spot_imgspot_imgspot_imgspot_img
Saturday, July 27, 2024
spot_imgspot_imgspot_imgspot_img

ဖရူဆိုမြို့နယ်အနောက်ဖက်ခြမ်း စစ်ရှောင်စခန်းတွေမှာ ဆေးဝါးများ အရေးပေါ်လိုအပ်


လေးမြာ/ကန္တာရဝတီတိုင်း(မ်)


ဖရူဆိုမြို့နယ် ၊ အနောက်ဖက်ခြမ်းရှိ စစ်ရှောင်ပြည်သူတွေဟာ နှာစေး၊ ချောင်းဆိုး၊ ဝမ်းပျက်ဝမ်းလျော၊ ယားယံတွေ ဖြစ်နေကြပြီး အရေးပေါ်ဆေးဝါးများ လိုအပ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။


“အခုလည်း ဆရာမရှိရဲ့သားနဲ့ အဲဆရာမလည်း သူ့ခမျာ ဆေးမရှိဘူး။ နောက် ကျတော်တို့ ဆေးလိုချင်ရင် သူ့ကိုတောင်းတော့ ဆေးမရှိတော့ အခြားဆရာမဆီသွားရင်လည်း အခက်အခဲရှိတယ်” လို့ သူက ဆက်ပြောပါတယ်။


ဖရူဆိုနောက်ဖက်ခြမ်း စစ်ရှောင်နေရတဲ့ မိုဆိုတိုက်နယ်အတွင်းမှာ ကျေးရွာတော်တော်များများဟာ စစ်ရှောင်တဲ့ အချိန်ကစပြီး လက်ရှိချိန်ထိ လိုအပ်တဲ့ ဆေးဝါးအကူအညီတွေ တခါမှ မရဖူးဘူးလို့ ဆိုပါတယ်။


“ ကျတော်တို့ဆီမှာရှိတဲ့ဆရာမက သူခမျာ အရင်တုန်းက ကိုဗစ်ကာလမှာ စစ်မရှောင်ခင်တုန်းက သူများလာ ပေးတဲ့ဆေး တခါပဲရဖူးတယ်။ နောက် စစ်ရှောင်လာတော့ ရဲဘော်တွေ ဒဏ်ရာရတာနဲ့ ကျောက်ပတ်တီးတွေဆို အကုန်လုံး ကုန်ပြီ ဆေးဆိုလည်း သူဝယ်ထားတဲ့ သူ့မိသားစုအတွက်ပဲ နဲနဲပါးပါးကျန်တယ် နောက် သူများလာတောင်းတော့ သူအကုန်လုံးပေးလိုက်တယ်လေ။ပိုက်ဆံလည်း သူမယူပါဘူး” လို့ ဒေသခံတစ်ဉီးက ပြောပါတယ်။


အဆိုပါ မိုဆိုတိုက်နယ်အတွင်းမှာရှိတဲ့ စစ်ရှောင်ပြည်သူတွေဟာ နှာစေး၊ချောင်းဆိုး၊ဝမ်းပျက်ဝမ်းလျော၊ ယားယံတာဖြစ်တာတွေဟာ ကလေးတွေမှာ ပိုများပြီး သက်ကြီးပိုင်းတွေမှာတော့ နှာတာရှည်ရောဂါများ ဖြစ်တဲ့ သွေးတိုး၊ခါးနာ တာတွေ အဖြစ်များတယ်လို့ ဆိုပါတယ်။

နာတာရှည်ရောဂါဖြစ်ပြီး ဆေးကို ရေရည်သောက်သုံး နေရသူတွေတစ်ချို့ဟာ ပီကင်း၊ မိုးဗြဲအထိ ဆေးသွားဝယ်ယူနေရတယ်လို့ သိရှိရပါတယ်။

ဖရူဆိုမြို့နယ်မှာ စစ်ဘေးရှောင် ဦးရေ ၄၀၀၀ ကျော်ရှိနေပြီး တပြည်နယ်လုံးအတိုင်းအတာအရ စစ်ဘေးရှောင် ၂သိန်းကျော် ရှိနေတယ်လို့  ကရင်နီ လူမှုအသင်းအဖွဲ့များကွန်ယက် KCSN ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

spot_img
spot_img