spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆို၊ ပူဖားကျေးရွာမှာ (၁၄)နှစ်အရွယ် ကလေးတစ်ဦး မိုင်းနင်းမိပြီး သေဆုံး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ၊ဒီးမော့ဆိုမြို့နယ် ပူဖားကျေးရွာ မှာ နွားကျောင်းနေတဲ့ အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ရတယ်လို့ ကရင်နီပြည်လူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ဦးဗညားက ပြောပြပါတယ်။ ယမန်နေ့ (ဧပြီလ ၂၈ရက်) နေ့လည် (၁၁)နာရီခွဲအချိန်မှာ နင်းမိခဲ့တာဖြစ်တယ်လို့ သူက ထပ်လောင်းပြောပါတယ်။

“ မိုင်းကတော့ (၁၄)မိုင်းကို နင်းမိတယ်။ ခြေထောက် မှာ ဒဏ်ရာရပြီးတော့ တချို့ အပိုင်းအစတွေက ကိုယ်ခန္ဓာ ကို ထိခိုက်သွားတယ်လို့ ကျနော်တို့ သိရတယ်ပေါ့နော။ အဲ့ဒီကနေ ဆုံးသွားတာပေါ့။ သူက နွားကျောင်းရင်းနဲ့ ဖြစ်တော့လေ၊ ကျနော်တို့ ချက်ချင်း ကယ်ထုတ်နိုင်တဲ့ အခြေအနေ ခက်ခဲမှုရှိတယ်။ နောက်ပြီးတော့ သွေးထွက်လွန် တာလည်းပါတယ်လို့ အကြမ်းဖျင်းပြောလို့ရတယ်ပေါ့နော။“ လို့ ဦးဗညားက ပြောပြပါတယ်။

ဒီးမော့ဆိုမြို့နယ် ပူဖားကျေးရွာ၊ သေးဆူးလဲကျေးရွာ စတဲ့ အနီးတစ်ဝိုက်တွေမှာ ဒေသခံတွေ ပြန်နေကြတာရှိပြီး မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ (၃၀)ဦး ဝန်းကျင်ရှိနေတယ်လို့ ဦးဗညားက ဆက်ပြောပြပါတယ်။

ကျေးရွာအတွင်းတွေမှာ မိုင်းရှင်းလင်းတာတွေရှိပေမယ့် စနစ်တကျ မိုင်းရှင်းလင်းရေးတွေကိုတော့ မလုပ်ဆောင်နိုင်သေးဘူးလို့ ဆိုပါတယ်။

“ စစ်ကောင်စီတပ် အဓိက တပ်စွဲခဲ့တဲ့နေရာဖြစ်တော့လေ နေရာအနှံ့မှာ မိုင်းထောင်တာရှိတော့ တချို့အိမ်တွေ၊ တချို့ လမ်းတွေတော့ ကိုယ်ထူကိုယ်ထ မိုင်းရှင်းလင်း၊ တကယ် စနစ်တကျ မိုင်းရှင်းလင်းရေးကို ဘယ်နေရာမှာမှ မလုပ်နိုင်သေးဘူးပေါ့နာ။ တချို့နေရာမှာ တပ်ဖွဲ့ဝင်တွေ မဖြစ်မနေရှင်းတဲ့ နေရာလောက်ပဲရှင်းတယ်ပေါ့။ နေရာတိုင်းကို မရှင်းနိုင်ဘူး။ အခုက နွားကျောင်းသားလေးဆိုတော့ နွားတွေ သွားတဲ့နေရာလိုက်တော့ အဲ့လိုမိုင်းနင်းမိသွားတယ်လို့ ပြောလို့ရပါတယ်။ “ လို့ ဦးဗညားက ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း တစ်နေရာမှာလည်း ၂၀၂၄ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က အသက် ၂၉နှစ်အရွယ် အမျိုးသားတစ်ဦး ကျေးရွာအပြန်လမ်းမှာ မိုင်းနင်းမိပြီး ညာခြေတစ်ဖက် ဆုံးရှုံးခဲ့ရပါတယ်။

ကရင်နီမှာ ၂၀၂၄ခုနှစ် နှစ်စကနေ ဧပြီလ (၁)ရက်နေ့အထိ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ (၂၄)ဦးရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ ဧပြီလ (၁)ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

spot_img
spot_img

Recent posts