spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒေသတွင်း ရက်(၉၀)နေထိုင်သူများ မဲပေးပိုင်ခွင့်နှင့် ပြည်နယ်ငယ်များ၏ ကံကြမ္မာ

Author

Date

Category

ကမ္ဘာ့ ကျန်းမာရေး ကပ်ဘေး၊ ကိုဗစ်ရောဂါကြောင့် ၂၀၂၀-ခုနှစ် အထွေထွေရွေးကောက်ပွဲကျင်းပရန် ရက်(လ) အနည်းငယ် နောက်ဆုတ် နိုင်သော်လည်း ၂၀၂၀-ခုနှစ်အတွင်းမဖြစ်မနေ၊ အထွေထွေရွေးကောက်ပွဲများကျင်းပပေးလိမ့်မည်ဟု၊ ပြည်သူများအနေနှင့် မျော်လင့်နေကြ၏။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနှင့် ၂၀၂၀-ခုနှစ်အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြင်ဆင်မူ့များနှင့် ဥပဒေထုတ်ပြန်မူ့များ၊ လုပ်နေသည်ကိုလည်းတွေ့ရှိနေရ၏။

၂၀၁၉- ခုနှစ်၊ဇွန်လထဲတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေနှင့်၊ ၂၀၂၀-ခုနှစ်အထွေထွေရွေးကောက်ပွဲတွင်၊ နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွေ့ပြောင်းအလုပ်သမားများ၊ ပြည်တွင်းစစ်ဘေးဒဏ်ကြောင့် ပြေးလွား၊ ပုန်းရှောင်နေကြရသည့်စစ်ဘေးရှောင်များနှင့် မသန်စွမ်းများအတွက်၊ ၂၀၂၀-ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ တွင်ကျယ်ကျယ်ပြန့်ပြန့် မဲထည့်ခွင့် ရရှိနိုင်ရန်ဆောင်ရွက်ပေးပါမည်ဟု အတိအလင်းကြေငြာခဲ့ပြီးဖြစ်ပါသည်။

ရွေးကောက်ပွဲကော်မရှင်အနေနှင့် ၎င်းတို့ပြောဆို ဆိုထားသကဲ့သို့ ပြည်ပရောက်မြန်မာနိုင်ငံရွေ့ပြောင်းအလုပ်သမားများ၊ စစ်ဘေးရှောင်များနှင့် မသန်မစွမ်းသူများအတွက် ဥပဒေများသတ်မှတ်ထုတ်ပြန်ပြီး၊ ကျယ်ကျယ်ပြန့်ပြန့်မဲထည့်နိုင်အောင် ဆောင်ရွက်နေမှုများ အလျဉ်းမရှိသေးသော်လည်း၊ ပြည်တွင်းနေရွေ့ပြောင်းအလုပ်သမားများအတွက် ဥပဒေပြဌာန်းပြီးဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါသည်။

ထို့အပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လူသားရင်းမြစ်နှင့် လူဝင်မူ့ကြီးကြပ်ရေးဝန်ကြီးသစ်များခန့်အပ် ပေးခဲ့ပြီး၊ နိုင်ငံသားမှတ်ပုံတင် ရရှိရေးနှင့် အိမ်ထောင်စု အသစ်များထုတ်ပေးခြင်းတို့ ကို ပြုလုပ်နေခဲ့ ၏။

“ မွန်ပြည်နယ်အတွင်း သိန်းနှင့် ချီသည့် အိမ်ထောင်စုအသစ်များထုတ်ပေးခဲ့ပြီးဖြစ်သည်ဟု မွန်ညီညွတ်ရေးပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ဖူး၏။” မွန်ပြည်နယ်သည်လည်း၊ ပြည်တွင်းရွေ့ပြောင်းအလုပ်သမားများစွာရှိသည့် ပြည်နယ်တစ်ခုဖြစ်ပါသည်။

၂၀၂၀-ခုနှစ်တွင်၊ မြန်မာနိုင်ငံအတွင်း ရွေ့ပြောင်းသွားလာလုပ်ကိုင် စားသောက်နေကြသည့် ပြည်တွင်းရွေ့ပြောင်း သမားများ၊အနေနှင့် လွယ်လင့် တကူဆန္ဒမဲပေးနိုင်ရန်ရည်ရွယ်ချက်ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အမိန့်စာထုတ်ခဲ့ပါသည်။ အဆိုပါအမိန့်စာ (ညွန်ကြားချက်) အရဆိုလျှင်၊ ပြည်တွင်းနေရွေ့ပြောင်းအလုပ်သမားများအနေနှင့် မိမိတို့ သွားရောက်လုပ်ကိုင်နေသည့် ဒေသ များတွင် အနဲဆုံး ရက်ပေါင်း(၉၀) (သို့တည်းမဟုတ်) (၃) လနေထိုင် မည်ဆိုပါက၊ မိမိတို့ လုပ်ကိုင်စားသောက်နေသည့် ဒေသ၏၊ ပြည်နယ်(သို့) တိုင်းဒေသကြီးလွတ်တော်၊ ပြည်သူ့လွတ်တော်၊အမျိုးသားလွတ်တော်နှင့် တိုင်းရင်းသားရေးရာဝန်ကြီးများကို ရွေးချယ်ပိုင်ခွင့် ရမည်ဖြစ်ပါသည်။

