ဦးမြာ

ကယားပြည်နယ်တွေ တောင်သူများပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးအသုံးပြုမှုသည် ၆၃ရာခိုင်နှုန်းထိရှိလာသည်ဟု ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂ မှကောက်ခံသောစစ်တမ်းအရသိရသည်။

ထို့ပြင်တောင်သူများသည် လက်တွေ့အရည်အသွေးပြည့်ဝသော ဒေသမျိုးစေ့ကိုအသုံးပြုမှုနည်းလာကာ ဈေးကြီးပြီးပြန်လည်စိုက်ပျိုး၍မရသော ပြည်ပမျိူးစေံကို အသုံးများလာကြသည်။

မျိုးစေ့၊ ဓာတ်မြေဩဇာမှတွဲပါလာသောအကျိူးဆက်တွေဖြစ်ပြီး ပိုးသတ်ဆေးတွေကိုအသုံးပြုကာ ပိုးသတ်ဆေးအသုံးများလာရခြင်းဖြစ်သည်ဟု ကရင်နီပြည်တောင်သူသမဂ္ဂဥက္ကဌ ဦးတူရယ်ကဆိုပါသည်။

“ကျတော်ပြောချင်တာကနိုင်ငံခြားမှလာတဲ့မျိုးစေ့တွေအများကြီးသုံးလာတဲ့အခါကျတော့ ဒီပိုးသတ်ဆေးတွေကလည်းအများကြီးမဖြစ်မနေသုံးရတဲ့အပိုင်းမှာရှိတာပေါ့။”ဟု ဦးတူရယ်ကပြောပါသည်။

မြန်မာနိုင်ငံသည်စိုက်ပျိုးရေးနိုင်ငံဖြစ်သောကြောင့် ကယားပြည်နယ်တွင် အများအားဖြစ် တောင်ယာလုပ်ငန်းကိုအဓိကလုပ်ကိုင်ကြသည်။

ထိုကဲ့သို့အသုံးပြုမှုကြောင့် စားသုံးသူများလည်း အန္တာရာယ်ရှိလာသည်ဟု ဦးတူရယ်က ယခုလို ပြောပါသည်။

“ကျတော်တို့လယ်ထဲမှာပိုးသတ်ဆေးသုံးလိုက်မယ်ဆိုရင် သဘာဝအရဖြစ်လာတဲ့ငါးတွေ၊ ဖားတွေ၊ တောင်သူလယ်သမားတွေကိုအကျိုးပြုတဲ့ အက်ဆစ်ပိုးတွေ အက်ဆစ်အကောင်တွေကသေကုန်တယ် ဒါမျိုးတွေကိုကျတော်တို့ကြုံနေရတယ် ”ဟု ပြောပါသည်။

ထို့ပြင်တောင်သူလယ်သမားအများစုသည် ပိုသတ်ဆေးအသုံးပြု ရာတွေ ဆေးညွန်းသေချာစွာမဖတ်ရှုခြင်း၊ အပြင်းစားပိုးသတ်ဆေးကိုသာရွေးချယ်အသုံးပြုမှုများခြင်းတို့ကြောင့် စားသုံးသူကျန်းမာရေးအတွက်အပြင် ၊ ဆေးဖြန်းသူကျန်းမာရေးကိုပါထိခိုက်စေပါသည်ဟု ဆိုပါသည်။

ဓာတုပိုးသတ်ဆေးအသုံးပြုမှုကြောင့် သီးနှံများအတိုင်းအတာတစ်ခုအထိ ထွက်ရှိသည့်အသီးနှံများအထွက်တိုးသော်လည်း စားသုံးသူ၏ ကျန်းမာရေးအတွက် လုံခြုံမှု အပြည့်အဝမပေးနိုုင်ပါ။

“ကျမတို့ကပိုးသတ်ဆေးမဖြန်းလို့ရှိရင် ကိုယ်ရဲ့သီနှံဟာပျက်စီးကိန်းဘဲရောက်တော့တယ်။ ကိုယ်စိုက်ပျိုးထားတာဘာမှကိုယ်ကပြန်မစားရတော့ဘူးပေါ့။”ဟု ဒေသခံတောင်သူလယ်သမားတစ်ဦးက ပိုးသတ်ဆေးမဖြစ်မနေသုံးရသည့်အကြောင်းပြောကြားထားပါသည်။

ပိုးသတ်ဆေးအန္တရာယ်သည်ကြီးမားပြီး အဓိကကျန်းမာရေးကိုထိခိုက်စေသည်။ ပိုးသတ်ဆေးကိုစနစ်တကျမဖြန်းလျှင်သို့မဟုတ် လိုတာထက်ပိုဖြန်းလျှင် အန္တရာယ်ရှိပြီး ပိုးသတ်ဆေး၏အဆိပ်သည်ခန္ဓာကိုယ်ထဲဝင်ပြီး လူကိုချက်ချင်းလက်ငင်းအန္တရာယ်ပေးနိုင်သလို ကာလကြာရှည်စွာ လူ၏ကိုယ်ထဲ တဖြည်းဖြည်းလာစုပြီး ကျန်းမာရေးကိုအန္တရာယ်ကြီးပေးနိုင်သည်ဟု Foof to Right စားနပ်ရိက္ခာ ရပိုင်ခွင့်ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် HilalElver က ပိုးသတ်ဆေးနှင့်ပတ်သက်ပြီး ၂၀၁၈ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့ပါသည်။

Comments

comments