spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

“ နိုင်ငံ့ဂုဏ်ဆောင် ကစားသမားတွေကို အလေးထားပေးပါ ”

Author

Date

Category

ခူးစေရယ်

တရုတ်နိုင်ငံရဲ့ U 16 Boy’s Cricket T20 2019 မှာ အကောင်းဆုံး ကစားသမားဆု ၂ ဆုရခဲ့တဲ့ ခရစ်စတိုဖာ ဟာရင် အားကစားမှာထူးချွန်ပြီးတော့ တိုင်းနှင့်ပြည်နယ်အဆင့်သာမက နိုင်ငံ့လက်ရွေးစင် တစ်ဦးလည်း ဖြစ်ပါတယ်။

ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ တရုတ်နှင့် ဟောင်ကောင်တို့မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက် ယှဉ်ပြိုင်ခဲ့ရသူ ဖြစ်ပါတယ်။

Inaugural Belt and Road China U16 Boy’s Cricket T20 2019, Shandong, China. ပြိုင်ပွဲမှာ အကောင်းဆုံးကစားသမားဆု(၂) ဆုရရှိခဲ့တဲ့ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်မှ မောင်ခရစ်တိုဖာ တွေ့ရစဉ်။ (ဓါတ်ပုံ – San Nyo Nyo facebook)

သူကတော့ ကယားပြည်နယ် ဖရူဆိုမြို့နယ် အထက်တန်းကျောင်းမှာ ဒသမတန်း(ဆယ်တန်း)မှာ ပညာသင်ယူနေပါတယ်။ ခရစ်ကတ်(Cricket)ကိုကစားခဲ့တာ လွန်ခဲ့တဲ့ သတ္တမတန်း(၇)တန်းနှစ်ကတည်းက လို့ဆိုပါတယ်။

သူဝါသာနာတဲ့ အားစကားနည်းဖြစ်လို့ ဆယ်တန်းရောက်တဲ့အခါမှာတော့ နိုင်ငံခြားကိုသွားယှဉ်ပြိုင်ရဖို့ အခွင့်အရေးရလာပါတယ်။

“အားကစားဘက်မှာ သွားရင်တော့ အဆုံးထိ သွားဖို့ရည်မှန်းထားပါတယ်။ တစ်ဝက်တစ်ပျက်တော့ မလုပ်ဘူးပေါ့။ အောင်မြင်တဲ့အထိ ကြိုစားသွားမယ်ပေါ့။ သူများနိုင်ငံသွားတဲ့အခါမှာ အခက်ခဲရှိတာပေါ့။” လို့ ခရစ္စတိုဖာက သူ့ရဲ့ ရည်မှန်းချက်ကို ပြောပြသွားပါတယ်။

ခရစ်ကတ်(Cricket) ကစားချိန်ဆိုရင် အသင်းတစ်သင်းနှင့်တစ်သင်း စည်းလုံးညီညွတ်မှုရှိရင် ဘာအခက်အခဲမှမရှိပဲ ကစားလို့ အရမ်းကောင်းတဲ့ ကစားနည်းလို့ ခရစ္စတိုဖာက ပြောပါတယ်။

Inaugural Belt and Road China U16 Boy’s Cricket T20 2019, Shandong, China. ပြိုင်ပွဲမှာ အကောင်းဆုံးကစားသမားဆု(၂) ဆုရရှိခဲ့တဲ့ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်မှ မောင်ခရစ်တိုဖာ တွေ့ရစဉ်။ (ဓါတ်ပုံ – San Nyo Nyo facebook)

သူက “ပြိုင်ပွဲတွေ ရှိတဲ့အချိန်ဆို ကိုယ်နိုင်ဖို့ကလည်း အရေးကြီးတယ်လေး။ အဲချိန်မှာဆိုရင် ကိုယ့်စိတ်က အရမ်းစိတ်လှုပ်ရှားတယ်ပေါ့။ တစ်ခါတစ်လေတော့ စိတ်ဓာတ်ကျတာတွေ ရှိတယ်။ ကိုယ့်အသင်းက မကောင်းရင် စိတ်ဓာတ်ကျရတယ်။” လို့ ပြောပါတယ်။

