spot_img
Friday, December 9, 2022
spot_img

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင် စခန်းတစ်ခုက ကလေးငယ်တွေကို  ဓာတ်မြင့်တင်ရေးလုပ်ဆောင်

spot_imgspot_imgspot_imgspot_img

CJ (ကန္တာရဝတီတိုင်း(မ်))

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ဘေးရှောင် အမှတ် ၃ (A) စခန်းက ကလေးငယ်တွေကိုကို ပရဟိတအသင်းတစ်ခုက စိတ်ဓာတ်မြင့်တင်ပေးခြင်း တွေကို စက်တင်ဘာလ ၁၆ ရက်နေ့မှာ လုပ်ဆောင်ပေး ခဲ့ပါတယ်။

“ကျနော်တို့ အနောက်ဘက်ခြမ်းက စစ်ရှောင်တွေအားလုံးကို စိတ်မပျက်သွားအောင် သူတို့ စိတ်ဓါတ်မကျသွားအောင် စိတ်ဓါတ်မြင့်တင်ရေးအပိုင်းအနေနဲ့ ၁၈ နှစ်အောက် အခုစာသင်တဲ့ ကလေးတွေအားလုံးကို ဂိမ်းကစားပေးတာတို့ သူတို့ စိတ်ဓါတ်မကျအောင် ကျနော်တို့ ပြောပေးတာတို့ လုပ်ပေးတာပါဗျ။” လို့ အားမာန်သစ် ပရဟိတအသင်း ဦးဆောင်သူ ကိုဟင်နာရီ ကပြောပါတယ်။


စစ်ဘေးရှောင် ကလေးငယ်တွေ အတွက် ​ပညာရေး အသိမြင်ဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ၊ နဲ့ ညဏ်ရည်ထက်မြက်ရေး အတွက် ဂိမ်းကစားနည်း အပြင် အကများကို ကပြပေးခဲ့ပါတယ်။

ဒါအပြင် စင်ကာပူနိုင်ငံရောက် အမည်မဖော်လိုသူ အလှူရှင်တစ်ဦးကလည်း  စက်တင်ဘာလ ၁၆ ရက်နေ့မှာ ကြက်သား အာလူး ထမင်းတနပ် လှူဒါန်းပေးခဲ့ပါတယ်။


“ကလေးတွေကို အခုလို လာရောက်လှူပေးတာ ကျေးဇူးတင်တယ်၊ စီးပွားရေး တိုးတက်ပါစေ၊ ပြီးတော့ စိတ်ကောင်းနှလုံးကောင်းရှိပါစေ၊ အခြားအလှူရှင်လည်း ဖိတ်ခေါ်ပါတယ်။ ဒီမှာတော့ အများကြီးလိုအပ်တယ်။ အစစရာရာပေါ့၊ အခုလို လူဦးရေ ၈၀၀ အတွက် ထမင်းကြက်သား အာလူး လှူဒါန်းပေးတာ ကျေးဇူးတင်ပါတယ်။”   လို့ ဒေသခံ ဘုန်းတော်ကြီး တစ်ပါးက ပြောပါတယ်။

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက အသက် ၅နှစ်အောက် စစ်ရှောင်ကလေးငယ်တွေမှာ အဟာရချို့တဲ့ တဲ့ လက္ခာဏာတွေတွေ့နေရတာကြောင့် ယခုလို လာရောက်လှူဒါန်းပေးတဲ့အပေါ် အမှတ် ၃ (A) စစ်ဘေးရှောင်စခန်း အတွက် ကောင်းမွန်ကြောင်း စစ်ရှောင်တစ်ဦးကလည်း ဆိုပါတယ်။

ဖရူဆိုမြို့နယ် စစ်ဘေးရှောင် ဦးရေ ၆၀၀၀ ကျော်ရှိပြီး အဆိုပါ အမှတ် ၃ (A) စစ်ဘေးရှောင်စခန်း လူဦးရေ ၈၀၀ ကျော်ရှိနေပါတယ်။

spot_imgspot_imgspot_imgspot_img

More from the blog

ဆီးသူးတော်စစ်ဘေးဒုက္ခသည်စခန်းမှာ အရေးပေါ်ရိက္ခာတွေကို အသုံးပြုနေရပြီး မကြာခင် ရိက္ခာပြတ်လပ်လာနိုင်

