spot_imgspot_imgspot_imgspot_img
Tuesday, June 24, 2025
spot_imgspot_imgspot_imgspot_img

နာနာတောနှင့်မြေနီကုန်းလမ်းဘေးတွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများ ရှိနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

လွိုင်ကော်မြို့နာနတ်တောနှင့် မြေနီကုန်းကားလမ်းဘေးတွင် အမှိုက်များကို စည်းကမ်းမဲ့ လာရောက် ပစ်ချမှုများရှိနေသည့်အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း အနီးနားရှိ ဒေသခံများက တင်ပြတောင်းဆိုထားကြသည်ဟု သိရသည်။

″ညနေဆို ကြက်မွေးတွေ ထော်လဂျီနဲ့လာပုံတယ် အဲဒါတွေ မီးရှို့ရတာခက်တယ်။ ဆိုးတာက ပုလင်းကွဲမှန်ကွဲ အပုပ်အသိုးတွေပေါ့၊ သံတိုသံစတွေ အရမ်းခက်တယ်။ အဲဒါတွေဘယ်လိုဖြေရှင်းမလဲ၊ ကိုယ့်ဘာသာကို ဖက်ဖိုးနဲ့ကော်လိုက်မယ်ဆိုလည်း ဥပဒေက ကျူးကျော်တယ်လာအုံးမလားမသိဘူး။ ရှင်းရှင်းလင်းလင်းကိုမရှိတော့ မလုပ်ရဲ။″ ဟုဒေသခံဖြစ်တဲ့ ကိုကူးရယ်ကပြောပါသည်။

ကြော်ငြာ

အမှိုက်များကို ရှင်းလင်းရန်အတွက် အုပ်ချုပ်ရေးမှူးထံမှတဆင့် သက်ဆိုင်ရာ မြို့နယ်စည်ပင်ဦးစီးဌာနသို့ ဒေသခံများ စုပေါင်းပြီးလက်မှတ်ရေးထိုး စာတင်ထားသည်ဟုသိရသည်။

ထိုကဲ့သို့ စာတင်ထားသည့်အပေါ်တွင် သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးဌာနမှလည်း ဝန်ထမ်းများနှင့် ကွင်းဆင်းကာ ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ထားကြောင်း မြို့နယ် စည်ပင်မှ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်)မှ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာတွင် ယခုလို ဖြေကြားထားပါသည်။

၎င်းက″မနက်ဖြန်ရှိတယ်။ ခရစ်ယာန်သချိုင်္င်းကာ ၊ ဗုဒ္ဓဘာသာ သချုင်္ီင်းကာ သွားလုပ်ဖို့ရှိတယ်။ သူတို့စာတင်ထားလို့ ဝန်ထမ်းတွေအကုန်လုံး၊ အလုပ်သမားတွေအကုန်လုံးပါပါတယ်။″ဟု ပြောဆိုသွားပါသည်။

မြို့နယ်စည်ပင်သာယာဌာနမှ သိမ်းဆည်းထားသည့်အမှိုက်များကိုမူ လေးမိုင်အမှိုက်ကျင်းဘက် တွင်သာ စွန့်ပစ်ကြောင်းသိရသည်။

spot_img
spot_img

Recent posts