ဒီတစ်နှစ်အတွင်း အကောင်းဆုံးဆုအနေနဲ့ တရုတ်နိုင်ငံမှာသွားကစားခဲ့တုန်းက ဆု ၂ဆုအပြင် စင်ကာပူနိုင်ငံမှာ သွားကစားခဲ့တုန်းကလည်း ဆုရခဲ့တယ်လို့ဆိုပါတယ်။

“အကောင်းဆုံး ကစားသမား၊ အကောင်းဆုံးဆုပေါ့။ ဒီလိုရဖို့ မလွယ်ဘူးပေါ့။ ဒီလို ရဖို့လည်း တစ်ခါမှမမျှော်မှန်းထားဘူး။ ကစားတာကောင်းရင် ရတယ်။ ကစားတာ မကောင်းရင်တော့ မရဘူးပေါ့။ ဒါပေမဲ့ ဒီလိုဆုကို ရဖို့က ခက်ခဲတယ်။”လို့ ခရစ္စတိုဖာ က ပြောပြသွားပါတယ်။

အကောင်းဆုံးဆုတွေရယူပြီး နိုင်ငံတကာတွေမှာ သွားကစားတဲ့သူအနေနဲ့ နိုင်ငံတော်က ထောက်ပံ့ငွေတွေ ပေးတာတွေမရှိဘူးလို့ ပြောပါတယ်။

“သူများနိုင်ငံမှာ သွားကစားတဲ့ချိန်မှာတော့ ကိုယ့်စရိတ်ကိုပဲပေါ့။ အမေနဲ့ အစ်ကိုတွေပဲ ထောက်ပံ့ပေးတာပေါ့။ အဆင်ပြေသလိုပဲ သွားလာနေရတာပေါ့။”လို့ ခရစ္စတိုဖာက နိုင်ငံကိုယ်စားပြုအဖြစ် နိုင်ငံရပ်ခြားမှာ ယှဉ်ပြိုင်ကစားခဲ့ရပေမဲ့ နိုင်ငံတော်ရဲ့ အထောက်အပံ့ကို မရရှိကြောင်းကို ဆက်ပြောပါတယ်။

ဒီလိုနိုင်ငံ့လက်ရွေးစင်တစ်ဦးဖြစ်လာပြီး တိုင်းပြည်အတွက် နိုင်ငံအတွက် မြို့နယ်အတွက် မိသားစုအတွက် ဂုဏ်ယူစရာ တစ်ခုဖြစ်အောင် ကြိုးစားဆောင်ရွက်နိုင်ခဲ့လို့ မိသားစုအားလုံးက သူ လိုအပ်တာတွေကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးနေတယ်လို့ ခရစ္စတိုဖာအစ်ကိုဖြစ်သူ ကိုဗျားရယ်က ပြောသွားပါတယ်။

“ဒီကနေ သူသွားမဲ့နေရာ(လွိုင်ကော်) အထိဆိုရင်ကျနော်တို့က ပို့ပေးရတယ်၊ လုပ်ပေးရတယ်။ လွိုင်ကော်ကနေသူ ရန်ကုန် ဆင်းမယ်ဆိုရင် စရိတ်ကတော့ ရထားတယ်ပေါ့။ ဒါပေမဲ့ လမ်းမှာ စားဖို့က နည်းနည်း လုံလောက် အောင်ကျနော်တို့ မိဘတွေ၊ ညီအကိုတွေက ဝိုင်းဝန်းပြီးတော့မှ ကူညီပေးတယ်၊ ပံ့ပိုးပေးတယ်။” လို့ ကိုဗျားရယ်က ပြောပါတယ်။

အခုလို ထူးချွန်အောင်မြင်တဲ့အတွက် မိသားစုတွေက ဝမ်းသာပီတိဖြစ်ကြကြောင်းကိုလည်း အကို ဖြစ်သူက ပြောပါတယ်။