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက ဆီးသူးတော်စစ်ဘေးဒုက္ခသည်စခန်းမှာ အလှူရှင်မရောက်တာ သုံးလကျော်ပြီဖြစ်တဲ့အတွက် အရေးပေါ်ရိက္ခာတွေကို အသုံးပြုနေရပြီး မကြာခင် ရိက္ခာပြတ်လပ်လာနိုင်တယ်လို့ စစ်ရှောင်စခန်းကော်မတီတစ်ဦးက ပြောပါတယ်။ လူဦးရေ ၁၀၀၀ကျော်နဲ့ အိမ်ခြေ ၁၆၀ ကျော်ရှိတဲ့ အဲဒီစစ်ဘေးဒုက္ခသည်စခန်းမှာ ၆ အိမ်လောက်က စားဝတ်နေရေး ခက်ခဲတဲ့အတွက် စစ်ဘေးဒုက္ခသည်စခန်းမှာ...

KNDF တပ်ရင်း ၄က ရဲဘော် ဂျေရုမ်း မိုင်းနင်းမိရင်း ကျဆုံး

ကန္တာရဝတီတိုင်း(မ်) ဖရူဆိုမြို့တွင်းတစ်နေရာမှာ နယ်မြေရှင်းလင်းရေးပြုလုပ်ရင်း စစ်ကောင်စီထောင်ထားတဲ့ မိုင်းနင်းမိတဲ့အတွက် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ( KNDF ) တပ်ရင်း ၄မှ ရဲဘော် ဂျေရုမ်းဟာ ဒီဇင်ဘာလ ၄ရက်နေ့က ကျဆုံးသွားခဲ့ရပါတယ်။ ရဲဘော် ဂျေရုမ်းဟာ တပ်ရင်း(၄) တည်ထောင်တဲ့အတောအတွင်း ပထမဆုံး ကျဆုံးသွားတဲ့ ရဲဘော်ဖြစ်တယ်လို့ KNDF တပ်ရင်း...

ဒီးမော့ဆိုအနောက်ခြမ်း စစ်ရှောင်စာသင်ကျောင်းတစ်ခုရဲ့ ကျောင်းဆင်းပွဲ

ကန္တာရဝတီတိုင်း(မ်) ဒီဇင်ဘာလ ၅ရက်နေ့က ဒီးမော့ဆိုအနောက်ဘက်ခြမ်း စစ်ရှောင်ကျောင်းတစ်ကျောင်းမှာ ကျောင်းဆင်းပွဲအခမ်းအနားပြုလုပ်ခဲ့ပါတယ်။ အဲဒီအခမ်းအနားကို ကျောင်းသူ၊ကျောင်းသားတွေ ၊ ကျောင်းသားမိဘတွေနဲ့ ကျောင်သားသမဂ္ဂအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ပါတယ်။ အခုလိုကျောင်းဆင်းပွဲ အခမ်းအနားကျင်းပ‌ခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်တဲ့အကြောင်းကို ဆရာမတစ်ဦးက အခုလိုပြောပါတယ်။ "ကျောင်းဆင်းပွဲဆိုကျွန်မ လုံးဝမမျှော်လင့်ဘူး။ အရင်နှစ်ကျမတို့လုပ်တာမိဘ( ၁၀ )ယောက်တောင်မလာဖူးပါဘူး။ ဒီတစ်နှစ်ကျတော့ ကျမဘယ်လိုမှ ပြောမပြနိုင်တဲ့ပီတိကို ကျမခံစားရပါတယ်။ မိဘတွေအများကြီးတက်ရောက်လာတယ်...

လွိုင်ကော် ၅ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက် တပ်ခွဲမှူးတစ်ဦးအပါအဝင် ၅ဦးသေဆုံး

ကန္တာရဝတီတိုင်း( မ် ) ကရင်နီပြည် လွိုင်ကော်မြို့ နယ်၊ ပါလောင်းကျေးရွာ နဲ့ ကျေးရွာဝန်းကျင်တွေမှာ နိုဝင်ဘာလ ၂၄ရက်နေ့မှ ၂၉ ရက်နေ့အတွင်း ၅ရက် တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်မ ၆၆ လက်အောက်ခံ ခမရ ၁၀၈ တပ်ရင်း တပ်ခွဲမှူးတစ်ဦးအပါအဝင် ၅ဦး သေဆုံးခဲ့တယ်လို့...