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO-PDF) ကနေ လူထုဆန္ဒမပါဝင်တဲ့ တရားမဝင်အတုအယောင်...

ကတ်သလစ်ခရစ်ယာန်ဘာသာဝင်တို့ရဲ့ “မယ်တော်ပွဲ” ဆုတောင်းခြင်းအစီအစဉ် ပြုလုပ်

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့အနောက်ဖက်ခြမ်း စစ်ရှောင်စခန်းတစ်နေရာမှာ ကတ်သလစ်ခရစ်ယာန်ဘာသာဝင်တို့ရဲ့ "မယ်တော်ပွဲ" ဆုတောင်းခြင်းအစီအစဉ်ကို ဒီကနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ "ရည်ရွယ်ချက်ကတော့ ဒီမြန်မာပြည်ငြိမ်းချမ်းဖို့ရယ် စစ်ရှောင်ပြည်သူတွေ အိမ်မြန်မြန်ပြန်နိုင်ဖို့ရယ် ပြီးတော့ တိုက်ပွဲဝင်နေတဲ့ရဲဘော်တွေ ဘေးကင်းဖို့ရည်ရွယ်ပြီးဆုတောင်းပွဲလုပ်တာပေါ့။ " လို့ ပွဲကျင်းပရေးတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ယခင် အာဏာမသိမ်းခင်က တစ်နှစ်တစ်ကြိမ် စည်ကားစွာကျင်းပခဲ့ပေမယ့်...

ဒီးမော့ဆို အရှေ့ဘက်ခြမ်း စစ်ရှောင်စခန်းတစ်နေရာတွင် မွေးခင်းစ ကလေးငယ်တစ်ဦး သေဆုံး

ကေးဒူ ( ကန္တာရဝတီ တိုင်း(မ်)) ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်း စစ်ရှောင်စခန်းတစ်နေရာတွင် မွေးခင်းစ ကလေးငယ်တစ်ဦး ဆေးခန်းသွားပြရင်း လမ်းမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီလ ၂၆ ရက်နေ့ မနက် ၂ နာရီ လောက်က မွေးတာဖြစ်ပြီး ကလေးက မိခင်နို့မစို့နိုင်လို့ အနောက်ဘက်ခြမ်းကို ဆေးခန်းသွားပြရင်း...