CATEGORY
သဘာဝပါတ်ဝန်းကျင်နှင့် မိုးလေဝသ
ဒေါပဲ့(စော်ဘွား)ကျေးရွာသားတွေရဲ့ ရေချိုးကန်
ကန္တာရဝတီတိုင်း(မ်)
ဒီးမော့ဆိုမြို့နယ်ရဲ့ ဒေသတချို့တွေမှာ နွေရာသီ ရေရှားပါးမှုပြဿနာဟာ နှစ်စဉ်ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုပါ။
ဒီးမော့ဆိုမြို့မှာရှိတဲ့ ဒေါပဲ့(စော်ဘွား)ကျေးရွာဟာ သောက်သုံးရေအတွက် အလှူရှင်တွေကိုမှီခိုပြီး နှစ်စဉ်ရေရှားပါးမှုပြဿနာကို ဖြေရှင်းနေရပါတယ်။
သောက်သုံးရေအတွက် အလှူရှင်က တစ်လနှစ်ခါလာပြီး အိမ်ထောင်စုတစ်ခုကို ပုံးဝါ၁၀ပုံးစီ ခွဲဝေကြပါတယ်။
အိမ်ခြေ၃၄အိမ် ရှိတဲ့ အဲ့ဒီကျေးရွာဟာ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက် ဆိုင်ကယ်နဲ့ ၁၅မိနစ်လောက်သွားရတဲ့ ရေကန်ကို အသုံးပြုကြပါတယ်။
အဲ့ဒီကန်ကို ဒေါဖုကျေးရွာ၊...
ခဲသတ္တုကုန်ချောထုတ်မည့်စက်ရုံ ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်
ကန္တာရဝတီတိုင်း(မ်)
ကယားပြည်နယ် လွိုင်ကော်မြို့နယ် စက်မှုဇုန် (၂) ထဲမှာ အကြီးစား ခဲသတ္တု ကုန်ချောစက်ရုံက ယခုအချိန်ထိ စက်ရုံတည်ဆောက်နေမှုလုပ်ငန်းတွေနဲ့ပတ်သတ်ပြီး စက်ရုံရဲ့ကောင်းကျိုး/ဆိုးကျိုးတွေကို ချပြတာမရှိဘူးတဲ့အတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရတာဖြစ်တယ်လို့ မြန်မာနိုင်ငံပွင့်လင်းမြင်သာမှုနှင့်တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့ ကယားပြည်နယ်တာဝန်ခံ ခွန်းအန်းဂျလိုက ပြောပါတယ်။
“ သူတို့တည်ဆောက်ရေးတွေဆက်လုပ်နေတယ်။ အဲ့ဒါလူထုကို မချပြဘူးလေ။ မချပြတော့...
ဖားဆောင်းမြို့နယ်အတွင်းရှိ ရေဘေးသင့် အိမ်ထောင်စုများကို ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းပေးအပ်
နော်ဒွေးအယ်ခူ
သံလွင်မြစ်ရေမြှင့်တက်မှုကြောင့် ဖားဆောင်းမြို့နယ်အတွင်းရှိ ရေဘေးသင့် အိမ်ထောင်စု(၁၆၁)စုကို သြဂုတ်လ၂၃ရက်နေ့က ဖားဆောင်းမြို့နယ်ခန်းမမှာ ကယားပြည်နယ်အစိုးရအဖွဲ့ကနေပြီး ထောက်ပံ့ပစ္စည်းတွေ ပေးအပ်ခဲ့ပါတယ်။
ဖားဆောင်းမြို့နယ်အတွင်းရှိ တောင်ပိုင်းရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ဝမ်အောင်(ရှမ်း)ကျေးရွာအုပ်စု၊ ခဲမဖြူကျေးရွာအုပ်စုတို့မှ အိမ်ထောင်စုပေါင်း (၁၆၁)စု၊ လူဦးရေ (၆၅၄)ဦးတို့အတွက် တစ်ပတ်စာ ဆန်၊ ရေသန့်၊ ခေါက်ဆွဲခြောက်၊ အချိုရည်၊ Mask၊ ကိတ်မုန့် စတာတွေကို...
မော်ချီးမြေပြိုမှုတွေဖြစ်မလာအောင် အန္တရာယ်ရှိတဲ့နေရာတွေမှာ ခဲမတူးအောင် နေ့၊ ည ကင်းလှည့်နေ
စိုးထိုက်အောင်
မော်ချီး ခဲသတ္တုတူးဖော်တဲ့ လုပ်ကွက်နေရာတွေမှာ အချို့မြေပြိုနိုင်တဲ့ အခြေအနေရှိနေတာကြောင့် အန္တရာယ်ရှိတဲ့နေရာတွေမှာ အလုပ်လုပ်နေတဲ့ သူတွေရှိမရှိ ကင်းလှည့် ကြည့်ရှုနေတယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က ပြောပါတယ်။
“ ဒီနေရာမှ အန္တရာယ်ဇုန်၊ အန္တရာယ်ရှိနိုင်ပါတယ် ဆိုပြီးတော့မှ ကျတော်တို့ဆိုင်းဘုတ်တွေ၊ ပြီးတော့ အသိပညာဟောပြောပွဲတွေ၊ ပြီးတော့ မော်ချီးမှာ ကျတော်တို့အဖွဲ့တွေ ၊...
သစ်ပင် ပျိုးပင်ပေါင်း ၃သောင်းခွဲကျော်ကို မေလထဲမှာ အခမဲ့ ဖြန့်ဝေပေးမည်
စိုးထိုက်အောင်
ဒီးမော့ဆို သစ်တောဦးစီးဌာနအနေနဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံသစ်တောများပြန်လည်စိမ်းလန်းစိုပြေရေးအတွက် သစ်မျိုး (၁၁)မျိုး ပျိုးပင်ပေါင်း၃၅၆၅၈ ပင်ကို မေလ၊ ဒုတိယပတ်မှာ စတင်ဖြန့်ဝေပေးသွားမယ်လို့ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ် သစ်တောဦးစီးဌာနမှုး ဦးစွမ်းထက်ကို ကပြောပါတယ်။
ကျွန်းသစ်၊ သစ်မာ၊ လျှော်ဖြူ၊ ထင်းရူး စတဲ့...
အန္တရာယ်ဇုံအဖြစ်သတ်မှတ်ထားသည့် မော်ချီးဒေသတွင် မြေပြိုမှုဖြစ်ပွား
ကန္တာရဝတီတိုင်း(မ်)
ယခုတစ်ပတ်အတွင်း မိုးများဆက်တိုက်ရွာသွန်းနေမှုကြောင့် ဖားဆောင်းမြို့နယ် မော်ချီးဒေသရှိ အန္တရာယ်ဇုံအဖြစ် သတ်မှတ်ထားသည့်နေရာများတွင် မြေပြိုမှုများဆက်တိုက်ဖြစ်နေသည်ဟု မော်ချီးဒေသမှ ပါပွာကလူ ကရင်လူမှုဖွံ့ဖြိုးတိုးတက်ရေးအမျိုးသမီးအဖွဲ့ ဥက္ကဌ ဒေါ်မားဂရက်စိန်က ပြောပါသည်။
“အရင်ပြီးခဲ့တဲ့ အရင်ရက်ကတည်းက မြေတွေစပြိုနေတာ အခုချိန်အထိပဲ ဆက်တိုက်ကို ပြိုနေတာ။ အဲဒီပြိုတဲ့နေရာက ကျမတို့ အန္တရာယ်ဇုံလို့ သတ်မှတ်ထားတဲ့နေရာထဲက တစ်ခုပါပဲ။” ဟု...
ခရီးသွားလုုပ်ငန်းစီမံကိန်းကြောင့် ထီးဆိုဒူး အမြဲစိမ်းတောအလှ အကျည်းတန်သွားမှာ စိုးရိမ် (ရုပ်သံ)
ကယားပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ စွတ်ပိုင်ကုမ္ပဏီက ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာရှိတဲ့ ထီးဆိုဒူးရေဝေရေလဲ အမြဲစိမ်းသစ်တောမှာ ခရီးသွားလုပ်ငန်းလုပ်ဆောင်ဖို့ အစီအစဉ်ရေးဆွဲနေတာ နောက်ဆုံးအဆင့်ရောက်နေပါပြီ။
ကုမ္ပဏီဘက်ကတော့ ဒေသခံတွေရဲ့ ထောက်ခံမှုကို ၅ဝ ရာခိုင်နှုန်းလောက် ရရှိနေပြီလို့ ပြောပေမဲ့ လက်တွေ့ ဒေသခံတွေနဲ့ ကွင်းဆင်းတွေ့ဆုံရာမှာ ကန့်ကွက်မှုတွေ အများကြီး ကြုံတွေ့နေရဆဲ ဖြစ်တယ်လိုု့...
