spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒေါညေးခူကျေးရွာတိုက်ပွဲ မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိ

ကန္တာရဝတီတိုင်း( မ် )

ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ကရင်နီဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ဇွန်လ ၁၂ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ငယ် ၈လက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၀ရက်နေ့ကတည်းက ဒေါညေးခူကျေးရွာမှာ တပ်စွဲနေခဲ့တာဖြစ်ပြီး ဒေသခံ နေအိမ်တွေကိုလည်း ဖောက်ထွင်းတာ ရှိခဲ့တယ်လို့ KNDF ဗဟိုကော်မတီဝင် တစ်ဦးဖြစ်တဲ့ ကိုသိုက်က ပြောပါတယ်။

စစ်ကောင်စီဘက်က ၁၀ဦးထက်မနည်း သေဆုံးတာရှိတယ်လို့ ကိုသိုက်က ဆက်ပြောပါတယ်။

“သူတို့က ဖရူဆိုဖက်ကနေပြီးတော့ စစ်ကြောင်းထိုးလာတာ အဲ့လိုမျိုးပေါ့။ အဲ့ဒီ ဒေါညေးခူရွာထဲကို ဝင်ထိုင်ထားတာ။ ဝင်သိမ်းထားတာ အဲ့လိုမျိုးပေါ့။ အဲ့တာကို ကျနော်တို့က ပြန်တိုက်ထုတ်တာ။ ပြန်တိုက်ယူတာပေါ့။ သူတို့က စစ်ကြောင်းထိုးရင်းနဲ့ အဲ့ဒီရွာကို ရောက်နေတာပေါ့။ အဲ့ဒီကနေ ကျနော်တို့ သူတို့ကို ပြန်မောင်းထုတ်လိုက်တယ် အဲ့လိုမျိုးပေါ့။ “ လို့ ကိုသိုက်က ပြောပါတယ်။

ဒေါညေးခူကျေးရွာနဲ့ ထီးပေါ်ဆိုကျေးရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ၉ရက်နေ့ကစတင်ပြီး ယမန်နေ့ ( ဇွန်လ ၁၃ရက်နေ့) အထိ တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။

ဖရူဆိုမြို့ကနေ ဒီးမော့ဆို၊ လွိုင်ကော်မြို့ဘက်ကို တပ်ချိန်းဖို့အတွက် ပြည်ထောင်စုလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို KA ၊ KNDF၊ Loikaw PDF နဲ့ DMO PDF တို့က တိုက်ခိုက်နေတာဖြစ်ပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒီးမော့ဆိုမှာရှိတဲ့ စစ်ကောင်စီတပ်ကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်လာတာတွေလည်း ရှိပါတယ်။ ဒီးမော့ဆိုအနောက်ဘက်ခြမ်းက ကျေးရွာတွေထဲ ကျရောက်ပြီး ဒေသခံသေဆုံး ဒဏ်ရာရသူတွေ ရှိသလို ဖရူဆိုမြို့နယ် ထီးပေါ်ဆိုကျေးရွာက ခရစ်ယာန်ဘုရားကျောင်းမှာလည်း လက်နက်ကြီး ကျရောက်ပြီး ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

spot_img
spot_img