spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာမှာ ကြက်နာကျပြီး သေဆုံးမှုဖြစ်နေ

ကေးဒူ (ကန္တာရဝတီတိုင်း (မ်))

ကရင်နီပြည် ဒီးမော့ဆို အရှေ့ဘက်ခြမ်းရှိ ကျေးရွာတစ်ရွာမှာ ကြက်နာကျရောဂါ ဖြစ်ပွားနေတယ်လို့ ဒေသခံက ပြောပါတယ်။

ပြီးခဲ့တဲ့ လ( သြဂုတ်လ) တုန်းက အိမ်တစ်အိမ်ကနေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး အိမ်နီးချင်း ပတ်ဝန်းကျင်က ကြက်တွေကို တဖြည်းဖြည်း ကူးစက်ကုန်တာဖြစ်တယ်လို့ ဆိုပါတယ်။

တစ်ရက်ကို ပုံမှန် နှစ်ကောင်နှုန်းလောက်နဲ့ သေနေပြီး စဖြစ်တဲ့နေ့မှာဆိုရင် ကြက်တွေဟာ ခေါင်းမထောင်နိုင်တော့ပဲ တံတွေးတွေလည်း ထွက်တဲ့ လက္ခာပြတယ်လို့ ကြက်မွေးနေတဲ့ အမျိုးသား တစ်ဦးက ပြောပါတယ်။

“ဘယ်လိုမျိုးသေလည်းဆိုရင် မသေခင်မှာ ခေါင်းမထောင်နိုင်တော့ဘူး။ အစာလည်း မစားနိုင်တော့ဘူး။ တနေကုန်အိပ်နေတယ်။ ဟိုသွားဒီသွား မသွားနိုင်တော့ဘူး။ အဲ့ထက်ပိုဆိုးလာပြီဆို ခေါင်းကို အောက်စိုက်ပြီး အိပ်နေတယ်။ ခေါင်းမထောင်နိုင်တော့ဘူး။ တံတွေးတွေ ထွက်ကုန်တယ်” လို့ ကြက်မွေးနေတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

ကြက်နာကျတာဟာ နှစ်စဉ်နှစ်တိုင်း ဖြစ်ပွားနေတာဖြစ်ပြီး ဖြစ်ပုံချင်းကတော့ မတူကြဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နှစ်မှာတော့ လက္ခဏာမပြပဲ အိပ်တန်းကနေ ပြုတ်ကျပြီးသေတာ ၊ အကောင်းကြီးကနေ ချက်ချင်း ရုတ်တရက် သေတာမျိုးတွေ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ကြက်နာကျနေတာကို ကုသဖို့ အနီးအနားက သိကျွမ်းနားလည်တဲ့ တိရိစ္ဆာန်ဆေးဆရာတွေလည်း မရှိကြပါဘူးလို့ သိရပါတယ်။ တချို့ကတော့ ကြက်နာတွေကို ပါရာစီတမော ၊ အမောင်စလင် တို့နဲ့ တိုက်ကျွေးနေကြတယ်လို့ ဆိုပါတယ်။

ကြက်နာကျတဲ့ ကြက်အများစုက သေတာတွေများပေမယ့် ပြန်လည် ကောင်းမွန်လာတာတဲ့ကြက်တွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

spot_img
spot_img