spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒေါတနောကျေးရွာ ရေထွက်ပေါက်မှာ တိုက်ပွဲဖြစ်ပွား၊ KNDF ရဲဘော် တစ်ဦးကျ၊ စစ်ကောင်စီဘက် ၂၀ ဦးထက်မနည်းသေဆုံး

ကန္တာရဝတီတိုင်း( မ် )

photos KNDF B-02

လွိုင်ကော်မြို့နယ် ဒေါတနောကျေးရွာ ရေထွက်ပေါက်မှာ ယမန်နေ့ ( ဇွန်လ ၄ရက်နေ့ )က တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNDF B-02 က အသက် ၂၁နှစ်အရွယ် ရဲဘော် မောင်မာတေးအို ကျဆုံးသွားခဲ့တယ်လို့ KNDF B-02 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

KNDF B-02၊ KNDF B-14၊ SSRY (၁၀၀၈တပ်ရင်း) ၊ KA တို့နဲ့ စစ်ကောင်စီတပ်တွေဟာ ယမန်နေ့ မွန်းလွဲ ၁နာရီခွဲကနေ ၃နာရီခွဲအထိ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“ တိုက်ပွဲက စစ်ကောင်စီ စစ်ကြောင်းထိုးလာတယ်။ ကျနော်တို့က ကျနော်တို့ကသွားစောင့်ပစ်ရင်းနဲ့ ကျနော့်ရဲဘော် တစ်ယောက်ကျသွားတယ်ပေါ့နော။ အင်အားကတော့ ၁၀၀၊ ၁၂၀ လောက်တော့ရှိမယ်။ “ လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီဘက်ကလည်း ၂၀ဦးထက်မနည်း အကျအဆုံးရှိနိုင်ပြီး လွိုင်ကော်အမြှောက်တပ်၊ ကယန်းသာယာဂိတ်၊ လွိုင်လင်တပ်တို့ကနေ လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်တာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေမှာ နယ်မြေရှင်းလင်းရေးတွေ မပြုလုပ်ရသေးသလို တိုက်ပွဲတွေလည်း ဖြစ်ပေါ်နိုင်သေးတဲ့အတွက် ဒေသခံတွေအနေနဲ့ မသွားလာကြဖို့ KNDF B-02 ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်သားဟာ မေလ ၃၁ရက်နေ့ကတည်းက အင်အား ၁၀၀ ဝန်းကျင်နဲ့ လွိုင်ကော်အရှေ့ဘက်ခြမ်းရှိ လင်ဖုံး၊ ကျိုင်းတုံကျေးရွာအနီးကိုစစ်ကြောင်းထိုးလာခဲ့တယ်လို့ KNDF B-14က ထုတ်ပြန်ထားပါတယ်။

photos KNDF B-02

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ KNDF B-12 ၊ KNDF B-14နဲ့ KA တို့ ဇွန်လ ၂ရက်နေ့က လွိုင်လင်မြို့ အရှေ့ဘက်ခြမ်း ကုန်းမှီကို ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ ၆ဦးသေဆုံးခဲ့တယ်လို့ KNDF B-12 က ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေဖြစ်ပွားပြီး ကရင်နီဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်က ကျဆုံးသူ ၁၂၈ဦး ရှိသွားပြီလို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု ( PKPF ) က ဇွန်လ ၁ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

spot_img
spot_img