spot_img
Tuesday, May 30, 2023
spot_imgspot_imgspot_imgspot_img

ပူဖားတိုက်ပွဲမှာ DMO-PDFတပ်ရင်း D မှ တပ်စုမှူး ရဲဘော် တွတ်ကီကျဆုံးခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ကြောင်း ပြန်ထိုးလာတဲ့ စစ်ကောင်စီတပ် နဲ့ ဒီးမော့ဆိုမြို့ ပူဖားကျေးရွာမှာ တိုက်ပွဲဖြစ်ခဲ့ပြီး ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ( DMO_PDF ) တပ်ရင်း Dမှ တပ်စုမှူး ရဲဘော် တွတ်ကီ ဒီဇင်ဘာလ ၇ ရက်နေ့ မှာ ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

“ သူပစ်နေတဲ့အချိန်မှာ ကျည်က ကျည်အ ဖြစ်နေတဲ့အတွက် ကျည်က မကွဲတော့ အဲဒီမှာ အဲဒီစစ်ကောင်စီဘက်က လက်နက်ငယ်နဲ့ ပြန်ပစ်တော့ သူ့ရဲ့ ရင်အုပ်ပေါ် လည်ပင်းကြားမှာ ထိသွားတယ်ပေါ့။“ လို့ DMO PDFသတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

တပ်စုမှူး ရဲဘော် တွတ်ကီ ဟာ အလယ်ပိုင်းတိုင်း အမှတ် (၁၁၀၆) တပ်ရင်း DMO PDF ရဲဘော်တစ်ဦး ဖြစ်ပါတယ်။ သူကတော့ ဒီးမော့ဆိုမြို့နယ် ငူးပလော့ ကျေးရွာကဖြစ်ပြီး အသက် ၂၀ ရှိပြီဖြစ်ပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော် တွတ်ကီကို ဒီဇင်ဘာလ ၉ရက်နေ့ နံနက် ၉နာရီ အချိန် သဂြိုလ် ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်ဟာ ကုန်းသာကျေးရွာမှာ တပ်စွဲထားတဲ့ နေရာကို စွန့်ခွာသွားခဲ့ပြီး ဒီဇင်ဘာလ ၃ရက်နေ့မှာ အင်အား၁၀၀ကျော်ရှိတဲ့ စစ်ကြောင်းသုံးကြောင်းနဲ့ ပြန်လည်ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့အတောအတွင်း စစ်ကောင်စီဘက်က တိုက်လေယာဉ်နှစ်စင်းအပြင် လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ သေးဆူလဲ-နန်းမယ်ခုံကျေးရွာတစ်ကြောမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးမှုတွေလည်းရှိသလို ကရင်နီဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ကျဆုံးမှုတွေလည်းရှိနေပါတယ်။

Recent posts