spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့မှာ ပျောက်ဆုံးနေတဲ့ စစ်သား ၄ ယောက် သေဆုံးနေတာကို ပြန်တွေ့

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

မတ် ၁၉ ရက်နေ့က ပျောက်ဆုံးသွားတဲ့ တပ်မတော်သား အရာရှိ ၂ ဦးနဲ့ စစ်သား ၂ ဦးကို မတ်လ၁၉ရက်နေ့မှာ သေဆုံးလျက်ပြန်လည်တွေ့ရတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကနေ ဖော်ပြထား တာပါ။

အုပ်ချုပ် လုပ်ငန်းတွေ ဆောင်ရွက်ဖို့ မတ်လ၁၅ရက်မှာ ဖယ်ခုံမြို့ နယ်မြေခံ တပ်ဌာနချုပ်ကို သွားတာဖြစ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ၊ ဖလိုင်းတောင်ခြေကျေးရွာအနီးမှာ အဆက်အသွယ်ပြတ်တောက်သွားတာလို့ဆိုပါတယ်။

အဲ့ဒါကြောင့် မတ် ၁၆ မှာ နယ်မြေတပ် လုံခြုံရေးအဖွဲ့တွေဟာ ဖလိုင်တောင်ခြေကျေးရွာကို ရောက်ရှိလာပြီး ပျောက်ဆုံး စစ်သား ၄ ယောက်နဲ့ ပတ်သက်လို့ ရှာဖွေတာ စစ်ဆေးတာတွေ နည်းလမ်းမျိုးစုံပြုလုပ်ခဲ့တယ်လို့ ဆိုထားပါတယ်။

ကျေးရွာသားတွေကို ဖမ်းဆီးစစ်ဆေးတာတွေပြုလုပ်ခဲ့ပြီး မတ်လ၁၉ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။


မတ်လ၁၉ရက်နေ့ နေ့လည်မှာ မီးလောင်နေတဲ့ စစ်ကားတွေကိုတွေ့ခဲ့ပြီး နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် အ၀ ၅ ပေခန့်၊ အနက် ၄၀ ပေခန့်ရှိ ကျင်း ၁ ကျင်းအတွင်း လက်ပြန်ကြိုးတုပ်ထားပြီး သေဆုံးနေတဲ့ အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

သေဆုံးမှုနဲ့ ပတ်သက်ပြီး မတ်လ၂၀ရက်နေ့မှာ သံသယရှိသူ ကျေးရွာသား ၄ ဦးကို ဥပဒေအရ အရေးယူဖို့ ဆောင်ရွက်လျက်ရှိတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

spot_img
spot_img

Recent posts