ပြီးခဲ့သည့် ၂၀၁၅-ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ပြည်တွင်းရွေ့ပြောင်းသွားလာ နေသူအလုပ်သမားများအနေနှင့် အနဲဆုံး ရက်ပေါင်း (၁၈၀) (သို့မဟုတ်) (၆) လ နေထိုင်မှသာ၊ မိမိတို့ ရောက်ရှိနေမည့်ဒေသတွင် မဲထဲ့ပိုင်ခွင့် ရှိခဲ့သော်လည်း ယခုလာမည့် ၂၀၂၀-ခုနှစ်အထွေထွေရွေးကောက်ပွဲတွင်၊ ( ၃)လနေယုံနဲ့ မဲထဲ့နိုင်မည်ဖြစ်ပါသည်။

အဆိုပါ ရက်(၉၀) အတွင်း၊တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေထိုင် ယုံမျှနှင့် ဒေသခံ ဥပဒေပြုအမတ်များ၊ ဝန်ကြီးများကို ရွေးချယ် ပိုင်ခွင့် ပေးခဲ့သည်မှာ ကယားပြည်နယ်လို အင်မတန်သေးငယ်သည့် ပြည်နယ်တစ်ခုအနေနှင့် အန္တရာယ်လွန်စွာကြီးပါသည်။

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီအပါအဝင်၊ တိုင်းရင်းသားပါတီများအနေနှင့် အဆိုပါ၊ ရက်ပေါင်း (၉၀)နေထိုင်ယုံနှင့် မဲပေးပိုင်ခွင့် ပြုခြင်းကို ဝိုင်းဝန်းကန့်ကွက် ခဲ့သော်လည်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနှင့် တစ်စုံတစ်ရာအကြောင်းပြန်ကြားခြင်းမရှိသေးပါ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်စေရေးဆိုသည့် စံ ( ၅ ) ချက်နှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တရားဝင်လူမူ့ကွန်ယက်များတွင် တရားဝင်ဖော်ပြခဲ့ပြီးဖြစ်ပါသည်။

၎င်းတို့ ဖော်ပြထားသကဲ့ သို့ ပြည်တွင်းနေရွေ့ပြောင်းအလုပ်သမားများအား၊မိမိတို့ လုပ်ကိုင်စားသောက်နေသည့် နေရာဒေသတွင် ရက်ပေါင်း (၉၀) နေထိုင်ခဲ့ ယုံမျှနှင့် မဲပေးခွင့် ပြုထားခြင်းသည်၊ ဒေသခံတိုင်းရင်းသားပြည်သူများအား ရွေးကောက်ပွဲကော်မရှင်၏ ကြွေးကြော်သံဖြစ်သည့် တရားမျှတမူ့ ၊ အများယုံကြည်လက်ခံမူ့နှင့် ပြည်သူ့ဆန္ဒဆိုတာနှင့် သွေဖီသလိုဖြစ်နေ၏။

ကယားပြည်နယ်သည် ပြည်နယ်သေးငယ်သော်လည်း၊ ကမ္ဘာကျော်ခဲ့သည့် မော်ချီးသတ္တုတွင်းစီမံကိန်းရှိခြင်း၊ လောပီတရေအားလျှပ်စစ်စီမံကိန်းရှိခြင်း၊ နှင့် အလုပ်အကိုင်ပေါများခြင်းတို့ ကြောင့် မြန်မာပြည်အရပ်ရပ်မှ ပြည်တွင်းရွေ့ပြောင်းအလုပ်သမားများ အခြေချလာရောက်လုပ်ကိုင်စားသောက်လျှက်ရှိပါသည်၊ ထို့အပြင် အရပ်ဖက်၊စစ်ဖက်မှ ဝန်ထမ်းများလည်းများပြားခြင်းတို့ ကြောင့် ပြည်တွင်းရွေ့ပြောင်းနေထိုင်သူများပြားခဲ့ခြင်းဖြစ်ပါသည်၊

