spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပအိုဝ်းဒေသရောက် စစ်ရှောင်တွေကို PNLO၊ PNLA ကူညီပေးနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသရောက် ကရင်နီပြည်က စစ်ရှောင်ပြည်သူတွေကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က လိုအပ်တာတွေကို ဇန်နဝါရီလ ၁၁ ရက်နေ့ကစပြီး ကူညီဆောင်ရွက်ပေးနေပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဒေသန္တာရဌာနချုပ်တာဝန်ခံ အာဏာရ က “ကျနော်တို့ကတတ်နိုင်သလောက်ပါပဲ ရောက်လာတော့ တချို့က အိုးပစ်အိမ်ပစ်ရောက်လာကြတယ်ဆိုတာ ကျနော်တို့က လူသားချင်းစာနာထောက်ထားမှုနဲ့ ရှိတာလေးနဲ့ပဲ သွားပြီးတော့ကူညီပံ့ပိုးပေးတာပါ။ ကျနော်တို့မှာတော့ ပစ္စည်းအဆင်သင့်ရှိပြီ တစ်ချို့ကလည်း အပြင်ကအလှူရှင်တွေက သူတို့ကလည်းလှူချင်တော့ စောင့်နေတယ် အဲ့ဒီ ဒေါတခြေား၊ ကျူးတဝီးတို့မှာလည်း အိမ်ထောင်စု (၄၀)လောက်ရောက်လာတယ်လို့သတင်းရတဲ့အတွက်ကြောင့် ပစ္စည်းစုနေတယ် တောင်ကြီးမှာလည်း အပြင်ကသူတွေက လှူချင်တယ်ပြောလို့စောင့်တယ်။ လမ်းပန်းဆက်သွယ်ရေးပိုခက်ခဲတဲ့အခါကျတော့ ပစ္စည်းတွေက စုံစုံလင်လင်ရောက်မှ သွားပြီးကူညီပံ့ပိုးဖို့တော့ရှိတယ်။” လို့ ဒီကနေ့ ဇန်နဝါရီလ ၁၂ရက်နေ့မှာ ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသ PNLO ထိန်းချုပ်ရာနယ်မြေ မောက်မယ်မြို့နယ် ကဒူးကြီးဒေသရှိ စစ်ရှောင် ပြည်သူ၁၂၀ကျော်၊ အိမ်ထောင်စု (၄၀)ကျော်က နီးစပ်ရာဆွေမျိုးတွေဆီမှာ စစ်ဘေးရှောင်လာကြပြီး အခြေခံစားသောက်ကုန်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းတွေကို ကူညီပေးခဲ့တယ်လို့ဆိုပါတယ်။

ဇန်နဝါရီ ၁၁ရက်နေ့ကတော့ ဆီဆိုင်မြို့ နယ်အတွင်း နေရာအသီးသီးကိုရောက်ရှိနေကြတဲ့ စစ်ရှောင်ပြည်သူတွေကို PNLO/PNLAက အခြေခံစားသောက်ကုန်၊ လူသုံးကုန်ပစ္စည်း နဲ့လိုအပ်တာတွေကိုလည်း ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။

“PNLO လက်အောက်ခံအဖွဲ့ ဥပမာ- PHWC(ပအိုဝ်းကျန်းမာရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီ) တို့ဘာတို့ အဲ့လိုမျိုးကျတော့ ဆေးဝါးနဲ့ပတ်သက်တာတော့ ဆီဆိုင်မှာတို့ ဆိုက်ခေါင်မှာတို့ သူတို့ကတော့ လိုက်ပြီးအကူအညီပေးနေတယ် ကျန်တဲ့ဟာတွေလည်း ကျနော်တို့ချိတ်ဆက်ထားတာရှိတယ် တချို့ဟာတွေလည်း ထိုင်းနိုင်ငံက အလုပ်သွားလုပ်တဲ့ ကျနော်တို့ပအိုဝ်းလူမျိုးတွေ ညီအစ်ကိုမောင်နှမတွေ ချိတ်ဆက်လာတာရှိပါတယ် ကျနော်တို့အဲ့လိုမျိုးလှူလိုက်ခါကျတော့ သူတို့ကလည်း အင်တိုက်အားတိုက် ပါဝင်ကူညီဖို့ရှိလာပါတယ်။ ရောက်လာတဲ့အတိုင်း ကျနော်တို့စာရင်းတွေအသေချာလုပ်ပြီးတော့ ဦးဆောင်သူထံ ဆက်လက်အပ်နှံဖို့ ပေးသွားဖို့ရှိပါတယ်။”လို့ ဒေသန္တာရဌာနချုပ်တာဝန်ခံ အာဏာရ ကဆက်ပြောပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နယ်မြေအတွင်း စစ်ရှောင်ပြည်သူ ၂၀၀၀ကျော်ရှိနေပြီး စစ်ရှောင်ထပ်မံလာပါက ဆက်လက်ကူညီပေးသွားဖို့ရှိတယ်လို့ ဆိုပါတယ်။

လွိုင်ကော်မြို့ပေါ်မှာ လေယာဉ်တွေနဲ့ စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်နေတာကြောင့် မြို့ပေါ် ၊ ကျေးရွာက သုံးပုံ နှစ်ပုံက ရှမ်းပြည်နယ်ဖက်ကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

spot_img
spot_img

Recent posts