spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း တရားဝင်ဖွင့်နိုင်မှ ကယားပြည်နယ်တိုးတက်မည်ဟု ဒုသမ္မတပြော

Author

Date

Category

ထိုင်း-မြန်မာနယ်စပ်သို့ သွားရောက်လေ့လာခဲ့ကြသည့် ဒုသမ္မတနှင့် ကယားပြည်နယ်အစိုးရအဖွဲ့ပုံ (ဓာတ်ပုံ- ဆြာချစ်fb)

နော်ဒွေးအယ်ခူ

မယ်စဲ့မြို့ရှိ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ထိုင်း-မြန်မာနယ်စပ် BP-13 ဖွင့်နိုင်မှသာ ကယားပြည်နယ်၏စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားလုပ်ငန်း တိုးတက်လာမည်ဖြစ်ကြောင်း ဒုသမ္မတဦးဟင်နရီဗန်ထီးယူက ကယားပြည်နယ်သို့လာရောက်ခဲ့သည့် ခရီးစဉ်တွင် ပြောသွားသည်ဟုသိရသည်။

“ အဲဒီလမ်းကြောင်းဖွင့်လာပြီဆိုလို့ရှိရင် ကျတော်တို့ ကယားပြည်နယ်ခရီးသွားလုပ်ငန်း အင်မတန်မှ အားရတိုးတက်လာမှာဖြစ်ပါတယ်။ ဒါသည် ကယားပြည်နယ်အတွက် အင်မတန်မှ ကယားပြည်နယ်ရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီးတော့မှ ခရီးသွားလုပ်ငန်းဟာ အင်မတန်မှ အရေးကြီးတဲ့ လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက်ကြောင့် ဒါကို အလေးပေးပြီးတော့မှ အကြောင်းပြပြီးတော့မှ လာရောက်ခြင်းဖြစ်ပါတယ်။” ဟု ဒုသမ္မတက ပြောသည်။

ကယားပြည်နယ်၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများနှင့် ပတ်သက်ပြီး ကြည့်ရှုစစ်ဆေးရန်အတွက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ ဦးဆောင်သော အဖွဲ့သည် ဇူလိုင်လ ၁၄ရက်နေ့၊ ပြည်နယ်ခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်များနှင့် တွေ့ဆုံသည့်အခမ်အနားတွင် အဖွင့်မိန့်ခွန်းပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဇူလိုင်လ ၁၃ရက်နေ့တွင်လည်း နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများဖြစ်သည့် လွိုင်ကော်မှ ဘောလခဲမြို့၊ ဖားဆောင်းမြို့၊ မယ်စဲ့မြို့ လမ်းကြောင်းတစ်လျှောက် ကွင်းဆင်းကြည့်ရှုခဲ့သည်ဟုသိရသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၆ ရက်နေ့တွင် မယ်စဲ့မြို့နယ် နယ်စပ်ကုန်သွယ်ရေးစခန်းကိုဖွင့်လှစ်နိုင်ခဲ့ပြီး၊ ထိုင်းနိုင်ငံမယ်ဟောင်ဆောင်ခရိုင်နှင့် ကယားပြည်နယ်လွိုင်ကော်မြို့ကို ၂၀၁ရခုနှစ် မတ်လ ၉ ရက်နေ့တွင် ညီအစ်မမြို့တော်အဖြစ် လက်မှတ်ရေးထိုးခဲ့ကြသည်။

Advertisement

ကယားပြည်နယ် မယ်စဲ့မြို့နယ်တွင် ထိုင်းနိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းဖွင့်လှစ်ထား သည်မှာ သုံးနှစ်နှီးပါးရှိနေပြီဖြစ်သော်လည်း ထိုင်းနိုင်ငံဘက်မှ တရားဝင်ဖွင့်လှစ်ခြင်း မပြုထားသေးကြောင်းသိရသည်။

အကြောင်းမှာ ထိုင်းနိုင်ငံဖက်မှ နယ်စပ်လမ်းတလျှောက်တွင် သဘာဝတိရိစာ္ဆန် ထိန်းသိမ်းရေးနယ်မြေဖြစ်နေသည့်အတွက် နယ်စပ်ကုန်သွယ်ရေးဂိတ်ကို တရားဝင်ဖွင့်လှစ်နိုင်ခြင်းမရှိသေးခြင်းဖြစ်သည်ဟု မယ်ဟောင်ဆောင် ဒု-ခရိုင်ဝန် Mr.Prachuab Arjaraphong က ကယားပြည်နယ်သို့ ဇန်နဝါရီလတွင် ကယားပြည်နယ်နေ့ အထိမ်းအမှတ် လာရောက်ခဲ့စဉ်အချိန်က ကန္တာရဝတီတိုင်း(မ်)သို့ ဖြေကြားခဲ့ဖူးပါသည်။

မယ်စဲ့မြို့ နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ပြီးသည့်အချိန်မှစ၍ ၂၀၁၆-၂၀၁ရ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ဝ.၄၄ရဒေါ်လာသန်း၊ ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်တွင် ဝ.၉၅၉ ဒေါ်လာသန်း၊ ၂၀၁၈ မီနီဘတ်ဂျက်နှစ်တွင် ဝ.၄၃၆ဒေါ်လာသန်း ကောက်ခံရရှိခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဇွန်လအထိ ၁.၂၉၉ ဒေါ်လာသန်း အထိ ကောက်ခံရရှိခဲ့သော ကုန်သွယ်ရေးစခန်းဖြစ်ကြောင်း သိရသည်။

ဒုသမ္မတဦးဆောင်သောအဖွဲ့သည် ကယားပြည်နယ်သို့ ရောက်ရှိလာပြီးဇူလိုင်လ ၁၂ရက်နေ့တွင် မိုးဗြဲရေကာတာအား ကြည့်ရှုစစ်ဆေးခြင်း၊ လွိုင်ကော်မြို့ရှိ ထီးစဲခါး ရေတံခွန်သို့ သွားရောက်ပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖော်ဆောင်နိုင်မည့် အခြေအနေများအား လမ်းညွှန်ခဲ့ခြင်း၊ ဒီမော့ဆိုမြို့ရှိ အထင်ကရနေရာများဖြစ်သော ငွေတောင်ဆည်၊ ပန်ပက်ကျေးရွာသို့ သွားရောက်ခြင်း၊ ဘီလူးချောင်းစက်လှေဆိပ်သို့ ပြန်လည်ရောက်ရှိပြီး ခရီးသွားလုပ်ငန်းအတွက် လှည့်လှည်ကြည့်ရှုစစ်ဆေးခဲ့သည်။

spot_img
spot_img

Recent posts