spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒုက္ခသည်စခန်းမှ နေရပ်သို့ ပြန်သွားသော ကျောင်းသူ/သားအတွက် ပညာဆက်သင်ကြားနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနေ

Author

Date

Category

ခူးဖရဲရယ်

ထိုင်း-မြန်မာနယ်စပ် ကရင်နီဒုက္ခသည်စခန်းတွင် ပညာသင်ကြားပြီး မိမိဆန္ဒအလျောက် နေရပ်သို့ ပြန်သွားသော ကျောင်းသူ/သားအတွက် ကရင်နီပညာရေးဌာနမှ ကြိုးစားဆောင်ရွက်ပေးနေသည်ဟု သိရသည်။

နေရပ်ဒေသေသို့ ပြန်သွားလိုသော ကျောင်းသား/သူများအတွက် ကြိုတင်ပြင်ဆင်ရမည့် အကြောင်းအရာကို ပြီးခဲ့သည့် ဇန်နာဝါရီလက ကရင်နီဒုက္ခသည် ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ပြည်တွင်းရှိ ပညာရေးဌာန တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးမူများ ပြုလုပ်ခဲ့ကြသည်ဟုသိရသည်။

“မိမိအရပ်ဒေသကို ပြန်သွားတဲ့ ကျောင်းသား/သူတိုင်း ကရင်နီပညာရေးဌာနရဲ ့ ထောက်ခံချက်ပါသွားဖို့လိုပါတယ်။ အဲဒီထောက်ခံချက်တွေကို ကယားပြည်နယ် ပညာဌာနကနေမှ သေချာစီစစ်ပြီး ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ပြုမှာဖြစ်ပါတယ်။ ဝင်ခွင့်စာမေးပွဲကို အခြေခံပြီး ကျောင်းသား/သူတွေ ပညာဆက်လက်သင်ခွင့်ရရှိဖို့ ဆောင်ရွှက်သွားမယ်လို့ သဘောတူကြပါတယ်”ဟု ကရင်နီပညာရေးဌာန ညွန်ကြားရေးမှူး ဆရာဘူးရယ်က ပြောသည်။

မိမိဆန္ဒအလျောက်ပြန်သွားသော ကျောင်းသား/သူများ၏ အခက်အခဲကို စောင့်ကြည့်ကူညီပေးနိုင်ရန်အတွက် အသင်းအဖွဲ့ တစ်ဖွဲ ့ကိုလာမည့် ၂၀၁၉ သင်္ကြန်အပြီး ဖွဲ့စည်းနိုင်ရန်နှင့် အလုပ်ရုံဆွေးနွေးပွဲတစ်ခု လုပ်နိုင်ရန် သဘောတူထားသည်ဟု သိရသည်။

ကယားပြည်နယ်ရှိ မြို ့နယ်အသီးသီးတွင်ရှိသော မြို့နယ်ပညာရေးမှူးအဖွဲ ့များနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဟုသိရသည်။

မူလတန်းမှ အလယ်တန်းအထိ ရှိနေသော ကျောင်းသား/သူများကို မိမိဆန္ဒအလျောက် ပြည်တွင်းသို့ ကျောင်းပြန်ဆက်တက်နိုင်ရန်အတွက် ဝင်ခွင့်စာမေးပွဲဖြေဆိုရမည်ဖြစ်ပြီး ဝင်ခွင့်စာမေးပွဲအောင်မှသာလျှင် ဆက်လက်ပညာသင်ကြားခွင့်ရမည်ဖြစ်သည်။

ဒုက္ခသည်စခန်းမှ အထက်တန်းပညာသင်ကြားပြီး အောင်လက်မှတ်ကို ပြည်တွင်း မြန်မာပြည်အစိုးရက အသိအမှတ်မပြုသေးသည့်အတွက် ဒုက္ခသည်စခန်းတွင် အထက်တန်းပညာသင်ကြားပြီးသူများသည် ပြည်တွင်းတွင် တက္ကသိုလ်ဆက်လက်ပညာသင်ကြားခွင့် မရသေးသည့်အတွက် အခက်အခဲများရှိနေသေးသည်။

“စခန်းထဲမှာရှိ ကရင်နီပညာရေးဌာနပေးထားတဲ့ ခုံနံပါတ်နဲ့ ဝင်လို့မရဘူး။ ဒါကြောင့် အထက်တန်းကလေးနဲ ့ ကျောင်းပြီးသွားတဲ့ ကလေးတွေအတွက် တက္ကသိုလ်ဆက်တက်ဖို့ဆိုတာ အခက်ခဲရှိပါတယ်။ အဲဒါလည် လာမည့် အနာဂါတ်တစ်လျှောက်လုံးမှာ ဆက်လက်ညှိနိုင်းဆောင်ရွှက်ရမယ့် အခက်ခဲဖြစ်တယ်”ဟု ဆရာဘူးရယ်က ဆက်ပြောသည်။

ပြန်သွားသော ကျောာင်းသား/သူများ၏ လိုအပ်ချက်ကို နိုင်ငံတာကာ လူသားချင်း စာနာထောက်ထားမူအဖွဲ့ဖြစ်သည့် Save the Children, Myanmar Save the Children, Thai JRS နှင့် Myanmar JRS အဖွဲ့အစည်းများက ပံ့ပိုးကူညီနိုင်ရန် မြို့နယ်ပညာရေးမှူးများနှင့် ချိတ်ဆက်ဆောင်ရွက်နေသည်ဟုသိရသည်။

လက်ရှိအခြေအနေတွင် ကရင်နီပညာရေးဌာနကို လာပြီး ကျောင်းပြောင်းလဲမှတ်လာယူသွားသော ကျောင်းသား/သူ ဦးရေ အယောက် ၂ဝ ရှိသည်ဟု ကရင်နီဒုက္ခသည်ပညာရေးဌာနမှ သိရသည်။

spot_img
spot_img

Recent posts