ထီးဆိုဒူးအလှ စီမံကိန်းများကြောင့် အကျည်းတန်စေတော့မှာလား
ကန္တာရဝတီတိုင်းမ်
ကယားပြည်နယ်အစိုးရ၏ခွင့်ပြုချက်ဖြင့် စွတ်ပိုင်ကုမ္ပဏီမှ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ ထီးဆိုဒူးရေဝေရေလဲ အမြဲစိမ်းသစ်တောတွင် ခရီးသွားလုပ်ငန်းလုပ်ဆောင်ရန် အစီအစဉ်များ ရေးဆွဲနေကြသည်မှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
ခရီးသွားလုပ်ငန်းကုမ္ပဏီမှ ထီးဆိုဒူးတွင် လုပ်ဆောင်မည့် လုပ်ငန်းများမှာ ရုံးခန်းဆောက်လုပ်ခြင်း၊ စားသောက်ဆိုင်၊ အမှတ်တရပစ္စည်းအရောင်းဆိုင်၊ မြင်းစီးစခန်း၊ ရေလွှာလျှောစီး၊ အလှသစ်ပင်စိုက်ပျိုးခြင်း၊ မီးတားလမ်းဖောက်လုပ်ခြင်း၊ လျှပ်စစ်မီးသွယ်တန်းခြင်း၊ ကားလမ်းဖောက်လုပ်ခြင်း၊ ရွှေ့ပြောင်းနိုင်သော...
မိရိုးဖလာဓလေ့အရ သစ်တောထိန်းသိမ်းတာတွေကို သစ်တောဥပဒေမူကြမ်းထဲမှာ ထည့်သွင်းရေးဆွဲပေးဖို့ တိုင်းရင်းသားတွေ အကြံပြု
ဒွေးအယ်ခူ
ကယား(ကရင်နီ)တိုင်းရင်းသားဒေသမှာရှိတဲ့ မိရိုးဖလာဘိုးဘွားစဉ်ဆက်က
ထိန်းသိမ်းစောင့်ရှောက်လာကြတဲ့ သစ်တောတွေကို
သစ်တောဥပဒေ(မူကြမ်း)မှာ ထည့်သွင်းရေးဆွဲပေးနို်င်ဖို့ ဒေသခံတိုင်းရင်းသား ကိုယ်စားလှယ်တွေက အကြံပြုတင်ပြတောင်းဆိုသွားခဲ့ကြတယ်လို့ ဒေသခံကိုယ်စားလှယ်
တစ်ဦးဖြစ်တဲ့ ခူးလိရယ်အန်းဂျလိုက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၅ရက်နေ့၊
လွိုင်ကော်မြို့နယ်ခန်းမမှာ သစ်တောနည်းဥပဒေ(မူကြမ်း)ကို အကျိုးသက်ဆိုင်သူများထံ ချပြဆွေးနွေးခြင်းနှင့်
အကြံပြုချက်များယူခြင်းဆိုင်ရာ ဆွေးနွေးပွဲမှာ ဒေသခံတိုင်းရင်းသားကိုယ်စားလှယ်တွေက
တင်ပြဆွေးနွေးသွားခဲ့ကြတာဖြစ်ပါတယ်။
တက်ရောက်လာကြတဲ့ ဒေသခံ ကိုယ်စားလှယ်တွေက
ဆွေးနွေးပွဲမှာ တိုင်းရင်းသားဒေသတွေမှာရှိတဲ့ မိရိုးဖလာဘိုးဘွားစဉ်ဆက်က ထိန်းသိမ်းလာတဲ့
သစ်တောတွေ၊ အစုအဖွဲ့လိုက်...
ပြောင်းလဲသွားသော စိတ်မချမ်းမွေ့ဖွယ် အရာ
ဖိုးမူဆီး
မော်ချီးနှင့် အလှမ်းဝေးသော နေရာတစ်ခုဆီသို့ ညနေ (၃)နာရီ အချိန်တွင် သူငယ်ချင်းများနှင့် အတူ ဆို်င်ကယ်ကိုယ်စီဖြင့် ထွက်ခွာခဲ့ကြသည်။
လိုခါးလိုရွာ အဆုံးထိ လမ်းကောင်းသော်လည်း ကျနော်တို့ သွားမည့် ရွာသို့ ဆက်သွားသော လမ်းသည် တစ်လျှောက်လုံး ဖုံတထောင်ထောင်နှင့် ဖုံများသည်သာမက ကြမ်းလွန်းလှသည်။ လမ်းကြမ်း၍ဖုံထူသောကြောင့် ပြုတ်ကျမှာကိုပင် စိုးရိမ်မိသည်။...