spot_img
Wednesday, August 17, 2022
spot_img

ပြည်သူလူထုအပေါ် ဥပဒေမဲ့ အကြမ်းဖက်ရာဇဝတ်မှုကို ကျူးလွန်တဲ့ စစ်ကောင်စီကို ကလလတ ပြင်းပြင်းထန်ထန်ကန့်ကွက်

spot_imgspot_imgspot_imgspot_img

ကန္တာရဝတီတိုင်း(မ်)

စစ်တပ်က ပြည်သူလူထုအပေါ် ဥပဒေမဲ့အကြမ်းဖက်ရာဇဝတ်မှုကို ကျူးလွန်တဲ့အတွက် ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) အနေနဲ ပြင်းပြင်းထန်ထန်ကန့်ကွတ်ရှုံချတဲ့ သဘောထားကြေညာချက်ကို ဒီနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ယမန်နေ့က ကရင်နီပြည် ဖရူဆိုမြို့ မိုဆိုကျေးရွာအနီးမှာ ဒေသခံပြည်သူ (၃၅)ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်ခဲ့တဲ့အပြင် သွားညှိနှိုင်းခဲ့တဲ့  နယ်ခြားစောင့်တပ် ၄ဦးကိုလည်း စစ်ကောင်စီက ပစ်သတ်ခဲ့ပါတယ်။

မီးရှို့ခံရတဲ့ထဲ ကလေးနဲ့အမျိုးသမီးလည်းပါဝင်ပြီး ဓတ်ဆီလောင်းကာ အရှင်လတ်လတ် လူမဆန်စွာ မီးရှို့သတ်ဖြတ်ခဲ့တဲ့အတွက် စစ်ရာဇဝတ်မှုမြောက်တဲ့ အကြမ်းဖက်မှုကို ကျူးလွန်တယ်လို့ ရေးသားထားပါတယ်။

ကလလတအဖွဲ့အစည်းဟာ ၁၉၉၄ခုနှစ် မေလ ၉ရက်နေ့မှာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ ငြိမ်းချမ်းရေးရယူခဲ့ပါတယ်။

၂၀၀၉ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ တပ်မတော်အကြီးအကဲရဲ့ညှိနှိုငးမှုကို ကလလတအနေနဲ့ နယ်စပ်ဒေသ နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ပြည်သူလူထုဘဝ လုံခြုံရေးကိုရှေးရှုကာ နယ်ခြားစောင့်တပ်အဖြစ် လက်ခံဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ဒီးမော့ဆို အရှေ့ဘက်ခြမ်းက ကျေးရွာတစ်ရွာမှာ ရိုးရာ အဲ့ဒိုပေါ်မှီ ( ခေါ် ) ဒီးကူပွဲ အကျဉ်းချုပ်ပြုလုပ်

ကန္တာရဝတီတိုင်း( မ် )ကရင်နီပြည် ဒီးမော့ဆိုမြို့ နယ် အရှေ့ဘက်ခြမ်းက ကျေးရွာတစ်ရွာမှာ ကယားရိုးရာအဲ့ဒိုပေါ်မှီ ( ခေါ် ) ဒီးကူပွဲ ကို ၁၄ရက်၊ ၁၅ရက်နဲ့ ၁၆ရက်နေ့တွေမှာ အကျဉ်းချုပ်ပြုလုပ်ကျင်းပခဲ့တယ်လို့ သိရပါတယ်။နိုင်ငံရေးအခြေအနေကြောင့် အခုလို အကျဉ်းချုပ်ပြုလုပ်ခဲ့ရတာဖြစ်ပြီး ရိုးရာဓလေ့ကို ဆက်လက်ထိန်းသိမ်းချင်တဲ့အတွက် မဖြစ်မနေကျင်းပရတာဖြစ်တယ်လို့ ဒေသခံ...

ရှားတောမြို့နယ်ရှိစစ်ကောင်စီရဲ့ အန္တာရာယ်ကွေ့တပ်စခန်းကို KA ၊ KNDF တို့ ပြောက်ကျားတိုက်ခိုက်

ကန္တာရဝတီတိုင်း( မ် )ကရင်နီပြည် ရှားတောမြို့နယ်ရှိ စစ်ကောင်စီရဲ့ အန္တာရာယ်ကွေ့တပ်စခန်းကို KA၊ KNDF B-17 တို့က ပြောက်ကျားသွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၂ဦးပြင်းထန် ဒဏ်ရာ ရရှိခဲ့တယ်လို့ KNDF B-17 က ဩဂုတ်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။“သူတို့က တပ်စခန်းဆုတ်လာတဲ့အချိန်မှာပဲ လမ်းမှာတိုက်ပွဲဖြစ်တယ်။...

စက်သုံးဆီရောင်းချနေတဲ့ ဆီဆိုင်အချို့ ပြတ်လပ်၊ အကန့်အသတ်ဖြင့်သာ ရောင်းချနေရ

ကန္တာရဝတီတိုင်း(မ်) စက်သုံးဆီဈေးမြှင့်တက်မှုကြောင့် လွိုင်ကော်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့မှာ ဩဂုတ်လ ၁၄ရက်နေ့ကစပြီး စက်သုံးဆီကို အကန့်သတ်ဖြင့်သာ ရောင်းချနေရပြီး ပုံးတွေနဲ့ ဝယ်ယူလို့မရတော့ဘူးလို့ လွိုင်ကော်မြို့ခံဆီကနေ သိရပါတယ်။ စက်သုံးဆီဈေးနှုန်းမတည်ငြိမ်တဲ့အပြင် ဆီဘောင်စာကားလည်း မရောက်ရှိသေးတာကြောင့် အကန့်အသတ်ဖြင့်သာ ဝယ်ယူနေရပြီး ဓာတ်ဆီဆိုင်မှာ ကားတစ်စီးကို နှစ်သောင်းကျပ်နှုန်းနဲ့ပဲ တစ်စီးချင်းစီရောင်းချပေးနေတယ်လို့သိရပါတယ်။ “ ဆိုင်ကယ်တို့ ကားတို့ ထည့်လို့ရတယ်၊ ဓာတ်ဆီက...

စစ်ကောင်စီဖမ်းဆီးသွားတဲ့ သက်ကြီးပိုင်း ဒေသခံ၄ဦး ပြန်လည်လွတ်မြောက်

ကန္တာရဝတီတိုင်း(မ်) ကရင်နီပြည် ဖရူဆိုမြို့ ခိုးစားမောကျေးရွာမှ ဒေသခံ လေးဦးကို  ဩဂုတ်လ ၁၃ရက်နေ့ မနက်စောပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီးနောက် ဒီကနေ့ ဩဂုတ်လ ၁၄ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဩဂုတ်လ ၁၃ရက်နေ့ မနက်အစောပိုင်း ၅နာရီအချိန်မှာ ကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေက အသက် ၅၅နှစ်မှ...