spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒီးမော့ဆို မြို့ နယ်အရှေ့ဘက်ခြမ်းက စစ်ရှောင်အမျိုးသမီးငယ်တစ်ဦးပျောက်ဆုံးနေ

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုအရှေ့ဖက်ခြမ်း မှာ စစ်ရှောင်နေတဲ့ အသက် (၁၅) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးဟာ ပြီးခဲ့တဲ့  ဇွန်လ (၁၀) ရက်နေ့ မွန်းလွှဲ ၁ နာရီဝန်းကျင်အချိန် မှာ ပျောက်ဆုံးသွားတယ်လို့ မိခင်ဖြစ်သူကပြောပါတယ်။

“သူ့တို့ညီအစ်မ နှစ်ယောက် သူတို့သူငယ်ချင်းဆီသွားလည်ပြီး ပြန်လာတဲ့လမ်းမှာ သူ့ညီမက အပေါ့သွားလိုက်တဲ့အချိန် သူက အရင်ပြန်ပြီး လမ်းမှာပျောက်သွားတယ်” လို့ သူမရဲ့ မိခင်က ပြောပါတယ်။

ပျောက်ဆုံးသူရဲ့ အမည်မှာ မပလျားမြာဖြစ်ပြီး သူမဟာ ငယ်ငယ်ကတည်းက ကျန်းမာရေးချို့တဲ့ သူဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် စကားနည်းသူဖြစ်ပြီး တခြားသူ စကားလာပြောရင်တောင် သူမက ပြန်ပြောလေ့မရှိဘူးလို့ မိသားစု အသိုင်းအဝိုင်းက ပြောပါတယ်။

သူမပျောက်သွားတာ ၅ရက်မြောက်ရှိပြီဖြစ်ပြီး လက်ရှိအချိန်အထိ စစ်ရှောင်စခန်းမှ ပြည်သူတွေနဲ့ မိသားစုဝင်တွေလည်း နီးစပ်ရာ စစ်ရှောင်စခန်းနဲ့ တောတောင်တွေထဲမှာ လိုက်လံရှာဖွေကြပေမယ့် မတွေ့ရှိသေးဘူးလို့ ဆိုပါတယ်။

သူမတို့မိသားစုဟာ ကျေးရွာအတွင်း လက်နက်ကြီးကျတာကြောင့် စစ်ရှောင်စခန်းနဲ့ နီးတဲ့ သူတို့ပိုင်ဆိုင်တဲ့ တောင်ယာထဲမှာ သွားရောက်နေထိုင်တာ(၁၀) ရက်ကျော်ပြီ လို့ သိရှိရပါတယ်။

spot_img
spot_img