spot_img
Friday, March 24, 2023
spot_img

နန်းဖဲအနီးတွင် စစ်ကောင်စီမှ ထိုးစစ်ဆင်၊ အင်အားဖြည့်တင်းနေမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် ဘောလခဲ-ဖရူဆိုမြို့နယ်ကြားက နန်းဖဲကျေးရွာအနီးတစ်ဝိုက် နန်းဖဲ- ကလိလျားကျေးရွာကြားမှာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်မှု၊ အင်အားဖြည့်တင်းနေမှုကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

“ အခုလောလောဆယ်တော့ သယ်နိုင်သလောက်တော့ သယ်လာကြတာပဲ။ သူတို့က တပ်မဆုတ်ဘူး စစ်ကြောင်း ဆက်ချီနေမယ်ဆိုရင်တော့ ခုလောလောဆယ် ပြေးနေရတဲ့နေရာကနေ ထပ်ပြေးရမှာပဲ ကြာလာရင်တော့ နေရေးထိုင်ရေးစားရေး ခက်ခဲလာမှာပဲ။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့က နန်းဖဲ- ကလိလျား ကျေးရွာကြားမှာ နယ်မြေကျော်လာတဲ့ အင်အား ၅၀ကျော်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်မတော် KA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တို့က အပြန်အလှန် ပစ်ခတ်ကြရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အနီးအနားကျေးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံဆီကနေ သိရပါတယ်။

အဆိုပါ တိုက်ပွဲက ယမန်နေ့ ( ဇူလိုင်လ ၁၈ ရက်နေ့ ) ညနေ ၄ နာရီကျော်မှာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ကာ နာရီဝက်ခန့် ကြာခဲ့တယ်လို့ သိရပါတယ်။

နှစ်ဖက်ပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို ဒီကနေ့ ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းမှာ စစ်ကောင်စီဖက်ကနေ ကျေးရွာဖက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကြားနေရတယ် နှစ်ဖက်ပစ်နေတဲ့အသံတော့မဟုတ်ဘူး လက်နက်ကြီးတွေနဲ့ ရမ်းသမ်းထုနေတာ အသံအကျယ်ကြီးပဲ။ ကျေးရွာ ၄ ရွာ လောက်က သူတွေတော့ အကုန်ထွက်ပြေးတိမ်းရှောင်နေရပြီ။ နန်းဖဲကနေ တက်လာတယ်လို့ကြားတယ်လေ ရွာနဲ့လည်း နီးနီးလေး။ သေနတ်သံကြားတာနဲ့ ကြောက်နေရတာ။ ရှောင်တာကတော့ မနေ့ကတည်းက ရှောင်ကြတယ် မနေ့က ၄ နာရီ ကျော်လောက်မှာ နှစ်ဖက်ပစ်ခတ်သံတွေကြားကတည်းက အကုန်လုံး ထွက်ပြေးတိမ်းရှောင်ကြပြီ ခုထိ ရွာမပြန်ရဲကြသေးဘူး။ စစ်ကောင်စီတွေက ပြန်မဆုတ်သေးသလို အင်အားလည်း ထပ်ဖြည့်ထားတယ်လို့ ပြောတယ်။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖရူဆိုမြို့နယ် တော်ခူအုပ်စုအတွင်းက KNPP ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်မှ တပ်မဆုတ်ဘဲ ကျေးရွာအတွင်းကို စစ်ကြောင်းချီလာတာကြောင့် နန်းဖဲအနီးအနားရှိ ကျေးရွာ ၆ ရွာမှ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ကရင်နီတပ်မတော် ထိန်းချုပ်ရာဒေသတွေမှာ စစ်ကောင်စီတပ်ဖွဲ့မှ ထိုးစစ်ဆင်လာတဲ့အတွက် ယခုရက်ပိုင်းအတွင်း နှစ်ဖက်ထိတွေ့မှု မကြာခဏ ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို လေကြောင်းတိုက်ခိုက်ပြီး နေအိမ် ( ၁၀၀ ) ဝန်းကျင် မီးလောင်ပျက်စီး

ကန္တာရဝတီ တိုင်း(မ်) ဒီကနေ့ မတ်လ ၂၄ ရက်နေ့ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း တစ်နေရာကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ကန္တာရဝတီတိုင်း(မ်)ရဲ့ မြေပြင်သတင်းထောက်မှ သတင်းပေးပို့ချက်အရ သိရပါတယ်။ ကျေးရွာတစ်ရွာထဲကို ယနေ့ နေ့လည် ၁၂ နာရီ မိနစ် ၄၀ ဝန်းကျင်မှာ...

စစ်ကောင်စီစစ်ကြောင်းထိုးမှုကြောင့် ကရင်နီ စစ်ရှောင်ဦးရေ နှစ်သိန်းခွဲအထိ ရှိလာ

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးမှုတွေကြောင့် စစ်ရှောင်ပြည်သူ နှစ်သိန်းခွဲအထိ ရှိလာပြီလို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC) ရဲ့ လူသားချင်းစာနာထောက်ထားမှုကော်မတီ တာဝန်ခံ ဦးဗညားက ပြောပါတယ်။ “အနည်းဆုံးကတော့ ၂သိန်းခွဲရှိသွားပြီလို့ ကျနော်တို့က ယတိပြတ်ပြောလို့ရသွားပြီပေါ့နော။ ဘာဖြစ်လို့ အဲ့လိုပြောရတာလဲဆိုရင်တော့ အရင်က ၂ သိန်းဝန်းကျင် ရှိတယ်လို့ ခန့်မှန်းခဲ့ကြတယ်။ ဒီလိုမျိုးခန့်မှန်းချက်ကလည်း မြို့နယ်အလိုက်...

ဒီးမော့ဆိုအရှေ့ဘက် (၂)ပတ်ကျော် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တစ်ရာဝန်းကျင် သေဆုံးပြီး ပူးပေါင်းတပ်မှ (၄)ဦးကျဆုံး

ကန္တာရဝတီတိုင်း(မ်) ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ မတ်လ ဒုတိယအပတ်ကနေစပြီး စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေတာ ၂ပတ် ကျော် ရှိလာပြီဖြစ်ပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်းမှာ နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေ ရှိနေပြီး စစ်ကောင်စီဖက် တစ်ရာဝန်းကျင်သေဆုံးပြီး ပူးပေါင်းတပ်မှ (၄)ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ “ အရေအတွက်တော့ မသိဘူး။ ဒါပေမယ့် အကျအဆုံးတော့...

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းတိုက်ပွဲအတွင်း KNDF တပ်ရင်း (၁၀)မှ ရဲဘော်နှစ်ဦးကျဆုံး

ကန္တာရဝတီတိုင်း(မ်) တိုက်ပွဲနေ့စဉ်ဖြစ်ပွားနေတဲ့ ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းရှိ ဒေါညေးခူ၊ ဒေါတမကြီးကျေးရွာတိုက်ပွဲအတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) တပ်ရင်း (၁၀)မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့တယ်လို့ KNDF တပ်ရင်း (၁၀)က ဒီကနေ့ ( မတ်လ ၂၄ ရက်နေ့) မှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့...