“သူအခုလို သွားကစားတာ သူ ဒီလို ဆုရမယ်လို့ မမျှော်မှန်းထားပါဘူး။ တဖက်မှာလည်း သူ့ပညာရေး ကြိုးစားခဲ့တယ်။ အခုလည်း သူ ဆုတွေ တစ်ခုပြီး တစ်ခု အဲ့လို ရလာတာ သူတစ်နိုင်ငံပြီးတစ်နိုင်ငံသူ သွားနိုင်တယ် သူ့အတွက်အခုလိုမျိုး အောင်မြင်မှုတွေ ရလာတာ ကျနော်တို့အားလုံးပျော်တယ်။”လို့ ကိုဗျားရယ်က ပြောပါတယ်။

အခုလို နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမား ခရစ္စတိုဖာရဲ့ ပညာရေးအခြေအနေနဲ့ပတ်သက်ပြီး ဖရူဆိုမြို့ အထက်တန်းကျောင်းက အထက်တန်းပြ ကျောင်းဆရာ ဦးကိုရယ်က အခုလိုရှင်းပြပါတယ်။

“သူတို့ ကစားတဲ့ ရာသီက ကျောင်းဖွင့်တဲ့ ရာသီဆိုတော့ စာသင်တာနဲ့ တိုက်နေတော့ တော်တော်လေး နောက်ကျတယ်။ အလှမ်းဝေးသွားတယ်။ ကျောင်းစဖွင့်တဲ့ june လမှာ သူသွားကစားတယ် ။ July လကုန် မှ ပြန်လာတယ်။ တစ်လလောက် သူကျောင်းပြန်လာတက်တယ်။ ပြီးတော့ သူပြန်သွားရတယ်။ ပြန်ရောက်တာလည်း မကြာသေးဘူး ။ ပြီးခဲ့တဲ့ အောက်တိုဘာလ ပိတ်ရက်မှ ပြန်ရောက်တော့ သူ စာတော်တော်နောက်ကျသွားတယ်။ သူ့အတွက် တော့ နည်းနည်း ထိခိုက်သွားတာပေါ့။” လို့ ဆရာ ဦးကိုရယ်က ပြောပါတယ်။

ပညာရေးဌာနကလည်း အခုလို အားကစားပိုင်း ထူးချွန်တဲ့ကလေးကို တားဆီးပိတ်ပင်တာမရှိပဲ ၊ ခွင့်ပြုပေးထားတယ်လို့လည်း ဆိုပါတယ်။

ထူးချွန်တဲ့ ကလေးတွေကို သက်ဆိုင်ရာ အစိုးရအဖွဲ့ ကနေပြီးတော့ မြေတောင်မြောက် ပံ့ပိုးပေးပြီး ပြုစုပျိုးထောင် ပေးဖို့လိုတယ်လို့ ဆရာက အကြံပြုသွားပါတယ်။

“သူတို့အတွက် အခက်အခဲတွေတော့ ရှိကောင်းရှိနိုင်တယ်ပေါ့။ သူတို့ကို ဒီထက် မြေတောင်မြောက်ပေးနိုင်မယ်ဆိုရင်တော့ ကျနော်တို့ နိုင်ငံအတွက် ကားစားသမားကောင်းတွေ ရှိလာနိုင်တာပေါ့။” လို့ ဆရာက ဆက်ပြောသွားပါတယ်။

ပညားရေးမှာ အနည်းငယ်နောက်ကျနေပေမယ့်လို့ အားကစားပိုင်းမှာ ထူးချွန်ပြီး ဘဝအတွက် အာမခံချက်တစ်ခုရလာမယ်လို့တော့ ခရစ္စတိုဖာရဲ့မိခင်ကတော့ မျှော်လင့်ထားပါတယ်။

“သူလည်း ကစားသမားကောင်း တစ်ယောက်ဖြစ်လာမယ်ပေါ့။ ပြီးတော့ သူ့ရဲ့ ဘဝ အာမခံချက်ရှိလာမယ်ဆိုရင် ပိုကောင်းတယ်။ မျော်လင့်တာပေါ့နော်။” လို့ ခရစ္စတိုဖာရဲ့ မိခင်ကတော့ သားအပေါ်ထားတဲ့ သူမရဲ့ မျှော်လင့်ချက်ကို ပြောဆိုသွားပါတယ်။

spot_img
spot_img

Recent posts