spot_img
Monday, March 27, 2023
spot_img

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်း တစ်နေရာမှာ ကလေးများ အရေပြားရောဂါတစ်မျိုး ဖြစ်ပွားနေ

spot_imgspot_imgspot_imgspot_img


ကေးဒူ (ကန္တာရဝတီတိုင်း (မ်))

ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်းရှိ စစ်ရှောင်စခန်း တစ်နေရာမှာ ကျောင်းနေအရွယ်ကလေးများ အရေပြား ရောဂါတစ်မျိုး ဖြစ်ပွားနေပါတယ်။

စခန်းတစ်ခုလုံးနီးပါး ဖြစ်ပွားကြပြီး အများစုမှာ ၇ နှစ် ၈ နှစ် အရွယ် အဖြစ်များတယ်လို့ သိရပါတယ်။

စစ်ရှောင်စခန်းမှ ကျန်းမာရေး စောင့်ရှောက်မှုပေးနေသူ ဆရာမ တစ်ဦးက ” အရင်တလောက စဖြစ်တာ ရေကြောင့်ဖြစ်နိုင်တယ်လို့ ထင်တယ်လေနော။ အကုန်လုံး ယားနာတွေ ဖြစ်ကုန်တာ။” လို့ ဆိုပါတယ်။

ကျောင်းနေအရွယ်ကလေးတွေအပြင် လူကြီးတွေမှာလည်း ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ အစပိုင်းမှာ အရေကြည်ဖုကနေ စတင်ဖြစ်ပွားပြီး တဖြည်းဖြည်း ပွားလာတာလို့ ဆိုပါတယ်။

“သူအစပေါက်တုန်းကဆို အ့လိုမျိုးပေါ့နော်။ အရေကြည်ဖုပေါ့။အဲဒီအရေကြည်ဖု ကနေ သူကပြန်ပြီးတော့ ပြန်ကွဲတယ်။ ကွဲပြီဆို နောက်တစ်ဆင့်ကူးတယ်။ အဲလိုမျိုးနဲ့တူတယ်လေ။အဲ့တာနဲ့ မျက်နှာမှာပေါက်တော့ တစ်မျက်နှာလုံး ဖြစ်သွားတယ် သူ့ဟာ။ တစ်မျက်နှာလုံးပေါက်ပြီးမှ ဟိုးဒီလည်ပင်းတွေထိဖြစ်တယ်။ကြာတော့ကြာတယ်။ သူ့ဟာ အဲ့လိုမျိုးက။ နှစ်ပတ် သုံးပတ်လောက် ပေါ့”လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

တစ်ယောက်နဲ့ တစ်ယောက် ကူးစက်ကုန်တာကြောင့် ကျောင်းကိုယာယီ ပိတ်ထားပြီး ယခု ရက်ပိုင်း အတွင်းမှာမှ ပြန်လည် သက်သာလာတာကြောင့် ကျောင်းကို ပြန်လည် ဖွင့်လှစ်နိုင်တာလို့ ကျောင်းဆရာမ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက စတင်ဖြစ်ပွားတာ ဖြစ်ပြီး သက်ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်သူတွေက လိမ်းဆေးပေးထားပြီး ယခု ရက်ပိုင်းအတွင်းမှာတော့ အများစု ပြန်လည်သက်သာလာကြပေမယ့် အနည်းစုကတော့ ဖြစ်ပွားနေသေးတယ်လို့ ဆိုပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေ

ကန္တာရဝတီ တိုင်း(မ်) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို ဒီးမော့ဆို အခြေစိုက် ခလရ ၁၀၂ တပ်မှ (၁)မိနစ် (၁) လုံးနုန်းနဲ့ လက်နက်ကြီးတွေ အမြောက်အများ ပစ်ခတ်နေတယ်လို့ သိရပါတယ်။ ယနေ့ ( မတ်လ ၂၆ ) ရက်နေ့ မနက် ၉ နာရီလောက်ကစပြီး...

စစ်ရှောင်ပြည်သူတွေကို ရိက္ခာဝေမယ်လို့ပြောဆိုပြီး ဓါတ်ပုံရိုက်ပြီးနောက် ဝေထားတဲ့ရိက္ခာတွေကို ပြန်သိမ်းယူသွား

ကန္တာရဝတီတိုင်း(မ်) လွိုင်ကော်မြို့ နမ့်ဘော်ဝမ် ရပ်ကွက်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီ က ရိက္ခာဝေပေးမယ်လို့ပြောဆိုကာ ဒီကနေ့ (မတ်လ ၂၅ ရက်နေ့ ) မှာ စုရုံးခေါ်ဆောင်ပြီး ဓါတ်ပုံမှတ်တမ်းရယူခဲ့ပေမဲ့ ဝေငှထားတဲ့ ရိက္ခာထုပ်တွေကို ပြန်လည်တောင်းယူခဲ့တယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။ နမ့်ဘော်ဝမ်ရပ်ကွက်အတွင်းမှာ ရှိတဲ့ဘုရားကျောင်းမှာ စစ်ဘေးရှောင်တွေကို ခေါ်ယူစုရုံးပြီး ကုလားပဲထုပ်...

ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ လက်နက်ကြီးကျပြီး ဒေသခံထိခိုက်မှုရှိခဲ့၊ ဖရဲသီးစိုက်ခင်းလည်းပျက်စီး

ကန္တာရဝတီတိုင်း( မ် ) ယမန်နေ့ မတ်လ ၂၄ရက်နေ့ မနက် ၁၀နာရီကျော်အချိန်မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတချို့ ထိခိုက်ခဲ့သလို ဖရဲသီးစိုက်ခင်းလည်း ပျက်စီးခဲ့တယ်လို့ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။ "အိမ်ကတော့ လူနေအိမ်ပဲ မိန်းက‌လေးထိတယ်ပြောတယ်။ မိန်းကလေးနှစ်ယောက်။ ဒီကျတာက ဖရဲသီးခြံစိုက်ခင်းထဲမှာက...

ဒီမော့ဆို အရှေ့ဘက်ခြမ်းမှ ဆွေမျိုးများထံ ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်ကလေးအချို့ ဝမ်းပျက်ဝမ်းလျောဖြစ်နေ

CJ (ကန္တာရဝတီတိုင်း(မ်)) ကရင်နီပြည် ဒီမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ မတ်လ ၁၀ ရက်နေ့ ကတည်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အနောက်ဘက်ခြမ်းက ဆွေမျိုးတွေဆီကို ယာယီ ပြောင်းရွေ့လာတဲ့ စစ်ရှောင်တွေအထဲက ကလေးတွေဟာ ဝမ်းပျက်ဝမ်းလျောဖြစ်နေတယ်လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ "အကြောင်းရင်းက ဘာလဲ မသိဘူး၊ ရေရှားတဲ့ နေရာလဲ မဟုတ်ဘူး၊...