spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့နယ်၊ ဆိုင်ခွန် (ရှမ်း) ကျေးရွာကို စစ်ကောင်စီ လေယာဉ်ဗုံးကြဲ၊ ပြည်သူ ၈ဦး ဒဏ်ရာရ

ကန္တာရဝတီတိုင်း(မ်)

ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း၊ ဆိုင်ခွန်း (ရှမ်း) ကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ၈ ဦးဒဏ်ရာရရှိပြီး ထိခိုက်ဒဏ်ရာရှိသူတွေထဲမှာ ကလေးငယ်တွေ ပါဝင်တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ ထံကနေ သိရပါတယ်။

ယမန်နေ့ (ဧပြီလ ၂ရက်နေ့) ည ၉နာရီခွဲ အချိန်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ၆ ကြိမ် ဗုံးကြဲခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရှိသူတွေထဲက ၂ဦးမှာ စိုးရိမ်ရတယ်လို့ ဆိုထားပါတယ်။ ဗုံးကြဲမှုကြောင့် ဒေသခံတွေရဲ့ နေအိမ် ၁၂ လုံးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအခြေအနေထိ ထိခိုက်ဒဏ်ရာရှိသူတွေဟာ မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးဘူးလို့ ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့ ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“၁နှစ်သား တစ်ယောက်ရယ်၊ ၄၂ နှစ် အရွယ်တစ်ယောက်ရယ် စိုးရိမ်ရတဲ့ဒဏ်ရာရတယ်။မိန်းကလေးလာ ယောကျာ်းလားတော့ မသိသေးဘူးဗျာ။ ” လို့ ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဖယ်ခုံမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက နယ်မြေစိုးမိုးမှုတွေ ပိုမိုရရှိလာတာကြောင့် စစ်ကောင်စီက အဆိုပါ နယ်မြေတွေမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြောင်းမဲ့ လေယာဉ်ဗုံးကြဲတာတွေ၊ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာတွေကို ပြုလုပ်နေတယ်လို့လည်း သူက ဖြည့်စွက်ပြောပါတယ်။

spot_img
spot_img