spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ပြည်သူလူထုအိုးအိမ် လုံခြုံဖို့အတွက် ပန်ကန်းဂိတ်ဟောင်းကို KNDF B-09 က ညချိန်ပိတ်ထား

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီးမော့ဆိုမြို့နယ်၊ စံပြ၆မိုင်ကျေးရွာမှာ ပြည်သူလူထုအိုးအိမ်ကို ဖျက်စီးတဲ့ သူတွေရှိနေတဲ့အတွက် ပြည်သူလူထုအိုးအိမ် လုံခြုံဖို့ ပန်ကန်းဂိတ်ဟောင်းလမ်းမကြီး တစ်လျှောက်ကို KNDF BO9 က ယာယီပိတ်ထားလိုက်တယ်လို့ KNDF – BO9က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

” စစ်ကောင်စီအာဏာမသိမ်းခင်က လွှတ်လပ်လပ်သွားချင်တာပေါ့နော။ ဒါပေမယ့် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်းမှာ အခွင့်အရေးသမားတွေ အများကြီးယူထားတာတွေ့ရတယ်။ အဲ့တာ သူခိုးတွေဘာတွေ ကျနော်တို့ ကျေးရွာမှာ အိမ် လာဖောက်တယ်။ မကောင်းဘူး။ သိမ်းထားတဲ့ ပစ္စည်းတွေ သယ်သွားတာအများကြီးရှိတယ်။ အဲ့တာလည်း ပြည်သူလူထုတွေအတွက် လုံခြုံမှုမရှိလို့ ပိတ်ထားရတာဖြစ်တယ်။ ” လို့ တာဝန်ရှိသူက ပြောပါတယ်။

အောက်တိုဘာလ ၁၅ရက်နေ့ကစပြီး ညနေ၆နာရီကနေ မနက်၆နာရီအထိ သွားလာခွင့်ကို ပိတ်ထားမှာဖြစ်ပြီး အရေးပေါ်သွားလာဖို့ လိုအပ်ပါက KNDF B-09က တာဝန်ရှိသူတွေကို ဆက်သွယ်အကြောင်းကြားဖို့ သူကဆက်ပြောပါတယ်။

” ရိက္ခာကားပဲဖြစ်ဖြစ် လူထုကားပဲဖြစ်ဖြစ်ပေါ့ ကျနော်တို့ အရေးပေါ်တစ်စုံတစ်ရာရှိမယ်ဆိုရင် ကျနော်တို့ KNDF နဲ့ဆက်သွယ်ပြီးတော့ သတင်းအရကျနော်တို့ စစ်ကောင်စီရှိလား မရှိလား ဖမ်းနိုင်တဲ့ အခြေအနေရှိလားမရှိလား။ ကျနော်တို့ အကုန်လုံးထောက်ပေးတယ်။ ဒါပေမယ့် အကြောင်းမကြားပဲလာလို့ ရှိရင် တစ်ခါတလေ ကျနော်တို့ တားတာမရတာနဲ့ ပစ်မိမှာစိုးလို့လေ အဲ့ဟာပေါ့။ “

သွားလာခွင့်ပိတ်ထားချိန်မှာလည်း လူထုတွေရဲ့ နေအိမ်တွေကို ဝင်ရောက်တာတွေ တွေ့ရှိရပေမယ့် ပြန်လွှတ်ပေးခဲ့တာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ပြည်သူလူထုတွေအနေနဲ့လည်း မလိုအပ်ပဲ အပြင်တွေမထွက်ဖို့လည်း သူကဆက်ပြောထားပါတယ်။

စံပြ၆မိုင်မှာ KNDF၊ KA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေတာရှိခဲ့ပြီး စစ်ကောင်စီက ဒေသခံတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်စီးတာတွေလည်း ရှိနေပါတယ်။

spot_img
spot_img

Recent posts