spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒေသခံတွေ သဘောမတူတဲ့အတွက် ခဲတ္တုတူးဖော်မည့်ကိစ္စဆက်လုပ်ရန် အစီစဉ်မရှိ

Author

Date

Category

စိုးထိုက်အောင်

ကုန်းသာကျေးရွာအုပ်စု အတွင်းမှာရှိတဲ့ မြေလွတ်မြေလပ်မြေရိုင်း မြေ၂၄၇ဧက အတွင်းမှာ ဓနပြည့်ဝန်းကုမ္ပဏီမှ ခဲတူးဖော်မည့်ကိစ္စ မှာ ဒေသခံပြည်သူလူထုတွေက ကန့်ကွက်တဲ့ အတွက်ကြောင့် ကုမ္ပဏီအနေနဲ့ဒေသခံတွေ ဘက်က သဘောမတူဘူးဆိုရင် ဆက်လုပ်ဖို့အစီအစဉ်မရှိဘူးလို့ ဓနပြည့်ဝန်းကုမ္ပဏီမှ ခဲတူးဖော်မည့်တာဝန်ခံဦးမားရ်ကိုကပြောပါတယ်။

ဦးမားရ်ကို က“ မလုပ်တော့ဘူး ဘယ်တော့မှ အဲ့ဒါပြည်သူတွေသဘောမတူတဲ့ဟာ ဘယ်တော့မှ ကျတော်တို့မလုပ်ဘူး။ အဲ့ဒါတော့ ကျတော်တို့လဲ မကြိုက်ဘူး အဲ့ဒါပြည်သူလက်မခံတဲ့ဟာတော့ ကျတော်တို့လဲ အဲ့ဒါတော့ လုပ်စရာအကြောင်းမရှိဘူးလေ ပြည်သူလက်မခံတဲ့ဟာ ကျတော်တို့ပြည်သူနဲ့ဘဲနေတဲ့ဟာ ပြည်သူလက်မခံတဲ့ဟာ ကျတော်တို့သွားလုပ်ရင်ကျတော်တို့ ဘယ်လိုမျိုးလူ ဖြစ်သွားမလဲ။” လို့ပြောပါတယ်။

၂၀၂၀၊ ဧပြီလ ၂ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ဓနပြည့်ဝန်းကုမ္ပဏီလိမိတက်မှ ခဲသတ္တတူးဖော်ဖို့အတွက် အသုံးပြုခွင့်လျှောက်ထားခြင်းကို မေလ ၁ရက်နေ့မတိုင်ခင်အထိ ကန့်ကွက်လိုသူတွေအနေနဲ့ ကန့်ကွက်နိုင်ရန်အတွက် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကြေးတိုင်နှင့် မြေစရင်းဦးစီးဌာနက ထုတ်ပြန်ကြေညာခဲ့တဲ့ အပေါ်မှာ ဒေသခံတွေကကန့်ကွက်ခဲ့တာဖြစ်ပါတယ်။

ကုမ္ပဏီအနေနဲ့တကယ်လို့ ခဲသတ္တုတူးဖော်မည့် ၂၄၇ဧကအတွင်းမှာ ဒေသခံတွေရဲ့မြေယာတွေပါဝင်မယ်ဆိုရင် ဒေသခံတွေရဲ့မြေယာတွေကို ဝယ်ယူပြီးတော့အသုံးပြုမယ်လို့ စီစဉ်ထားတယ်လို့သိရပါတယ်။

ကုမ္ပဏီက မြေလွတ်မြေလပ်မြေရိုင်းလျှောက်ထားသည့် ၁၂၇ ဧကထဲမှာ ၅၀ဧကလောက်က ကုမ္ပဏီပိုင်ဖြစ်တဲ့အတွက်ကြောင့် သူတို့ပိုင်ဆိုင်တဲ့ မြေယာ ဧက ၅၀လောက်ကိုတော့ ခဲတူးဖော်မည့်ကိစ္စဆက်လက်လုပ်ဆောင်ဖို့အစီအစဉ်ရှိတယ်လို့ ဦးမားရ်ကိုက ပြောပါတယ်။

“ ကျတော်တို့ စလုပ်ကတည်းကလဲ ပြည်သူနဲ့လဲ ညှိ့နှိုင်းတယ် ဌာနဆိုင်ရာလဲ ကိုယ်တိုင်လာတယ် အခုကဒီသတင်းတွေ ဟိုဟာဒီဟာတွေဆိုတော့ ကျတော်တို့က ကျတော်တို့ဝယ်ထားတဲ့ဟာ အကယ်လို့လုပ်မဲ့လူရှိရင်တော့ ကျတော်တို့ဆက်လုပ်မယ် ကျန်တဲ့ဟာတော့ဒီအရှုပ်အရှင်း ဒီလိုမျိုးရှိရင်တော့ ကျတော်တို့ဘယ်တော့မှ ပြည်သူကိုတော့ ကြိုဆိုတယ် ဒါကဒီလိုမျိုးရှုပ်ထားတော့ ကျတော်တို့ဒီဟာလဲကျတော်တို့ဝယ်ထားတဲ့ဟာဘဲ ကျတော်တို့အကယ်လို့လုပ်မဲ့လူရှိရင်တော့ ကျတော်တို့အဲ့ဒီဟာတော့ ဆက်လုပ်မယ်။” လို့ပြောပါတယ်။

ပိုင်ဆိုင်တဲ့မြေဧက (၅၀) နီးပါးလောက် အတွင်းမှာ ခဲတ္တု စမ်းသပ်တူးဖော်တာတွေ ရှိနေပြီးတော့ ဘယ်လို အခြေအနေရှိလဲ ဆိုတာကတော့ မသိသေးဘူးလို့ဦးမားရ်ကိုက ပြောပါတယ်။

အဆိုပါ ခဲတူးဖော်မည့်နေရာတွေကို အစိုးရ ဌာနဆိုင်ရာအဖွဲ့တွေ၊ အခြားအဖွဲ့တွေက သဘာဝပတ်ဝန်းကျင်နဲ့ပတ်သတ်တဲ့ သုတေသနတွေကို လာလုပ်ပေးတာရှိတယ်လို့သိရပါတယ်။

spot_img
spot_img

Recent posts