spot_img
Monday, August 8, 2022
spot_img

ကိုးဗစ်ရောဂါကြိုတင်ကာကွယ်ရေး ရိုးရာဓလေ့ ပြုလုပ်

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

Covid ကပ်ဘေးကြိုတင်ကာကွယ်ရေးအတွက် ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းရှိ ဟိုဝမ်အထက်ရွာမှာ လူမျိုးစုအလိုက် မိမိရိုးရာနည်းဖြင့် ကြိုတင်ကာကွယ်ကြတယ်လို့ သိရပါတယ်။ ရိုးရာနည်းဖြင့် ကာကွယ်သလို ကျန်းမာရေးဦးစီးဌာနရဲ့ ညွန်ကြားချက်နဲ့အညီလည်း ဆောင်ရွက်နေပြီး လိုအပ်ချက်တွေရှိနေသေးတယ်လို့ ကျေးရွာလူထုတွေက ပြောပါတယ်။

” ကျနော်တို့က နှစ်ခုစလုံးအားသာတယ်လို့ ပြောလို့ရတယ်ပေါ့နော်။ ဓလေ့လည်းလုပ်မယ်။ နောက်ပြီး ထိရောက်တဲ့ကာကွယ်မှုတွေလည်း လိုတယ်ပေါ့။ mask တွေ လက်သန့်ဆေးရည်တွေ၊ ဆပ်ပြာတွေတော့ လိုအပ်နေသေးတယ်ပေါ့နော။”လို့ ကျေးရွာအကျိုးဆောင်တစ်ဦးက ပြောပါတယ်။

ဟိုဝမ်အထက်ရွာက ပြီးခဲ့တဲ့ ဇူလှိုင်လ ၁၇ ရက်နေ့မှာ ရိုးရာဓလေ့နည်းဖြင့် ကပ်ရောဂါ ကာကွယ်နည်း ပြုလုပ်ခဲ့တာ ဖြစ်ပြီး ဆောင်ဒူလာ၊ ဝါဘန်းပလို ကျေးရွာတွေလည်း ပြုလုပ်ခဲ့ကြသလို ကျန်တဲ့ကျေးရွာတွေလည်း ဆက်လက်ပြုလုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

ရိုးရာဓလေ့အရ ရွာအဝင်အထွက်လမ်းတွေမှာ သစ်သား၊ဝါး များဖြင့်ထွင်ထုထားတဲ့ အိမ်မွေးတိရိစ္ဆာန်နဲ့ လူအရုပ်များကို ထားရှိပါတယ်။ ဒါ့အပြင် ပင့်ကူအိမ် ( ခေါ် ) ဝါးဖြင့် ရက်လုပ်ထားတဲ့ ဝါးထရံတွေကိုလည်း ရွာအဝင်အထွက်နဲ့ အိမ်ခြံရှေ့တွေမှာ ချိတ်ထားကြပါတယ်။

အခုလိုပြုလုပ်ရခြင်းမှာ တောစောင့်နတ်၊တောင်စောင့်နတ်၊ ရွာစောင့်နတ်အမျိုးမျိုးတို့ကို အားကိုးပြီး ကပ်ဘေးအမျိူးမျိုးမှ ကာကွယ်ပေးတယ်လို့ ဘိုးဘွားစဉ်ဆက်ကတည်းက ယုံကြည်စွာ ကျင့်သုံးခဲ့ကြတယ်လို့ ကျေးရွာလူထုတွေက ဆိုပါတယ်။

ယခုလက်ရှိ မြန်မာနိုင်ငံမှာ covid တတိယလိုင်း လျင်မြန်စွာပျံနှံ့နေပြီး ကရင်နီပြည်တွင်းမှာတော့ ဇူလှိုင်လ ၁၈ ရက်နေ့အထိ covid ကူးစက်ခံရ သူဦးရေ ၁၈၁ ယောက်နဲ့ သေဆုံးသူ ၆ ဦး အထိ ရှိလာပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်ကာ ဆေးရုံဆင်းခွင့်ရသူ ၂၉ ဦး ရှိတယ်လို့သိရပါတယ်။

