spot_img
Sunday, April 2, 2023
spot_img

ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ ကိုယ်ထူကိုယ်ထကျောင်းတွေမှာ သင်ထောက်ကူပစ္စည်းလိုအပ်

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမောဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိ ကြားကာလကိုယ်ထူကိုယ်ထကျောင်းတွေမှာ သင်ထောက်ကူပစ္စည်းတွေ စာရေးကိရိယာတွေ လိုအပ်ချက်တွေရှိနေတယ်လို့ သင်ကြားပေးတဲ့ ကျောင်းဆရာမတွေဆီကနေ သိရပါတယ်။

ဒီးမောဆို အရှေ့ဖက်ခြမ်း ကိုယ်ထူကိုယ်ထကျောင်းမှ ဆရာတစ်ဦးက

“အခက်ခဲကတော့စာအုပ်ပါပဲ။ လောလောဆယ်ကတော့စာအုပ်ကမရှိဘူးလေ။ ပုံနိပ်စာအုပ်တို့ သင်ထောက်ကူတို့ဆိုမလုံလောက်ဘူး။ ကျွန်တော်သင်တဲ့ Grade (7)ဆို စနစ်သစ်မှာနော်။ အဲ့မှာ သင်ထောက်ကူလုံးဝမရှိဘူး။” လို့ဆိုပါတယ်။

သင်ထောက်ကူပစ္စည်းတွေမရှိတဲ့အတွက် စက္ကူကို ကတ်ကြေးနဲ့ဖြတ်ညှပ်ကပ်လုပ်ကာ သင်ထောက်ကူပစ္စည်းအဖြစ် အသုံးပြုရတယ်လို့ ဆိုပါတယ်။

လာရောက်လှူဒါန်းတဲ့ အဖွဲ့အစည်းတွေရှိပေမယ့် လုံလောက်မှု မရှိသေးဘူးလို့ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းက ကျေးရွာတစ်ခုမှာ စစ်ဘေးရှောင်ရင်း ကိုယ်ထူကိုယ်ထကျောင်းမှာ စာသင်ပေးနေတဲ့ CDM ဆရာမတစ်ဦးကခုလိုပြောပါတယ်။

“ကျောင်းသားအနေနဲ့ကတော့ လုံလောက်မှုမရှိဘူး ကျမတို့ရသလောက်လေးနဲ့ ကလေးတွေကို ဝေထားတာတော့ရှိတယ်။ စာရေးကိရိယာ ခဲတံတို့ ဘာတို့လည်း လိုအပ်မှုရှိနေသေးတယ်ပေါ့။”လို့ ဆရာမက ပြောပါတယ်။

ကရင်နီပြည်နယ်ရှိ ကလေးတိုင်း ပညာရေးစနစ်ကိုလက်လှမ်းမီနိုင်ဖို့က KSCCရဲ့ပညာရေးလမ်းစဉ်ထဲမှာပါဝင်ပေမယ့် ဆရာ/ဆရာမ တွေရဲ့ လစာ၊သင်ထောက်ကူပစ္စည်း နဲ့ သင်ကြားတဲ့စာသင်ခန်းတွေကို အပြည့်အဝ ပံ့ပိုးပေးနိုင်ခြင်းမရှိသေးဘူးလို့ ကရင်နီပြည်နယ်တိုင်ပင်ခံကောင်စီ (KSCC)မှ ကိုဗညားကခုလိုပြောပါတယ်။

“ကျနော်တို့အနေနဲ့ ဆရာ၊ ဆရာမတွေရဲ့ လစာဖြစ်စေ ကျောင်းသင်ထောက်ကူပစ္စည်းဖြစ်စေ အအောက်အဦးဖြစ်စေ အားလုံးကို ကျနော်တို့က ပံ့ပိုးမှု ပုံစံမျိုးမရှိနိုင်တာအမှန်ပဲ။ အဲ့ဒါတော့ အမှန်တရားကို လက်ခံခြင်းဖြစ်တယ်။” ကရင်နီပြည်နယ်တိုင်ပင်ခံကောင်စီ (KSCC)မှ ကိုဗညားကခုလိုပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်က မြို့နယ်အသီးသီးမှာ စစ်ဘေးရှောင်ဦးရေ နှစ်သိန်းဝန်းကျင်ရှိနေပြီး စစ်ရှောင်စခန်းနဲ့ ကျေးရွာတွေမှာ KSCC ပညာရေးလက်အောက်မှာ ကြားကာလပညာသင်ကြားနေတဲ့ ကျောင်းပေါင်း ၃၀၀ကျော်ရှိတယ်လို့ သိရပါတယ်။

ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာ ဆရာများသမဂ္ဂ အနေနဲ့ မိမိတို့ပြည်နယ်ရှိ ကလေးသူငယ်တွေရဲ့ ပညာသင်ကြားခွင့်မဆုံးရှူံးရေး၊ အသက်အရွယ်နဲ့ ကိုက်ညီတဲ့ အတန်းကူးပြောင်းခွင့် အာမခံချက်များရရှိရေးတို့ကို မြေပြင်မှာ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

လူထုထောက်ခံမှုရှိနေသ၍ ပါတီဆက်ရှိနေအုံးမယ်လို့ KySDP ပြော

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီအပါအဝင် တိုင်းရင်းသားပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် ( UEC ) က မတ်လ ၂၈ ရက်နေ့မှာ ကြေညာခဲ့ပေမယ့် လူထုထောက်ခံမှုရှိနေသ၍ ကတော့ ပါတီဆက်လက်ရှိနေအုံးမှာဖြစ်တယ်လို့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ( KySDP...

နှစ်ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၁၅)ဦးသေဆုံး၊ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ဒေါလျားခူကျေးရွာအနီးရှိ ညေးဘူးခူတောင်ပေါ် ဖက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော်(KA)၊ KNDF ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၅ ဦးသေဆုံးခဲ့သလို လက်နက်ခဲယမ်းအသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းမိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဒီကနေ့ မတ်လ ၃၁ ရက်နေ့မှာ...

တစ်လကျော်ကြာတိုက်ပွဲပြင်းထန်နေတဲ့ ဖယ်ခုံ-ပင်လောင်း နယ်စပ်မှာ လေကြောင်းတိုက်ခိုက်မှုပြင်းထန်စွာ အသုံးပြုနေ

ကန္တာရဝတီတိုင်း(မ်) ပင်လောင်းမြို့နယ်ဖက် စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေတာ တစ်လကျော်ကြာရှိနေပြီဖြစ်ပြီး စစ်ကောင်စီဖက် လေကြောင်းတိုက်ခိုက်မှု ပြင်းထန်စွာ သုံးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဆိုကြပါတယ်။ မတ်လ (၂၉)ရက်နေ့ ဖယ်ခုံ-ပင်လောင်းနယ်စပ်တစ်နေရာမှာ ဖြစ်တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဖက် တိုက်လေယာဉ် (၄)စင်းနဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီရက်တိုက်ပွဲမှာ...

ဂျာမာန်ခရီးသွား ဆုရရှိထားတဲ့ ဟွေပူးကဲရွာ

ကန္တာရဝတီတိုင်း(မ်) နှစ်ပေါင်း ၃၀ကျော်တည်ရှိနေပြီဖြစ်ပြီး ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်မြို့ အနောက်တောင်ဖက်မှာရှိတဲ့ ဟွေပူးကဲရွာကတော့ ကရင်နီမျိုးနွယ်စုတွေ နေထိုင်တဲ့ ကျေးရွာပါ။ အများစုကတော့ ကြေးကွင်းပတ် ကယန်းလူမျိုးတွေ နေထိုင်ပါတယ်။ ဟွေပူးကဲရွာကတော့ မတ်လ ၇ရက်နေ့က ဂျာမနီနိုင်ငံမှာ Community Based Touring (CBT) ဆုကို ရရှိခဲ့ပါတယ်။ ဆုရရှိတာနဲ့ ပတ်သက်ပြီးတော့...