spot_img
Monday, May 29, 2023
spot_imgspot_imgspot_imgspot_img

ဓာတ်ခွဲခန်းမရှိခြင်းကြောင့် စားသုံးသူရေးရာ ဦးစီးဌာန အခက်အခဲဖြစ်

Author

Date

Category

ထ ျို း မြာ

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် ကိုယ်ပိုင်ဓာတ်ခွဲခန်းမရှိသောကြောင့် မစားသင့်သော အစားအသောက်များကို ဓာတ်ခွဲစစ်ဆေးရန် အခက်အခဲ ရှိနေသည်ဟု စားသုံးသူရေးရာ ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူ း ဦးခမ်လ ျ န်စွမ်းက ပြောသည်။

“ ဓာတ်ခွဲပို့ဖို့ သူများဓာတ်ခွဲခန်းကို အကူအညီတောင်းရတယ်။ စာနဲ့ပေနဲ့သွားရတယ်။ ပြီးတော့ ကိုယ်စမ်းသပ်ချင်တဲ့စားသောက်ကုန်ပစွည်းက ဓာတ်ခွဲလို့အဆင်ပြေမလား၊ မပြေလား သူတို့ဆီကစမ်းတောင် မစမ်းရသေးဘူး အဖြေတစ်ခုစောင့်ရသေးတယ်”ဟု ၎င်းကပြောသည်။

လက်ရှိအချိန်တွင် လွိုင်ကော်မြို့ အသေးစားစက်မှုလက်မှု ဦးစီးဌာန၌ ဓာတ်ခွဲခန်းတစ်ခုရှိသော်လည်း ဓာတ်ခွဲခန်း ကျွမ်းကျင်ဝန်ထမ်းမလာနိုင်သေးသည့်အတွက် အစားအသောက်များအား ဓာတ်ခွဲစစ်ဆေးရန် မန္တလေးသို့ တဆင့် ပြန်လည် ပို့ဆောင်စစ်ဆေးမှုမျာ ပြုလုပ်ရသည်။

“ ဓာတ်ခွဲခန်းရှိရင် ကိုယ့်ဝန်ထမ်းနဲ့ကို ဆိုရင်တော့ အခုဈေးထဲသွားမယ် သံသယရှိတဲ့ပစွည်းတွေ့ရင် တစ်ခါတည်းဝယ်ပြီး တစ်ခါတည်းစမ်းလို့ရမယ်။ ကိုယ့်ဆီမှာ ဓာတ်ခွဲခန်းရှိရင် တစ်ခါတည်းအဖြေထုတ်လို့ရတယ်”ဟု ဦးခမ်လျန်စွမ်းက ဆိုသည်။

ကယားပြည်နယ်တွင် ကင်ဆာရောဂါအန္တရာယ်ရှိနိုင်သောစားသောက်ကုန်များကို ရှာဖွေတွေ့ရှိထားပြီး ဓာတ်ခွဲခန်းသို့ပို့ရန် စားသုံးသူရေးရာ ဦးစီးဌာနမှ စီစဉ်လျက်ရှိသည်။  ရိုးရာခေါင်ရည်ချက်လုပ်ရာတွင် အသုံးပြုသော တစေး၊ ပျားရည်အတုများ၊ အချိုမှုန့်၊ အားဖြည့်အချိုရည်များနှင့် အကင်များမှာ စားသုံးသူရေးရာ ဦးစီးဌာနမှစစ်ဆေးမည့်စာရင်းတွင် ပါဝင်နေပြီး စစ်ဆေးမှုများ ပြုလုပ်ရန် စီစဉ်နေသည်။

Recent posts