၂၀၁၅-ခုနှစ်ရွေးကောက်ပွဲတွင် ကယားတစ်ပြည်လုံး လုံး မဲပေးနိုင်ခွင့် ( ၁၇၈၃၁၆)ဦးရှိပြီး ဖားဆောင်းမြို့နယ် (မော်ချီးသတ္တုတွင်းတည်ရှိရာ) တွင် မဲပေးပိုင်ခွင့် ရှိသူ ( ၁၂၄၆၉) ဦးရှိခဲ့သည်ဟုခေါ်ပြထား၏၊ မော်ချီးကျေးရွာအုပ်စု၊တစ်ခုထဲတွင် ပြည်မမှ လာရောက်လုပ်ကိုင်စားသောက်နေသူ ဦးရေ (၅၀၀၀မှ ၇၀၀၀) ခန့်အထိ ရှိနိုင်သည်ဟု ပြောဆိုနေကြ၏။

အဆိုပါ ပြည်တွင်းရွေ့ပြောင်းအလုပ်သမားများအနေနှင့် မည်သည့်ပါတီနှင့် လူပုဂ္ဂိုလ်များကို မဲပေးမည်ကို အလွယ်တကူသိနိုင်၏၊ ၎င်းတို့အနေနှင့် ပြည်နယ်အမတ်များနှင့် ဒေသခံတိုင်းရင်းသားပါတီများ၏ အရည်အချင်းကို စွမ်းဆောင်နိုင်မူ့ကို သိရှိမည်မဟုတ်ပါ။

နိုင်ငံသားအခွင့် အရေးတစ်ခုဖြစ်သည့် မဲထဲ့ပိုင်ခွင့် ကို မိမိတို့ အနေနှင့် အစဉ်လေးစား၊တန်ဖိုးထားပါ၏၊ သို့ သော်လည်း အဆိုပါ ရွေ့ပြောင်းလာရောက်လုပ်ကိုင်စားသောက်နေသည့် အလုပ်သမားများအနေနှင့် မိမိတို့ ၏ ဇာတိ မှ လွတ်တော်အမတ်များအား ရွေးချယ်ပေးခြင်းက ပိုပြီးသဘာဝကျပါသည်။ လက်တွေ့လည်းပိုဆန်ပါသည်၊ ၎င်းတို့အနေနှင့် မိမိတို့လာရာဒေသမှလွတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများ၏အရည်အချင်းနှင့် လုပ်နိုင်စွမ်းကို ပိုပြီး သိရှိနိုင်မည်ဖြစ်ပါသည်။

ကယားပြည်နယ်အတွင်း ရက် (၉၀) နေထိုင်ခဲ့ ယုံနှင့် ပြည်နယ်၏ဥပဒေပြုအမတ်များ၊ဝန်ကြီးများကို ရွေးချယ်ခွင့်ပေးခဲ့သည်မှာ အရွေးကောက်ခံ လွတ်တော်အမတ်များ၏ အရည်အချင်း၊လုပ်နိုင်မူ့စွမ်းရည်နှင့် ပြည်နယ်၏ နောက်ခံသမိုင်းကို၊ ဃဂနဏ မသိသေးတဲ့ ရွေ့ပြောင်းဝင်ရောက်လာသူများအား ပြည်နယ်၏ ကံကြမ္မာကို ဆုံးဖြတ်ခိုင်းသလိုဖြစ်ပါသည်။

အဆိုပါ ရက်(၉၀) နေထိုင်ယုံနှင့် မဲထဲ့ပိုင်ခွင့် ပြုခဲ့ခြင်းသည်၊ ရေရှည်တွင် ဒေသတွင်းမတည် ငြိမ်မူ့များ၊ ဒေသခံ ပြည်နယ်သူ/ပြည်နယ်သားများနှင့် ရွေ့ပြောင်းလာရောက်လုပ်ကိုင်သူများအကြား၊ စိတ်ဝမ်းကွဲမူ့များဖြစ်ပေါ်လာနိုင်ပါကြောင်း။

ထူးချစ် ရေးသားသည်။

( ထူးချစ်သည်၊ ထိုင်းနှင့် မြန်မာနိုင်ငံတွင် အခြေစိုက်ပြီး မြန်မာရွေ့ပြောင်းအလုပ်သမားကို ကူညီဆောင်ရွက်ပေးနေသည့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း၏ အမူဆောင်ဒါရိုက်တာ ဖြစ်ပြီး၊ ပြည်နယ်ဖွံဖြိုးရေးကို လုပ်ကိုင်ဆောင်ရွက်နေသူဖြစ်ပါသည်။)

spot_img
spot_img

Recent posts