spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆို စစ်ရှောင်စခန်းတွေမှာ အိုမီခရွန်ကူးစက်မှု မြင့်တက်လာနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်စခန်းတွေ၊ ကျေးရွာတွေမှာ အိုမီခရွန်ကိုဗစ် ကူးစက်မှု ဖေဖော်ဝါရီ လလယ်လောက်မှာ စတင်တွေ့ရှိလာပြီး ကူးစက်မှု မြင့်တက်လာနေတယ်လို့ သိရပါတယ်။

“ အခုနေရာတော်တော်များများ စစ်ရှောင်တွေကော ဒေသခံတွေကောပဲ အိုမီခရွန် ဖြစ်ပွားမှု မြင့်လာတယ်လို့တော့ ကျနော်တို့ report (အစီရင်ခံချက်) တွေ့ရတယ်။ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းတွေလည်း အသိပေးလာတာရှိပါတယ်။ ဒါပေမယ့် သူတို့ရဲ့ အားကောင်းချက် တစ်ခုကတော့ ရိုးရိုး အဖျားပုံစံမျိုး ဖြစ်ကြတယ်။ တစ်ရက် နှစ်ရက် သုံးရက်ဆို ပုံမှန် အလွန်ဆုံး ၃ရက်ကနေ ၅ရက်ထိ ဆို ပုံမှန်ခြေနေအတိုင်း ပြန်ဖြစ်တယ်။ နောက်ပြီးတော့ မှ ဒီအတွေ့အကြုံကိုလည်း ကျနော်တို့ ဆေးဝန်ထမ်းတွေဖြစ်စေ ဒီဖက်က လူထုတွေကလည်း နည်းနည်းလေးယဉ်ပါးလာတာပေါ့နော။ သိပ်ပြီးတော့မှ အကြောက်တရား အကြီးအကျယ် မဟုတ်တော့ဘူးပေါ့နော။ “ လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ(KSCC)ရဲ့ Humanitarian focal person ဦးဗညားက ပြောပါတယ်။

ဒီးမော့ဆို အနောက်ဖက်ခြမ်းမှာ စစ်ရှောင်တွေကို ဆေးကုသမှု ဆောင်ရွက်ပေးနေတဲ့ Clean Yangon ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့က ဆရာမတစ်ဦးကတော့ စစ်ရှောင်စခန်းတော်တော်များများမှာ ကိုဗစ်တွေ့ရှိနေပြီး မိသားစုလိုက် တွေ့ရှိတာတွေလည်း ရှိတယ်လို့ ပြောပါတယ်။

“ Data (အချက်အလက်) အတိအကျတော့ အစ်မတို့ မလုပ်ထားသေးဘူး။ ဘာလို့လဲဆိုရင် အစ်မတို့ စစ်ဘေးရှောင်စခန်းသွားတဲ့နေရာတွေက အရမ်းများတယ်ပေါ့နော။ စခန်းတစ်ခုမှာ လူဦးရေ နှစ်ရာရှိတယ် ဆိုလို့ရှိရင် ဖျားနာတဲ့ သူ စစ်လိုက်လို့ရှိရင် positiveဆိုပြီး ထွက်လာတဲ့သူက ၄၀၊ ၅၀ နီးပါးလောက်ရှိပါတယ်။ တချို့က မိသားစုလိုက် ကူးစက်တာမျိုးတွေရှိတယ်ပေါ့နော။ စခန်းတွေမှာ ဖြစ်တဲ့အတွက်ကြောင့်မလို့ ကျမတို့က နည်းနည်းလေးတော့ စိတ်ပူတယ်ပေါ့နော။ ဆေးတွေ ဆိုလို့ရှိရင် သွားတဲ့ campတွေမှာ ထားခဲ့တယ်ပေါ့နော။ “ လို့ Clean Yangon ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့က ဆရာမတစ်ဦးကပြောပါတယ်။

ကူးစက်မှုတွေမှာ ရောဂါပြင်းထန်တာတွေ၊ သေဆုံးမှုတွေတော့ မရှိဘူးလို့ သိရပါတယ်။ ကူးစက်ခံရတဲ့ သူတွေကို သီးသန့် ထားရှိတာမျိုးတော့မရှိပေမယ့် အသိပညာပေးတာတွေ၊ Home Quarantineနေခိုင်းတာတွေ ဆောင်ရွက်ပေးနေပါတယ်။ စစ်ရှောင်စခန်းတွေများတဲ့အတွက် ဆေးဝါးလိုအပ်ချက်တွေတော့ ရှိနေဆဲ ဖြစ်တယ်လို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ အဖွဲ့တွေက ဆိုကြပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာဆိုရင် စစ်ရှောင်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ပရဟိတဝန်ထမ်းတွေ၊ CDM ဆရာဝန်တွေ၊ ဆရာမတွေ၊ CHDN၊ NUG၊ KSCC စတဲ့ ကျန်းမာရေးကော်မတွေကနေပြီး ကုသမှုပေးနေတာတွေ ရှိပါတယ်။ ဒီးမော့ဆိုမြို့နယ်မှာဆိုရင် စစ်ရှောင်ဦးရေ ခြောက်သောင်းရှစ်ထောင်ကျော် ရှိနေတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts