spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပိန်းချစ်ကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းဝယ်နေသူ ၅ဦးကို ငွေစက္ကူ ၁၆သိန်းနဲ့အတူ ဖမ်းဆီးရမိ

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည် လွိုင်လင်လေးမြို့ ပိန်းချစ်ကျေးရွာမှာ မူယစ်ဆေးဝါး သုံးစွဲ၊ ရောင်းဝယ်နေသူ ၅ဦးကို ငွေစက္ကူ ၁၆သိန်းနဲ့အတူ ဇွန်လ ၆ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ KNDF B-14 က ထုတ်ပြန်ထားပါတယ်။

မူးယစ်ဆေးဝါး ရောင်းဝယ်နေတာကို သတင်းရရှိတဲ့အတွက် သွားဖမ်းတာဖြစ်တယ်လို့ KNDF B-14 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ အဓိကက ရောင်းတဲ့လူကို ပေါ့။ ရောင်းတဲ့လူကို ကျနော်တို့ ပိုဖမ်းတယ်။ သုံးစွဲတဲ့လူကိုကျတော့ ကျနော်တို့ ဖမ်းတော့ ဖမ်းတယ်။ ဒါပေမယ့် ကျနော်တို့ အကြာကြီးတော့ မချမှတ်ထားဘူးပေါ့နော။ ဥပမာ တစ်လလား။ နှစ်လလား။ သုံးလလား။ အဲ့လိုမျိုး အထိလောက်ပဲပေါ့။ ရောင်းဝယ်ဖောက်ကားတဲ့လူခါကျတော့ အပြစ်ကြီးတယ်ပေါ့။ အဓိက ရောင်းဝယ်ဖောက်ကားတဲ့လူတွေကိုပဲ ကျနော်တို့ ပိုပြီးတော့ အပြစ်ဒဏ်ပေးရမှာပေါ့။ ပိုပြီး အပြစ်ပေးတယ်ပေါ့။ “ လို့ KNDF B-14 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

WY မူယစ်ဆေးဝါး ၃၂၄ပြား၊ မူးယစ်ဆေးဝါး ရောင်းဝယ်ပြီး ရရှိထားတဲ့ ငွေစက္ကူ ၁၆သိန်း၊ ဖုန်းသုံးလုံးအပါအဝင် သက်သေခံပစ္စည်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

KNDF B-14 နဲ့ KSP တို့ သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး KSP ထံ ဆက်လက်အပ်နှံခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၁ရက်နေ့မှာလည်း KNDF B-14 နဲ့ KSP တို့ ပူးပေါင်းပြီး ပိန်းချစ်ကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းဝယ်နေသူ ၁၀ဦးကို ဖမ်းဆီးရမိခဲ့ပြီး KSP ထံလွဲပြောင်းပေးခဲ့ပါတယ်။

spot_img
spot_img