spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဒေါပဲ့(စော်ဘွား)ကျေးရွာသားတွေရဲ့ ရေချိုးကန်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့နယ်ရဲ့ ဒေသတချို့တွေမှာ နွေရာသီ ရေရှားပါးမှုပြဿနာဟာ နှစ်စဉ်ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုပါ။

ဒီးမော့ဆိုမြို့မှာရှိတဲ့ ဒေါပဲ့(စော်ဘွား)ကျေးရွာဟာ သောက်သုံးရေအတွက် အလှူရှင်တွေကိုမှီခိုပြီး နှစ်စဉ်ရေရှားပါးမှုပြဿနာကို ဖြေရှင်းနေရပါတယ်။

သောက်သုံးရေအတွက် အလှူရှင်က တစ်လနှစ်ခါလာပြီး အိမ်ထောင်စုတစ်ခုကို ပုံးဝါ၁၀ပုံးစီ ခွဲဝေကြပါတယ်။

အိမ်ခြေ၃၄အိမ် ရှိတဲ့ အဲ့ဒီကျေးရွာဟာ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ဆိုင်ကယ်နဲ့ ၁၅မိနစ်လောက်သွားရတဲ့ ရေကန်ကို အသုံးပြုကြပါတယ်။

အဲ့ဒီကန်ကို ဒေါဖုကျေးရွာ၊ ဒေါပဲ့(စော်ဘွား)ကျေးရွာနဲ့ ဒေါဆိုခူ စတဲ့ ကျေးရွာသားတွေ လာရောက်အသုံးပြုကြပါတယ်။ နှစ်တိုင်း သုံးလပိုင်းကနေ မိုးရာသီအချိန်အထိ အဲ့ဒီရေကန်ကို သုံးစွဲကြတာဖြစ်ပါတယ်။

“တစ်ပတ်ကို ၅ကြိမ်အဲ့ဒီရေကန်လာရောက်တဲ့ ဒေါဖုကျေးရွာက မော်ရီးမယ်က ” သွားရ လာရ တာရှုတ်တယ်။ ဆိုင်ကယ်နဲ့ သွားရတာဆိုတော့ အန္တာရာယ်လည်းရှိတယ်။ ” လို့ ပြောပါတယ်။

မိသားစုများတဲ့အိမ်တွေမှာဆိုရင် သောက်သုံးရေအတွက် အဲ့ဒီရေကန်ကို အသုံးပြုကြပါတယ်။

တခြားရေတွေလည်းမရှိတော့တဲ့အတွက် ဝေးပေမယ့် ရေမသန့်ရှင်းတာတွေက ပိုဆိုးတယ်လို့ ဒေါပဲ့(စော်ဘွား) ကျေးရွာက ခူးဖဲဘီးကပြောပါတယ်။

” ယားယံတာတွေတော့မရှိဘူး။ ဒါပေမယ့် ကျွဲတွေနွားတွေတော့ လာပြီး သောက်သုံး တာတွေရှိတယ်။ ဒီမှာပဲ ရေလာချိုးတယ်။ ဒီဟာပဲ သောက်သုံးဖို့အတွက် ပြန်သယ်သွားရတယ်ဆိုတော့ ရေကိုသယ်သောက်ရတယ်။ အဲ့မျိုး မသန့်ရှင်းဘူးပေါ့နော။ “

ဒေါဖုကျေးရွာ ရေကော်မတီဝင် လူငယ် ခူးတလဲက ထိန်းသိမ်းဖို့အတွက်လည်း အခက်အခဲတွေရှိတယ်လို့ ပြောပါတယ်။

” အခက်အခဲတော့ရှိတယ်။ သစ်ရွက်တွေက အဲ့ကန်ထဲပြုတ်ကျ။ ကျွဲနွားတွေလည်းအသုံးပြုတော့ ညစ်ပတ်တယ်။ ထိန်းသိမ်းမယ်ဆိုရင်လည်း ကျွဲနွားတွေက တခြားရေကို သောက်သုံးဖို့အတွက်လည်းမရှိတော့ဘူး။ အတူတူသုံးစွဲကြတယ်ဆိုတဲ့ သဘောမျိုးပေါ့။ ကာကွယ်ထိန်းထိမ်းပြီး အဲ့ဒီကျွဲနွားတွေကို မသောက်သုံးခိုင်းတော့ဘူးဆိုရင်လည်း သူတို့လည်း သောက်သုံးစရာမရှိတော့ဘူးကော။ ကျွဲနွားတွေလည်း လူနဲ့အတူတူပဲလေ။ “

အဲ့ဒီရေကန်ကိုသွားဖို့အတွက် ဆိုင်ကယ်မောင်းကျွမ်းဖို့လိုအပ်ပါတယ်။ ဆိုင်ကယ်မမောင်းနိုင်တဲ့ သက်ကြီးရွယ်အိုတွေ မုဆိုးမတွေကတော့ ရွာနဲ့ မိနစ်လေးဆယ်လောက် ခြေကျင်လျှောက်ရတဲ့ ရေတွင်းကို သွားရောက်သုံးစွဲကြပါတယ်။

ဒီရေကန်ကနေ ကျေးရွာအထိ ရေပိုက်နဲ့ ရေစုပ်တင်ပေးနိုင်တဲ့ အစီအစဉ်ကို လူထုဗဟိုပြုဖွံ့ဖြိုးရေးက ဆောင်ရွက်နိုင်ခဲ့ပေမယ့်လည်း ရေရှည် ထိန်းသိမ်းမှုအပိုင်းနဲ့ စက်မောင်းနှင်တဲ့အပိုင်းတွေမှာ လိုအပ်ချက်တွေ ရှိလာတဲ့အတွက် ဒီစီမံကိန်းကနေလည်း ရေသုံးစွဲဖို့ အခက်အခဲရှိနေပြန်ပါတယ်။

တခြား ဆိုင်ကယ်တွေ မရှိတဲ့သူတွေ ၊ သွားလာဖို့ခက်ခဲတဲ့သူတွေဆိုရင်တော့ ရွာနဲ့ ခြေလျှင်ခရီးလျှောက်ပြီး အသွားအပြန်နှစ်နာရီလောက်ရှိတဲ့ တောင်တက်တောင်ဆင်း ရေထွက်ပေါက်လေးရှိတဲ့ အထိ သွားခပ်ယူပါတယ်။

ဒေါပဲ့ရွာက ပြည်သူတွေအနေနဲ့ တကိုယ်ရေသန့်ရှင်းရေးထက် သောက်သုံးရေကိုတောင် မနည်းခပ်နေရဆဲ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts