spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒေသခံတွေနဲ့ မညှိနှိုင်းပဲ သဘာဝသစ်တော ဆိုင်းဘုတ်စိုက်ထူမှု ဒေသခံနဲ့ သစ်တောဦးစီးဌာနအကြား နားလည်မှုလွဲ

Author

Date

Category

စိုးထိုက်အောင်

ဒေသခံတွေကိုအသိမပေးဘဲ ပြည်နယ်အစိုးရအစီအစဉ်နဲ့ သစ်တောဦးစီးဌာနက သဘာဝတောများပိုမိုကောင်းမွန်စေရန် ပြုစုထိန်းသိမ်းခြင်းလုပ်ငန်း (၁၀၀) ဧကအဖြစ်ဆိုင်းဘုတ်ထောင်လိုက်တဲ့ အပေါ်မှာ ဒေသခံတွေ မကျေမနပ်ဖြစ်နေကြပါတယ်။

ဒေသခံတွေကတော့ ဆိုင်းဘုတ်မှာ လောကျေခူ ကျေးရွာရဲ့ အစုအဖွဲ့ ပိုင်သစ်တောအဖြစ် ရေးသားစေလိုပေမဲ့ လာထောင်တဲ့ ဆိုင်းဘုတ်မှာ ကျေးရွာပိုင်ကြောင်း မပါလာပါဘူး။

“ ဒီဆိုင်းဘုတ်နဲ့ပတ်သတ်ပြီးတော့ အစကတည်းက ကျတော်သူ့ကိုပြောတယ်။ ဒီဆိုင်းဘုတ်ကို ကျတော်တို့ကို လောကျေးခူ ကျေးရွာပိုင်၊ အစုအဖွဲ့ပိုင်သစ်တောနဲ့သိစေချင်တာပေါ့နော်။ ကျတော်သူ့ကိုပြောတယ် ရတယ်ထည့်ပေးမယ်တဲ့။ ဆိုင်းဘုတ်လာထောင်တဲ့ရက်ကျရင် ပြည်သူလူထုနဲ့ကျတော်တို့ပူးပေါင်းပြီးသွားထောင်မယ်လို့ပြောတယ်။ နောက်အခုက သူသွားထောင်တဲ့ ဆိုင်းဘုတ်လဲ ကျတော်တို့ပြည်သူလူထုကမသိဘူး၊ သွားထောင်တဲ့ နေ့ရက်လဲကျတော်တို့မသိဘူး၊ နောက်အဲ့ဒီဆိုင်းဘုတ်ကိုသွားကြည့်လဲ ကျတော်တို့လောကျေးခူ ကျေးရွာနာမည်လဲမပါဘူး။”လို့ လောကျေးခူကျေးရွာနေ ဦးပကူးက ပြောပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ ဒီးမော့ဆို သစ်တောဦးစီးဌာနကို ကန္တာရဝတီတိုင်း(မ်) က မေးမြန်ရာမှာတော့ “ ဒါကလဲ ကျတော်တို့ဘက်ကမညှိ့နှိုင်း မခေါ်လိုက်ဘူးဖြစ်သွားတာပေါ့နော် အဲ့နေ့က ကျတော်တို့ချက်ခြင်းထောင်လိုက်ရ၊ အရေးတကြီးထောင်လိုက်ရလို့အဲ့လိုဖြစ်သွားတာပေါ့နော် အဲ့အတွက်လဲ ကျတော်တောင်းပန်ထားပါတယ် ရွာကိုလဲ ကျတော်တို့တနင်္ဂနွေနေ့က ကျတော်သွားပြီးတော့ ကျေကျေလည်လည်ကို ကျတော်သေသေချာချာတောင်းပန်ခဲ့ပါတယ်။ ဒါကိုလဲ ကျတော်ပြန်ဖြုတ်ဖို့အတွက် ကျတော်အမိန့်ပေးထားပြီးပါပြီ ကျတော်တို့ဝန်ထမ်းတွေကို။” ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ် သစ်တောဦးစီးဌာနမှူး ဦးစွမ်းထက်ကိုက ပြောပါတယ်။

ဒေသခံတွေနဲ့သစ်တောဦးစီးဌာနတို့ မတ်လ ၁၇ရက်နေ့မှာတွေ့စုံဆွေးနွေးခဲ့ကြပေမဲ့ ဒေသခံတွေဘက်က အားရကျေနပ်မှု မရရှိသေးဘူးလို့သိရပါတယ်။

အဲဒီဆွေနွေးပွဲ မှာ ဒေသခံတွေ တောင်းဆိုတဲ့ ဆိုင်းဘုတ်ကို ယူဆောင်လာခဲ့ပေမဲ့လည်း သစ်တောဦးစီးဌာနကနေ ဒေသခံတွေကို သစ်တောလွဲအပ်ကြောင်းစာမပါတဲ့ အတွက် ဒေသခံတွေက လက်မခံသေးဘူးလို့ သိရပါတယ်။

“ဟိုတစ်ရက်ဆွေးနွေးထားတဲ့ဟာကြတော့ ဆိုင်းဘုတ်နဲ့လွဲစာ တစ်ခါထဲယူလာပေးမှသာလျှင် ကျတော်တို့အတူတူသွားစိုက်ကြမယ် သို့မဟုတ်ရင် လွဲစာမပါရင် ကျတော်တို့လက်မခံဘူးနော် ပြောတော့ အခုက လွဲစာမပါဘူးဖြစ်နေလို့ကျတော်တို့ကလက်မခံဘူးဖြစ်နေတယ်။” လောကျေးခူ ကျေးရွာ၊ ဒေါကလော်လဲ ရက်ကွက်မှာနေထိုင်တဲ့ ဦးအယ်ထူးက ပြောပါတယ်။

သစ်တောဦးစီးဌာန အနေနဲ့လွဲစာပြုလုပ်ပေးဖို့အတွက် အဆင့်(၅)ဆင့်ဖြင့် လုပ်ဆောင်ပြီး ဒေသခံတွေတောင်းဆိုတဲ့ အတိုင်း ကျေးရွာအစုအဖွဲ့ပိုင်သစ်တောအဖြစ်လွဲအပ်စာ ပြုလုပ်ပေးအပ်သွားမယ်လို့သိရပါတယ်။

spot_img
spot_img

Recent posts