spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပရဟိတအသင်းအဖွဲ့များ အခြေခံလူတန်းစားများအတွက် အခြေခံစားသောက်ကုန် သွားရောက်လှူဒါန်း

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ပရဟိတလူမှုကူညီရေးအသင်းတွေဖြစ်တဲ့ ဝစ္စကုဋီပရဟိတအသင်းနဲ့ ဖေးကူလက် (လွိုင်ကော်) ပရဟိတအသင်းတို့မှ ပေးအပ်လှူဒါန်းတဲ့ အလှူရှင်များကိုယ်စား လွိုင်ကော်မြို့အတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားများအတွက် အခြေခံစားသောက်ကုန်များကို ဧပြီလ ၂၆ရက်နေ့က အိမ်တိုင်ရာရောက် သွားရောက်လှူဒါန်းခဲ့ပါတယ်။

ဝစ္စကုဋီပရဟိတအသင်းတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုဇော်ထက် “နိုင်ငံတော်အစိုးရကလည်း ကိုဗစ်-၁၉ ကာလပေါ့ အဲ့ချိန်မှာ ဆန်တွေ ဆီတွေဖြန့်ဝေပေးတာရှိတယ်လေ။ အဓိက ထားတာကတော့ အစိုးရအဖွဲ့ပေးတာမရတဲ့အဖွဲ့တွေကို ကျတော်တို့က ဦးစားပေးပြီးပေးမှာ။ နောက်ပြီးတော့ ကျတော်တို့ကိုယ်တိုင်ကလည်း ရပ်ကွက်ထဲမှာလှည့်နေတာဖြစ်တဲ့အတွက် ရပ်ကွက်ထဲမှာ တကယ်အဆင်မပြေတဲ့သူတွေကိုတွေ့ရတယ် အဲဒီအိမ်တွေ အိမ်တိုင်ရာရောက် လိုက်ဖြန့်ပြီးပေးမှာပါ” လို့ ပြောပါတယ်။

အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ဆား၊ အာလူး၊ ကြက်ဥ၊ ကြက်သွန်၊ ခေါက်ဆွဲခြောက် စတာတွေကို သွားရောက်လှူဒါန်းခဲ့ပြီး အိမ်ခြေ ၆၀၀ အတွက် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

မရရှိတဲ့ အိမ်ထောင်မိသားစုတွေအတွက် အလှူရှင်တွေရဲ့ လှူဒါန်းပစ္စည်းတွေနဲ့ ပရဟိတအသင်းတွေက စာရင်းလိုက်လံကောက်ကူပြီး ထပ်မံဖြန့်ဝေပေးနေတာပဲဖြစ်ပါတယ်။

“အခက်အခဲကတော့ လောလောဆယ်အပြင်မထွက်ရတော့ အိမ်မှာပဲနေတော့ စားဝတ်နေရေးက နည်းနည်းအခက်အခဲရှိတာပေါ့” လို့ ထောက်ပံ့ပစ္စည်းလက်ခံရရှိတဲ့ ဦးဇော်ထွေးက ပြောပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ COVID-19 ရောဂါဖြစ်ပွားနေတဲ့အချိန်မှာ ပြည်နယ်အတွင်းမှာရှိကြတဲ့ ပရဟိတအသင်းကလည်း တစ်ဖက်တစ်လှမ်းကနေ ပူးပေါင်းပါဝင်နေသလို Volunteer လုပ်ကိုင်နေကြတာဖြစ်တဲ့အတွက် အခက်အခဲတွေရှိတယ်လို့ ဆိုပါတယ်။

“အခက်အခဲကျတော့ အစုံပါပဲ။ အခုကျတော့ ဘယ်လိုမျိုးလဲဆိုရင် Volunteer တွေကိုလည်း သူများသားသမီးကိုပေါ့ ရက်ရှည်ခေါ်ထားတယ်ဆိုတော့ သူတို့စားရေးသောက်ရေးအကုန်တာဝန်ယူရတယ် သူတို့မိသားစုလည်း နည်းနည်းပါးပါးကြည့်နိုင်အောင်ပေါ့နော ကိုယ်ကကြိုးစားပေးရတယ်ဆိုတော့ အဲဒါလေးကပါပဲ ကိုယ့်ဆီမှာရေရှည်ရှိနိုင်ဖို့ကလည်း ကိုယ်ကလည်း နည်းနည်းပါးပါး ဘားမှမပေးနိုင်ရင်တောင်မှ စားဖို့ တစ်ရက်သုံးနှပ်ကို လုပ်ပေးနိုင်ရတာပေါ့နော” လို့ ဖေးကူလက်(ကယား) ပရဟိတအသင်းမှာ မအိက ဆိုပါတယ်။

ပရဟိတအသင်းတွေအနေနဲ့ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို ထောက်ပံ့ပစ္စည်းများ ထိထိရောက်ရောက်လှူဒါန်းနိုင်ဖို့အတွက် ရပ်ကွက်ထဲ လိုက်လံမေးမြန်းပြီး စာရင်းကောက်ယူခဲ့တာဖြစ်ပါတယ်။

အစိုးရအဖွဲ့ရဲ့ မဟာသင်္ကြန်ရုံးပိတ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေကို အခြေခံစားသောက်ကုန် ၅ မျိုး ထောက်ပံ့ဖို့အတွက် သက်ဆိုင်တဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးစီးပြီး ရပ်ကွက် ကျေးရွာ စာရင်းကောက်ယူထားတယ်လို့ ဆိုပေမယ့် အမှန်တကယ် မရရှိတဲ့သူတွေက အိမ်ထောင်စုစာရင်းမရှိတာကြောင့် မရရှိခဲ့ဘူးလို့ ဆိုပါတယ်။

spot_img
spot_img

Recent posts