ဟိုဝမ်အထက်ရွာမှ ကပ်ရောဂါကာကွယ်ရေး ရိုးရာဓလေ့ ပြုလုပ်ထားပုံ
ဟိုဝမ်အထက်ရွာမှ ကပ်ရောဂါကာကွယ်ရေး ရိုးရာဓလေ့ ပြုလုပ်ထားပုံ
ဟိုဝမ်အထက်ရွာမှ ကပ်ရောဂါကာကွယ်ရေး ရိုးရာဓလေ့ ပြုလုပ်ထားပုံ
ဟိုဝမ်အထက်ရွာမှ ကပ်ရောဂါကာကွယ်ရေး ရိုးရာဓလေ့ ပြုလုပ်ထားပုံ
ဟိုဝမ်အထက်ရွာမှ ကပ်ရောဂါကာကွယ်ရေး ရိုးရာဓလေ့ ပြုလုပ်ထားပုံ
spot_imgspot_imgspot_imgspot_img

More from the blog

လွိုင်ကော်မြို့ ပွန်ချောင်းက စစ်ကောင်စီတပ်စခန်းကို KA ၊ KNDF တို့က ဒရုန်းဖြင့် သွားရောက်ပစ်ခတ်

ကန္တာရဝတီတိုင်း( မ် ) လွိုင်ကော်မြို့ ပွန်ချောင်းက စစ်ကောင်စီတပ်စခန်းကို ကရင်နီတပ်မတော် ( KA )၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) တို့က ယမန်နေ့ ဩဂုတ်လ ၇ရက်နေ့မှာ ဒရုန်းနဲ့ သွားရောက်ပစ်ခတ်ခဲ့တယ်လို့ ကရင်နီပြည်အစိုးရ ကာကွယ်ရေး ဒု-ဝန်ကြီး ခူဒယ်နီယာယ်က ပြောပါတယ်။ “နှစ်နေရာတော့...

ဒေသခံတွေ တစ်နှစ်ကြာသိုလှောင်သိမ်းဆည်းထားတဲ့ စပါးမှိုတက်တာကြောင့် ပျက်စီးမှုတချို့ရှိ

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ ဒေသခံတွေ ပြီးခဲ့တဲ့နှစ်ကတည်းက တောတောင်ထဲ သိုလှောင်သိမ်းဆည်းထားတဲ့ စပါးတွေကို ကြွက်စားတာ၊ မိုးရေစိုတာ၊ မှိုတက်တာတွေကြောင့် ပျက်စီးဆုံးရှုံးမှုတချို့ရှိခဲ့တယ်လို့ ဒေသခံတောင်သူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ်မှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ဒေသတွင်းတိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျေးရွာထဲလက်နက်ကြီးကျရောက်မှုတွေ စစ်ကြောင်းထိုးမှုတွေရှိတာကြောင့် ဒေသခံတွေဟာ ၎င်းတို့သိုလှောင်ထားတဲ့ စပါးတွေ...

ဩဂုတ်လပထမပတ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အနည်းဆုံး ၅ဦးသေဆုံး

ကန္တာရဝတီတိုင်း(မ်) ဩဂုတ်လ ပထမပတ်အတွင်း ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်မှ အနည်းဆုံး ၅ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးဌာနက ဒီကနေ့ (ဩဂုတ်လ ၈ရက်) မှာ သတင်းထုတ်ပြန်ပါတယ်။ ပထမပတ်အတွင်း ဒီးမော့ဆိုမြို့နယ် သေးဆူလဲကျေးရွာအနီး၊ ဒီးမော့ဆိုမြို့မရဲစခန်း၊ စံပြ ၆ မိုင်၊ ဘက်တလိန်ကျေးရွာ တိုက်ပွဲတွေမှာ...

စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးအတွက် မဟာမိတ်အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ KNYO ထုတ်ပြန်

ကန္တာရဝတီတိုင်း( မ် ) စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး၊ အာဏာရှင်ဟူသမျှချုပ်ငြိမ်းရေးနဲ့ ဖယ်ဒရယ်ဒီမိုကရေစီတည်ဆောက်ရာမှာ အခြားသော တိုင်းရင်းသားအဖွဲ့တွေ၊ မဟာမိတ်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကရင်နီအမျိုးသားလူငယ်အစည်းအရုံး(KNYO)မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးက ပြောပါတယ်။ “ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေတာတော့ရှိပါတယ်။ ပြည်တွင်းမှာရှိတဲ့ မဟာမိတ်တွေနဲ့ နောက်ပြီးတော့ ဒီစစ်အာဏာရှင်ကို တွန်းလှန်ကြတဲ့ ပြည်သူတွေအနေနဲ့ကော ကျနော်တို့...